Thursday, December 22, 2016

USB Type-C အကြောင်း

==================

အခုနောက်ပိုင်းထုတ် Android ဖုန်းတွေထည့်သွင်းအသုံးပြုလာတဲ့ USB နည်းပညာအသစ်လေးက USB Type-C နည်းပညာပါ။ ဖုန်းအားသွင်းဖို့နဲ့ Data တွေကို Transfer လုပ်ဖို့အတွက် USB နည်းပညာဟာ မရှိမဖြစ်လိုအပ်သလို နောက်ပိုင်းထွက်ရှိလာတဲ့ Type-C နည်းပညာဟာ ပိုမိုလျှင်မြန်ကောင်းမွန်စွာ အလုပ်လုပ်လာနိုင်စေပါတယ်။
 

Android ဖုန်းအများစုမှ ယခင်အသုံးပြုနေတာက Micro-USB 2.0 ဖြစ်ပြီး ဗို့အားအနေနဲ့ 5V/2A ကိုလက်ခံနိုင်ပြီး Data Transfer နှုန်းက တစ်စက္ကန့်ကို 480 Mbit နှုန်းနဲ့ ပို့ဆောင်နိုင်ပါတယ်။
USB 3.1 Type-C အမျိုးအစားမှာတော့ 20V/5A အားအထိလက်ခံလာနိုင်ပြီး တစက္ကန့်ကို 10Gbit နှုန်းအထက်ထိ ပိုပြီးမြန်ဆန်လာခဲ့ပါတယ်။

USB Type-A နဲ့ Type-B မှာတုန်းက Pin လေးခုပဲပါဝင်ပြီး ယခု Type-C မှာတော့ Pin 24 ခုပါဝင်လာတဲ့အတွက် အားသွင်းတာမြန်ဆန်လာပြီး Data ပို့နှုန်း ပိုမိုကောင်းမွန်လာတာဖြစ်ပါတယ်။
Type-C မှာနောက်ထပ်အားသာချက်တစ်ခုက ကြိုးကိုပြောင်းပြန်လှန်ထိုးလို့ရတာပါ။ ထိပ်ခေါင်းလေးကို အတည့်ဖြစ်ဖြစ် ပြောင်းပြန်ဖြစ်ဖြစ်လှန်ထိုးရင်တောင် နှစ်ဖက်လုံးက Pin တွေဟာ အတူတူဖြစ်တဲ့အတွက် အဆင်ပြေစေပါတယ်။
 

နောက်ပိုင်းမှာ HD (High-Definition) Data တွေနဲ့ Type-C တွေကိုအလွယ်တကူချိတ်ဆက်နိုင်တော့မှာဖြစ်ပါတယ်။ ဒါဟာ HD Data ပို့ဆောင်ဖို့အတွက် ကြိုးသက်သက်မလိုတော့တဲ့အနေအထားမျိုးအထိ ဖြစ်လာတော့မှာပါ။
သတိထားဖို့လိုအပ်တာက သင့်ဖုန်းအတွက် Type-C ကြိုးလိုအပ်လို့ အပြင်ကနေဝယ်ခဲ့ရင် ဈေးပေါတဲ့ Type-C ကြိုးတွေကိုရှောင်ကျဉ်ဖို့လိုပါတယ်။
Type-C မှာသတ်မှတ်ထားတဲ့စံနှုန်းတွေကို မပြည့်မီတဲ့ကြိုးတွေဟာ သင့်ဖုန်းကို အန္တရာယ် ဖြစ်စေနိုင်တဲ့အတွက်ကြောင့်ပါ။




လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်ပါသည်။

No comments:

Post a Comment