Tuesday, January 31, 2017

Google Installer For MI and above 6.0 (NO Need Root)


 
MI ဖုန်းတွေ Google app တွေထည့်ဖို့အတွက် အခက်အခဲရှိနေသူများအတွက် gsf installer လေး
တင်ပေးလိုက်ပါတယ်...
google installer ကလဲ MI ဖုန်းတွေမှာသိပ်အဆင်ပြေပါဘူး .....
ဒီ apk လေးကတော့ တော်တော်အဆင်ပြေပါတယ် 
Android Version 6.0 အထိ အဆင်ပြေပြေနဲ့ google apk တွေကို သွင်းနိုင်ပါတယ်..
Root ရှိဘို့မလိုပါဘူး..
Install လုပ်ရတာလဲလွယ်ပါတယ်....
click တစ်ချက်နှိပ်ပေးရုံပါပဲ
 
 
 

 
 
 
 လိုအပ်သူများ အောက်ကလင့်မှ ဒေါင်းယူနိုင်ပါတယ်
http://adf.ly/1h1OJN 
အဆင်ပြေကြပါစေ........

Thursday, January 26, 2017

iOS နဲ့ Android အတွက် Pokemon Duel ဂိမ်းအသစ်ထွက်ရှိလာ

 



Pokemon Go လိုမျိုး လမ်းပေါ်ထွက်စရာမလိုဘဲ အိမ်ထဲမှာတင် အေးအေးဆေးဆေး ဆော့ကစာနိုင်မယ့် Pokemon Duel ဆိုတဲ့ Strategy ဂိမ်းအသစ်တစ်ခုထွက်ရှိလာပါတယ်။
Legendary Pokemon တွေအစ ဒီဂိမ်းထဲမှာပါဝင်ပြီး Pokemon အရုပ်လေးတွေရဲ့ ဒီဇိုင်းပုံစံကလည်း ချစ်စရာကောင်းပါတယ်။ Board ဂိမ်းအမျိုးအစားဖြစ်ပြီး Board ပေါ်မှာ အကွက်တွေရွေ့ကာ Pokemon အချင်းချင်း တိုက်ခိုက်ရမှာဖြစ်ပါတယ်။ Multi-Player Online ဂိမ်းသဘောမျိုးပါဝင်မှာဖြစ်တဲ့အတွက် head-to-head လည်းစိမ်ခေါ်လို့ရပါသေးတယ်။




Apple App Store နဲ့ Google Play Store ပေါ်မှာ အခမဲ့ ဒေါင်းလုဒ်ရယူနိုင်ပြီး ထုံးစံအတိုင်း in-app purchase တွေလည်း ပါဝင်လာမှာပါ။ Android 4.1 နဲ့ အထက် အသုံးပြုထားတဲ့ ဖုန်းတွေမှာ ထည့်သွင်းဆော့ကစား နိုင်ပြီး အောက်မှာဖော်ပြထားတဲ့ စမတ်ဖုန်းတွေမှာတော့ ထည့်သွင်းဆော့ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
  • Sony Tablet S
  • Motorola Xoom MZ604
  • Optimus Pad L-06C
  • Eee Pad Transformer TF101
  • ICONIA TAB A200-S08G
  • Motorola Photon 4G MB855
  • MediaPad Youth (hws7701w)
  • Yota Phone 2 (YD201)
  • ZenFone 2 (ZE551ML)
  • SHARPAQUOS CRYSTAL X SG402SH




Ref: Ubgm






Wednesday, January 18, 2017

Android 7.0 Nougat အတွက် Tips & Tricks များ

Google ရဲ့ နောက်ဆုံးထုတ် Android OS ကို Android Device များမှာ မကြာခင် အသုံးပြုနိုင်လာကြတော့မှာ ဖြစ်ပါတယ်။ Android 7.0 ကို Google Nexus နဲ့ Pixel Devices များမှာ စတင် ထည့်သွင်းပေးခဲ့တာ ဖြစ်ပြီး အဲဒီ OS ကို  LG V20 နဲ့အတူ စတင် ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဖုန်း ကုမ္ပဏီများက သူတို့ရဲ့ ဖုန်းများမှာ Android 7.0 ကို ဖြန့်ချီပေးဖို့ ပြုလုပ်နေပါပြီ။ အဲဒီအတွက် Android 7.0 နဲ့ ပတ်သက်တဲ့ Tips & Tricks များကို ဖော်ပြပေးလိုက်ပါတယ်။
2
1.Quick Reply
Messenger တွေကို ဖွင့်စရာ မလိုတော့ပါဘူး။ Notification Bar ကနေ စာပြန်နိုင်ပါပြီ။ လက်ရှိ သုံးနေတဲ့ App ကို ပိတ်စရာမလိုတော့တဲ့အတွက် အရမ်း အသုံးဝင်ပါတယ်။
.
3
2.ဘက်ထရီ သက်တမ်း ကြာရှည်ခြင်း

Doze စွမ်းဆောင်ချက် အသစ်ဟာ မလိုအပ်ဘဲ Run နေတဲ့ Apps များကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ပိတ်ပင်တားဆီးပေးပါတယ်။ Android 6.0 မှာတော့ ဖုန်းဟာ လှုပ်ရှားမှု မရှိတဲ့ အချိန်မျိုးမှာသာ Doze က အလုပ်လုပ်ပါတယ်။ Android 7.0 မှာတော့ အိတ်ထဲထည့်ပြီး လမ်းလျှောက်နေရင်တောင် အလုပ်ဖြစ်ပါတယ်။ ဘက်ထရီ သက်တမ်းကို ၁၀ ကနေ ၂၅ ရာခိုင်နှုန်း အထိ ပိုမို ကြာစေပါတယ်။
.
4
3.Multitasking
Samsung Galaxy Note Series များမှာ App ၂ ခုကို ဘေးချင်းယှဉ် သုံးလို့ရတဲ့ Multitasking စွမ်းဆောင်ချက်ပါပါတယ်။ အခုတော့ Android 7.0 မှာ Multitasking ပါလာပါပြီ။ App တစ်ခုကို သုံးနေစဉ်မှာ  Navigation Bar ရဲ့ ညာဘက်မှ Overview Button ကို နှိပ်၍ ဘေးချင်းယှဉ် သုံးမယ့် App ကို ရွေးပေးလိုက်ရုံပါပဲ။
.
5
4.Quick App Switch
Overview Button ကို နှစ်ချက်နှိပ်ရင် နောက်ဆုံး သုံးခဲ့တဲ့ App ကို ပြန်သုံးနိုင်လာပါပြီ။ အရင်တုန်းကထက် App တွေ ပြောင်းသုံးရတာ ပိုမြန်လာပါတယ်။
.
6
5.Emoji အသစ်များ
Unicode 9 ကို အဆင့်မြှင့်လိုက်တဲ့အတွက် Emoji အသစ် ၇၂ ခု ပါလာပါတယ်။ အားလုံးပေါင်း ၁၅၀၀ ကျော်ရှိပါပြီ။
.
8
6.Quick Settings ကို ပြင်ဆင်ခြင်း
Quick Settings မှာ သင် အသုံးအများဆုံး ၅ ခုကို စိတ်ကြိုက်ပြင်ဆင် သတ်မှတ်နိုင်ပါပြီ။ Quick Settings ရဲ့ ညာဘက်အောက်ခြေမှ Edit ခလုတ်ကို နှိပ်ပြီး အိုင်ကွန်များကို လက်ဖြင့် ဖိပြီး နေရာပြောင်းပါ။
.
9
7.System UI Tuner
Notification Bar မှ အိုင်ကွန်များ၊ Do Not Disturb Setting နဲ့ Split-Screen Multitasking အတွက် အပေါ်သို့ ပွတ်ဆွဲတဲ့ Gesture တို့ကို ပြင်ဆင်ချင်ရင် System UI Tuner ကို သုံးနိုင်ပါတယ်။ အဲဒါကို Activate လုပ်ဖို့ Quick Settings ထိပ်မှ စက်သွား ခလုတ်ကို ၃ ကနေ ၅ စက္ကန့် အထိ ဖိထားပါ။ Main Settings ထဲသွားရင် System UI Tuner ကို တွေ့ရမှာပါ။
.
10
8.Power Notification Controls
System UI Tuner ထဲမှာ Power Notification Controls လို့ ခေါ်တဲ့ Notification များကို သီးခြားစီ ထိန်းချုပ်နိုင်တဲ့ Setting ပါပါတယ်။ အဲဒီ စွမ်းဆောင်ချက်က   Notifications ရဲ့ အရေးကြီးမှုကို ခွဲခြမ်းစိတ်ဖြာပေးနိုင်တဲ့အတွက် သင်တကယ်လိုအပ်တဲ့ Notification များကိုသာ မြင်ရမှာပါ။
.
9a
9.Data Saver
မိုဘိုင်းဒေတာ သက်သာစေတဲ့ Data Saver စွမ်းဆောင်ချက် ပါလာပါပြီ။ Data Usage ကဏ္ဍအောက်မှာ အဲဒီ စွမ်းဆောင်ချက်ကို ဖွင့်နိုင်ပါတယ်။ သူက နောက်ကွယ်ကနေ ဒေတာများ ပေးပို့ ၊ ရယူနေတဲ့ App များကို ပိတ်ပေးပြီး လက်ရှိ သုံးနေတဲ့ App ရဲ့ ဒေတာ အသုံးပြုမှုကိုလည်း လျှော့ချပေးပါတယ်။ အချို့ Apps များကို Whitelist ထဲ ထည့်ထားနိုင်ပါတယ်။
.
10a
10.DPI နဲ့ ဖောင့် အရွယ်အစားကို ပြင်ပါ။
စကရင်မှ စာသားနဲ့ အိုင်ကွန်များဟာ အလွန်ကြီး သို့မဟုတ် အလွန်သေးနေရင် ချိန်ညှိနိုင်ပါတယ်။ Display Size Setting က အကြီးချဲ့ပေးပြီး Font Size Setting က ဖောင့်အရွယ်အစားကို ချိန်ညှိနိုင်ပါတယ်။
.
11
11.Cat Collecting Game
Android 7.0 မှာ ကြောင် အစာရှာတဲ့ ဂိမ်းတစ်ခု ပါလာပါတယ်။ ပရိုဂရမ်တွေရဲ့ Easter Egg တစ်ခုပါပဲ။ အဲဒီဂိမ်းကစားဖို့ အတွက် Settings ထဲက About ကို သွားပါ။ Android Version Number ကို ၃ ကြိမ်နှိပ်ရင် N Logo ကြီးကို တွေ့ရမှာပါ။ ကြောင် Emoji ပေါ်လာတဲ့ အထိ လိုဂိုကို ဆက်တိုက် နှိပ်ပါ။

KTY
Ref : The Guardian

Digital Times မှ ကူးယူမျှဝေသည်။

Sunday, January 8, 2017

စမတ်ဖုန်းတစ်လုံးအသုံးပြုပြီး ကွန်ပြူတာကို အဝေးကနေ ဘယ်လိုလှမ်းထိန်းချုပ်မလဲ

အလုပ်ကိစ္စနဲ့ အရေးတကြီးအပြင်ထွက်လာတုန်း၊ အိမ်ကကွန်ပြူတာထဲမှာ ဖိုင်တစ်ခုခုကျန်ခဲ့တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ပြန်ယူဖို့ကလည်း အဆင်မပြေ၊ အိမ်ကလူတစ်ယောက်ယောက်ကို မေးလ်လှမ်းပို့ခိုင်းရအောင်လည်း ဘယ်သူကမှ ကွန်ပြူတာ၊အင်တာနက် မသုံးတတ်ဆို ဘယ်လိုလုပ်မလဲ။
လွယ်ပါတယ်။ သင့်စမတ်ဖုန်းနဲ့ အိမ်က ကွန်ပြူတာကို လှမ်းထိန်းချုပ်ပြီး၊ ကျန်ခဲ့တဲ့ဖိုင်တွေကို မေးလဲ ပို့ထားနိုင်ပါတယ်။
ဒီနည်းလမ်းက အရမ်းလွယ်ကူပြီး၊ စမတ်ဖုန်းတစ်လုံး၊ သင်ထိန်းချုပ်မယ့် ကွန်ပြူတာ၊ အင်တာနက်လိုင်းနဲ့ TeamViewer အက်ပလီကေးရှင်းတို့ပဲ လိုအပ်ပါတယ်။ ဒီ app ဟာ Android ကော iOS ကော၊ Mac OS ကော Windows မှာပါ အခမဲ့အသုံးပြုနိုင်ပါတယ်။ ကဲ၊ ဘယ်လိုလုပ်မလဲ လေ့လာကြည့်လိုက်ရအောင်။

(၁) ဖုန်းနဲ့ ကွန်ပြူတာကို ချိတ်ဆက်မယ်

  • ပထမဦးဆုံး ဖုန်းကော ကွန်ပြူတာကို အင်တာနက်ချိတ်ဆက်ထားပါ။
  • ပြီးနောက် TeamViewer အက်ပလီကေးရှင်းကို ဖုန်းနဲ့ PC အတွက်ဒေါင်းလုဒ်ဆွဲပေးရပါမယ်။
  • Android အတွက် Teamviewer app ကို Google Play Store ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပြီး၊ PC အတွက် ဒီမှာ ဆွဲပါ။
  • ဖုန်းမှာကော ကိုယ်ထိန်းချုပ်မယ့်ကွန်ပြူတာမှာပါ ဒီ app ကို သွင်းပေးပါ။
  • PC မှာ သွင်းထားတဲ့ TeamViewer က သင့်ကို ID နံပါတ်တစ်ခုနဲ့ လှို့ဝှက်ကုဒ် password တစ်ခု ပေးပါလိမ့်မယ်။
connection-parameter
  • အဆိုပါ ID နံပါတ်နဲ့ password ကို ဖုန်းမှာသွင်းထားတဲ့ TeamViewer app မှာ ရိုက်ထည့်ပေးပါ။
TeamViewer-for-Remote-Control-2
  • ဒီအဆင့်တွေပြီးရင်၊ ချိတ်ဆက်မှုအောင်မြင်မှုဖြစ်ကြောင်း ကွန်ပြူတာမှာ notification တက်လာပါလိမ့်မယ်။
connection-established-confirm
  • အခုအချိန်ကစပြီးတော့ သင့်ကွန်ပြူတာကို ကိုယ်ဘယ်ပဲရောက်နေနေ၊ ဖုန်းကနေ အလွယ်တကူ ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။
  • ဖုန်းမှာ ကွန်ပြူတာ interface ကြည့်ကောင်းအောင်လို့ ဖုန်းကို Landscape mode နဲ့ သုံးတာက ပိုကောင်းပါလိမ့်မယ်။

(၂) TeamViewer app က ဘာတွေလုပ်နိုင်လဲ

ချိတ်ဆက်မှုပြီးသွားတဲ့အခါ၊ ကျွန်တော်တို့ စမတ်ဖုန်းကနေ ကွန်ပြူတာကို ဘယ်လိုထိန်းချုပ်နိုင်လဲ ကြည့်ကြည့်ရအောင်
  • ကွန်ပြူတာမှာ မောက်စ်သုံးချင်တယ်ဆိုရင် ဖုန်းမှာသွင်းထားတဲ့ TeamViewer app ကနေ mouse pointer ကို လက်နဲ့ဆွဲပြီး သုံးနိုင်ပါတယ်။
2012-06-11_18-50-45
  • ကွန်ပြူတာမှာ စာရိုက်ချင်တယ်ဆိုရင် (ဒါမှမဟုတ်) right click ခေါ်ချင်တယ်ဆိုရင်၊ app စခရင် အောက်မှာပါတဲ့ ခလုတ်လေးတွေကနေ အသုံးပြုနိုင်ပါတယ်။
TeamViewer-for-Remote-Control-5
  • ဖုန်းနဲ့ ကွန်ပြူတာအကြား ချိတ်ဆက်မှုမြန်နှုန်းကတော့ အင်တာနက်လိုင်းအပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ အင်တာနက်လိုင်းမကောင်းဘူးဆိုရင်တော့ ကိုယ်က ဖုန်းမှာ ကလစ်နှိပ်လိုက်ပေမယ့်၊ ကွန်ပြူတာမှာ ကလစ်မပေါ်သေးဘဲ၊ အနည်းငယ် ကြန့်ကြာနေမှာ ဖြစ်ပါတယ်။ လူကိုယ်တိုင် ကွန်ပြူတာရှေ့မှာ ထိုင်သုံးနေရသလောက် မကောင်းပေမယ့်၊ ဒီ app ဟာ တော်တော်အသုံးဝင်တဲ့ app ဆိုတာ ငြင်းမရပါဘူး။
Android ဖုန်းကို အသုံးပြုပြီး၊ အဝေးတစ်နေရာမှာရှိတဲ့ ကွန်ပြူတာကို လှမ်းထိန်းချုပ်နိုင်တယ်ဆိုတာက တော်တော်အသုံးဝင်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ ဥပမာ ကိုယ့်သူငယ်ချင်းတစ်ယောက်ယောက်က “ငါ့ ကွန်ပြူတာ ဘာဖြစ်နေလဲမသိလို့ ကြည့်ပေးပါဦးကွာ” လို့ လှမ်းအကူအညီတောင်းရင်တောင်၊ အိမ်ကနေ ထစရာမလိုဘဲ၊ သူ့ကွန်ပြူတာကို လှမ်းကြည့်ပေးနိုင်ပါတယ်။
အားလုံးပဲ နည်းပညာကို အကျိုးရှိကောင်းမွန်စွာ အသုံးချနိုင်ပါစေ။
Ref: Guiding Tech
 Digital Times မှ ကူးယူမျှဝေသည်။

Touch Screen Tablet အကြောင်း

Touch Screen Tablet တွေရဲ့ အကြောင်း


တို့ထိမျက်နှာပြင် နဲ့ တက်ဘလက်တွေ ( Touch Screen Tablet ) တွေအကြောင်း ကို ရည်ညွှန်းဖို့အတွက် ၂၀၁၁ ခုနှစ်ဝန်းကျင်က ထွက်ခဲ့တဲ့ Galaxy Tab နဲ့ iPAD တွေကို အခြေခံထားပြီး တွက်ချက်ထားတာဖြစ်ပါတယ်။)
 
Speed
Processor အပိုင်းမှာဆိုရင် tablet ထက် laptop က နှစ်ဆ သုံးဆလောက် ပိုမြန်ပါတယ်။ ဒါပေမယ့် သိပ်မသိသာရတဲ့အကြောင်းအရင်းက tablet မှာ CD drive, keyboards နဲ့ mouse တို့လို power သုံးစရာ hardware တွေမပါရှိတာကြောင့်ပါ။
Apps
Desktop ပေါ်က app တွေ ဂိမ်းတွေက ဆော့ရတာအနှစ်သာရပိုရှိပြီး ဈေးနှုန်းကလည်း သိပ်မများပါဘူး။ tablet  ဂိမ်းတွေကတော့ ဈေးကြီးပါတယ်။ တစ်နှစ် တစ်နှစ်ကိုလည်း ဒေါ်လာသန်းနဲ့ချီပြီးရောင်းချရပါတယ်။ developer တွေက များများထုတ်နိုင်လေ များများမြတ်လေပဲပေါ့။
Multitasking
laptop ပေါ်မှာတော့မသိသာပေမယ့်၊ tablet ပေါ်မှာကတော့ multi task သုံးရင်၊ သုံးနေတဲ့ app နှစ်ခုအနက် တစ်ခုက freezing app ဖြစ်သွားပါတယ်။ memory ကလိုအပ်တာထက်ပိုကုန်တာပေါ့။
Voice
Tablet က voice calling အတွက်ရည်ရွယ်ပြီးထုတ်ထားတာမဟုတ်ပါဘူး။ ဒါပေမယ့် skype နဲ့ တခြား service တွေအတွက်တော့ IP (သို့) wireless တစ်ခုခုနဲ့ချိတ်ဆက်ပြီး ပြောဆိုနိုင်ပါတယ်။ general call service လောက်တော့ပါရှိတာပေါ့။
Growth
အခုဆိုရင် tablet ရောင်းအားက notebook နဲ့ laptop ဈေးကွက်ကို စတင် ထိပါးလားပါပြီ။
အနာဂါတ်မှာတော့ tablet ရောင်းချမှုက ဈေးကွက်ကို လုံးဝလွမ်းမိုးသွားမယ် လို့ အားလုံးက ယုံကြည်ထားကြပါတယ်။ ဒါကြောင့် တချို့ ပြင်ဆင်တဲ့အနေဲ့ Phone+Tablet တွေကို လိုက်လံ ထုတ်လုပ်လာခဲ့ကြပါတယ်။
…..
…..







Tablet တွေ ဘယ်လို အလုပ်လုပ်သလဲ ..။

Tablets တွေက laptops တွေလောက်စွမ်းအားမပြည့်ဝပါဘူး။ ဒါပေမယ့် သူတို့ဘယ်လိုအလုပ်လုပ်လဲ။
ဘယ်လိုအသုံးဝင်မှာလဲ ဆိုတာ လေ့လာကြည့်ရအောင်။
Tablet ဆိုတာ laptop သေးစားတစ်ခုပါ။နောက်ပြီးသူ့မှာက keyboard သက်သက် မလိုဘူးလေ။ သူ့ရဲ့ OS ကလည်း user တွေနဲ့ friendly ဖြစ်အောင်ဆိုပြီး desktop OS နဲ့ အနီးဆုံးဆင်တူအောင် ဖန်တီးထားပါတယ်။သူ့ရဲ့ အားသာချက်တစ်ခုက အနည်းဆုံး ၈ နာရီလောက် stand by အသုံးခံတဲ့ battery ပါဝင်နေခြင်းပါ။ flight mode နဲ့ ဂိမ်းတွေ ဆော့မယ်ဆိုရင် ၁၀ နာရီ ၀န်းကျင် လောက် ဆော့လို့ရစေပါတယ်။
Apple က ၂၀၁၀ မှာ tablet ကမ္ဘာကို သူ့ရဲ့ ipad နဲ့ စတင်ဝင်ရောက်လာခဲ့ပါတယ်။ microsoft ရဲ့ error တွေကို သင်ခန်းစာယူပြီး သူ့ရဲ့ ipad ကို အကောင်းဆုံးမွန်းမံပြီးမှဝင်ရောက်လာခဲ့တာပါ။ mac book လောက်တော့ မစွမ်းပေမယ့် တော်တော်ကို အသုံးဝင်တဲ့ ပစ္စည်းလေးဖြစ်ခဲ့ပါတယ်။ user တွေ အသုံးပြုရလွယ်ကူစေအောင် အရိုးရှင်ဆုံး အသုံးပြုနည်းနဲ့ အကောင်းဆုံးဖန်းတီနိုင်မှုတွေ ပေးစွမ်းနိုင်မယ့် ပုံစံကို တီထွင်နိုင်ခဲ့ပြီး၊ laptop ရဲ့ စံနဲ့ ညီအောင် ဈေးသက်သာတဲ့ third-party apps သုံးပြီး ထိန်းချုပ်မှုတွေ လုပ်နိုင်အောင်ဖန်တီးပေးထားပါတယ်။ဒီအချက်အလက်တွေက tablet ကို task တွေတိုင်းမှာ laptop တွေထက်ပိုမြန်သွားစေတဲ့ အချက်ပါပဲ။
Apple ရဲ့ ipad 4၊ HTC Nexus 9 နဲ့ samsung ရဲ့ galaxy tablet Note 8.0 တို့က tablet လောကမှာ လက်ရှိ မှာ အကောင်းဆုံးတွေ ဖြစ်တယ် လို့ နိုင်ငံတကာ နည်းပညာလေ့လာနေကြတဲ့ ကွန်ပျူတာအိုင်တီ မဂ္ဂဇင်းတွေက ထာဝရ ထောက်ခံချက်ပေးခဲ့ပါတယ်။ သိပ်မကြာခင်မှာ ဘယ်လို အသစ်တွေ ထွက်ပေါ်လာဦးမှာလဲ။ အခုကတော့ Phblet လို့ ခေါ်တဲ့ ဖုန်းနဲ့ တက်ဘက်တွေ ခေတ်စားတဲ့ ခေတ်ကို ရောက်ရှိလို့ လာပါပြီ။
Tablet Screen ရဲ့ အလုပ်လုပ်ပုံက ဘယ်လိုလဲ?
Tablet တွေနဲ့ ipad တွေပေါ်က Capacitive screen တွေက နောက်ဆုံးပေါ်နည်းပညာတွေဖြစ်ပြီး လက်ချောင်းထိပ်ဖျားက ခံစားမှုတွေကို အကောင်းဆုံးဖြစ်အောင် ဒီဇိုင်းထုတ်ထားတာတွေပါ။ သဘာဝထက်ကျော်လွန်တဲ့ ခံစားမှုတွေပေးစွမ်းနိုင်တာက သူ့ရဲ့ ကောင်းကွက်တွေပါ။ ဒီနည်းပညာက လက်ချောင်းရဲ့ ရွေ့လျားမှုတိုင်းကို အကောင်းဆုံး အာရုံခံပြီး ဆောင်ရွက်ပေးနိုင်မှာဖြစ်ပြီး၊ အကယ်၍ လက်ချောင်းပေါင်းများစွာ တစ်ပြိုင်နက် အသုံးပြုမယ်ဆိုရင်လည်း တစ်ခုနဲကတစ်ခု ကြား အချိန်ကွာခြားမှုကို အနည်းဆုံဖြစ်အောင်(၁စက္ကန့် ရဲ့ ၁၀၀၀ပုံတစ်ပုံ အမြန်နှုန်း) ခံစားသိရှိပြီး လှုပ်ရှားမှုတွေကို ဆက်စပ်ပေး တာကြောင့် အားလုံးက တစ်ပြိုင်နက် ဖြစ်နေတယ် လို့ခံစားမိစေပါတယ်။
Screenရဲ့ မျက်နှာပြင်ပေါ်မှာ electric charge ပေါင်း သန်းနဲ့ချီပြီးရှိနေပါတယ်။ နောက်ပြီး လက်ချောင်းလေးတွေရဲ့ ထိတွေ့မှုတိုင်းက တစ်ချက်နဲ့ တစ်ချက် မတူညီကြပါဘုး။ electric charge တွေက ဒီမတူညီတဲ့ sence တွေပေါ်မှာ တွက်ချက်မှုတွေ လုပ်ပြီး အဖြေထုတ်ပေး ကြတာပါ။ screen ရဲ့ ပေါ်ယံလွှာမှာ ခြစ်ရာတွေကို ခံနိုင်ရည်ရှိဖို့အတွက် layer ပါးပါးလေး တစ်ထပ်ပါရှိပါတယ်။ ဒါကို သာမန်မျက်စိနဲ့ ကြည့်လို့မမြင်ရပါဘူး။ view angle တွေပိုကောင်းစေဖို့အတွက် screen တစ်လျှောက် scattered light တွေတပ်ဆင်ထားပါတယ်။ မျက်လုံးနဲ့screen ၉၀ံ မှာတောင် စာနဲ့ပုံတွေကို ကြည်ကြည် လင်လင်မြင်နေရဦးမှာပါ။

Tablet မှာ Internet ကော ဘယ်လိုချိတ်ဆက်မှာလည်း။

Tablet တိုင်းမှာ internet ချိတ်ဆက်လို့ရတဲ့ နည်း (၂) မျိုး နည်းရှိပါတယ်။ တစ်နည်းကတော့ wi-fi ဖြစ်ပြီး နောက်တစ်နည်းက 3G connection ဖြစ်ပါတယ်။ wi-fi နဲ့သုံးရတာက ပိုမိုမြန်ဆန်ပြီး၊ router နဲ့ public hospot တွေကောင်းမွန်တာကြောင့် ပိုပြီးစိတ်ချရပါတယ်။ 3G နဲ့သုံးမယ်ဆိုရင်တော့ သူ့အတွက် သင့်လျှော်တဲ့ data plan ရှိဖို့လိုအပ်တဲ့ အပြင် 3G network ရှိတဲ့ နေရာလောက်မှာပဲ အသုံးပြုလို့ရမှာပါ။ ဒါက စရိတ် ပိုပြီး ကုန်ကျပေမယ့် laptop မှာတော့ 3G နဲ့သုံးရင်ပိုပြီးကောင်းမွန်ပါတယ်။ laptop မှာက universal internet connecitivity ဖြစ်တာကြောင့်ပါ။ သုံးတဲ့ OS ကြောင့်လည်းဖြစ်ပါတယ်။ 3G network နဲ့ဆိုရင် window OS က tablet OS တွေထက် internet သုံးရတာ ပိုမြန်ဆန်တာကိုတွေ့ရပါတယ်။
Movement
Device မှာပါတဲ့ acclerometer က device ရဲ့ orientation အပေါ်မှာ အကောင်းဆုံး sence လုပ်ပြီး ထိန်းညှိပေးပါတယ်။
Flush
Screen ရဲ့ နေရာအများစုမှာ flush တွေ ပါဝင်ပြီး ထောက်စွန်းနေရာတွေမှာ အဓိက ပါဝင်ပါတယ်။ screen ပေါ်က ထိချက်တိုင်းကို မလွတ်တမ်း အမိအရဖမ်းယူနိုင်အောင်ပါ။
Protection
Protective layer က screen ပေါ်မှာ စင်းရာခြစ်ရာတွေမဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးပါတယ်။
Touch
Capacitive နည်းပညာက လက်ချောင်းထိပ်ဖျားပေါ်က လျှပ်စစ်လှိုင်းတွေကို အကောင်းဆုံး detect လုပ်ပေးပါတယ်။
Resolution
Apple ရဲ့ ipad ရဲ့ resolution က 1024×768 ရှိပါတယ်။ ဒါက အမြင့်ဆုံးမဟုတ်ပေမယ့် သုံးရတာတော့ အလွန်အဆင်ပြေပါတယ်။
The top layer
Top layer က စင်းရာခြစ်ရာ တွေနဲ့ လက်ရာတွေမထင်အောင် ကာကွယ်ပေးတဲ့ အပြင် ရွေးချယ်မှု လျှင်လျှင်မြန်မြန် ချောချောမွေ့မွေ့ နဲ့ ဆောင်ရွက်နိုင်အောင် အကောင်းဆုံးစီမံပေးထားပါတယ်။
Conducting
အပေါ်ယံအလွှာရဲ့ အောက်နားမှာရှိတဲ့ conducting layer က ထိတွေ့မှုတွေကို အာရုံခံနိုင်စွမ်းရှိပြီး၊ ထိတွေ့မှုတိုင်းရဲ့ သက်ဆိုင်ရာ co-ordinate တွေကို CPU ဆီပို့ပေးပြီး တွက်ချက်မှုတွေလုပ်ပေးပါတယ်။
Flexible surface
ဆေးစက်ကျရာ အရုပ်ထင်စေသလိုပါပဲ။ လက်ညှိုးရဲ့ အရွေ့ကို မူတည်ပြီး ပြုလွယ်ပြင်လွယ် ဖြစ်တဲ့ မျက်နှာပြင်တိုင်းကို တက်ဘလက်တိုင်းမှာ တွေ့ရမှာပါ။
Glass
Glass layer ကတော့ screenရဲ့ အထူဆုံးအပိုင်းပါ။ အသုံးဝင်မှုအပိုင်းတော့ သိပ်မရှိပါဘူး။ ဒါပေမယ့် clever stuff တွေအများစုက ဒီlayer မှာ ဖြစ်ပေါ်တတ်ပါတယ်။
Layers
Screen ကိုသက်သက်ဖြုတ်ကြည့်မယ်ဆိုရင် မှန်တစ်ချက်လိုပါပဲ ထင်ရပါတယ်။ အမှန်တော့သူ့မှာ preformance တွေ လုပ်ဆောင်နိုင်ဖို့အတွက် layers တွေအများကြီးပါဝင် နေတာပါ။



Tablet hardware
Tablet တွေက internet သုံးဖို့ အတွက် ထုတ်ထားတဲ့ အဆင့်မြင့် သင်ပုန်းကွန်ပြူတာတွေပါ။ အချို tablet တွေမှာ storage တွေထပ်မြှင့်ဖို့အတွက် သီးသန့် slot တွေ ထပ်ပြီးပါဝင်ပါတယ်။ ကွန်ပြူတာနဲ့ ခြားနားတာက၊ သူ့မှာ built in keyboard နဲ့  desk charger တွေပါဝင်ပြီးသားပါ။ သူ့မှာ CD driver နဲ့ USB port တွေတော့မပါဝင်ပါဘူး။ ဒါဘာကြောင့်လည်းဆိုတော့ internal flash memory ကို ပိုပြီးမြန်မြန်ဆန်ဆန် အသုံးပြုနိုင်စေဖို့ပါ။ ဒီ port တွေမပါဝင်တဲ့ အတွက် tablet အသုံးပြုရတာ laptop တွေထက် ပိုပြီးမြန်ဆန်ချောမွေ့နေတာပါ။ video တွေကြည့် ဦးမလား။ အထဲမှာ built in graphic chip processor အသေးစားလေးတစ်ခုပါဝင် ပါသေးတယ်။ အပြင် cover ကိုကြည့်မယ်ဆိုရင်လည်း aluminium ဒါမှမဟုတ်ရင် မာကြောတဲ့ plastic ကို အသုံးပြုပြီး တည်ဆောက်ထားတာပါ။ မြန်ဆန်တဲ့ speed နဲ့ အပိုဆာဒါးတွေမပါတဲ့ design က အသုံးပြုရတာ အရမ်းလွယ်ကူစေပါတယ်။
Tablet software
iPAD တွေမှာတော့ သီးသန့် OS ပါရှိပေမယ့် ၈၀ ရာခိုင်နှုန်း tablet အများစုက smartphone တွေအတွက် ထုတ်ထားတဲ့  Android OS ကိုပဲ အသုံးပြုကြတာပါ။ ဘာ OS ပဲသုံးသုံး သူ့တို့ရဲ့ third party app တွေ အတွက်ကတော့ itune သို့ andriod market တွေကပဲ download ရယူကြတာပါ။ app တစ်ခုကို install လုပ်တာနဲipad တွေကတော့ ios တွေပဲသုံးကြတာပေါ့။ App တစ်ခုကို install လုပ်တာနဲ့ သူနဲ့ ပတ်သတ်တဲ့ အခြား effect တွေကိုပါရရှိမယ့် အပြင်၊ appနဲ့ သတ်ဆိုင်တဲ့ hardware ထိန်းချုပ်မှုတွေကိုပါ လုပ်ဆောင်နိုင်မှာပါ။ OS တွေက တစ်ခုနဲ့တစ်ခု ဆက်စပ်မှုမရှိပါဘုး။ ဒါပေမယ့် တချို့ publisher တွေက ဒီနှစ်ခုကို ပေါင်းပြီးသုံးလို့ရအောင် နည်းလမ်းတွေရှာဖွေနေကြပါတယ်။ (ဥပမာ-apple က document တွေအတွက်  page နဲ့ number တွေကို ပြုလုပ်ထားပါတယ်။ အခု ဒါတွေကို android ပေါ်မှာ app အနေနဲ့ အသုံးပြုလို့ရမယ့်နည်းလမ်းတွေကို တွေ့နေရပါပြီ။)

တို့ထိမျက်နှာပြင် နဲ့ တက်ဘလက်တွေ ( Touch Screen Tablet ) တွေအကြောင်း ကို ရည်ညွှန်းဖို့အတွက် ၂၀၁၁ ခုနှစ်ဝန်းကျင်က ထွက်ခဲ့တဲ့ Galaxy Tab နဲ့ iPAD တွေကို အခြေခံထားပြီး တွက်ချက်ထားတာဖြစ်ပါတယ်။)



– Samsung galaxy tab ရဲ့ အထဲမှာဘာတွေရှိနေလဲ။
ရိုးရိုးရှင်းရှင်းတွေးကြည့်မယ်ဆိုရင် galaxy tabက  အကြီးဆုံး android ဖုန်း တစ်လုံးပါပဲ။ samsung က ဒီ design ကို တမင်ဖန်တီးထုတ်လုပ်ထားတာပါ။ tablet သေးသေးလေးတွေကို ပြုလုပ်ရတာ ပြောသလောက်မလွယ်ကူပါဘူး။ ဒါက ရင့်ကျက်တဲ့ အတွေ့အကြုံတွေနဲ့ အမှားပေါင်းများစွာရဲ့ အမှန်တွေကို စုစည်းထားခြင်းဖြစ်ပါတယ်။ ၇ လက်မရှိတဲ့ ဒီscreenက liquid crystal လေးတွေကို parallel စီတန်းပြီး ဆွဲထားတဲ့ design တစ်ခုပါ။ screen အပေါ်က နေ ၁၇၀ ဒီဂရီ ပတ်ပတ်လည် ကြည့်နိုင်အောင်ဖန်တီးထား ပါတယ်။
ဒါနည်းပညာ အသစ်တစ်ခုမဟုတ်ပေမယ့် သူ့ပေါ်မှာ ဗီဒီယို တွေnon-stop ကြည့်မယ်ဆိုရင် (၇) ဆက်တိုက်ကြည့်နိုင်တဲ့ အတွက် အလွန်အဆင်ပြေတဲ့ ပေါင်းစပ်မှုဖြစ်သွားတာပါ။ 1GHz Hummingbird processor ကလည်း clock speed မြန်သလောက် Power အစားသက်သာ တာက နည်းပညာရဲ့ အံသြစရာတစ်ခုပါ။ HSDPA chip က home broadband connectionမှာ  mobile data speed ကို 7.2Mbps အထိ support လုပ်ပေးထားပြီး broadcom chip ကတော့ wi-fi နဲ့ bluetooth ရဲ့ speed တွေကို အမြင့်ဆုံထိရအောင် စွမ်းဆောင်ပေးပါတယ်။
Built in ပါဝင်တဲ့ gyroscopic sensor ကတော့ tablet တစ်ခုလုံးရဲ့ vibrating နဲ့ အဓိက ပတ်သတ်တဲ့ sensing တွေကို X,Y,Z axes တွေကိုသုံးပြီး အသေးဆုံး vibrating က အစ အာရုံခံနိုင်အောင် ပြုလုပ်ပေးသွားမှာပါ။ ဒါက vibrating support ဖြစ်တဲ့ ဂိမ်းတွေဆော့တဲ့နေရာမှာ အရမ်းအသုံးဝင်ပါတယ်။ front နဲ့ rear camera တွေကတော့ tablet ဖြစ်တာကြောင့် ဖုန်းတွေလောက်တော့ ရုပ်ထွက်တွေ ဘယ်ကောင်းလိမ့်မတုန်း။ ဒါပေမယ့် snapshop တွေနဲ့ video calling မှာတော့ HSDPA နဲ့ wi-fi အကူအညီတွေနဲ့ အထစ်အငေါ့မရှိ ပြောဆိုနိုင်မှာပါ။ နောက်တစ်ချက်က သူ့ရဲ့ အလေးချိန်က 380ဂရမ် သာသာပဲရှိပါတယ်။ plastic body ဖြစ်တာကြောင့်ပါ။ ဒါက ipad အလေးချိန် ရဲ့ ထက်ဝက်သာသာပဲရှိတာပါ။ သူ့ရဲ့ ပုံစံက အရမ်းကို classic ဖြစ်ပါတယ်။ ဘာအပိုဆာဒါးမှ မပါဝင်တဲ့ ဒီ tablet ရဲ့ အလေးချိန်က အသုံးပြုရတာအရမ်းကို အဆင်ပြေ စေတဲ့ အတွက် သုံးစွဲသူတွေ တော်တော်များများ အကြိုက်တွေ့ခဲ့ပါတယ်။။
Plastic
ပေါ့ပါးတဲ့ plastic body က tablet တစ်ခုလုံးကို မလိုအပ်တဲ့ အလေးချိန်တွေတိုး မလာ စေတဲ့ အကြောင်းအရင်းပါ။
Rear camera
Rear face camera ပေါက်က သေးပေမယ့်၊ three megapixel, alnogside auto focus နဲ့ LED flashတို့ပါဝင်ပါတယ်။
Screen
Super TFT LCD screenက အကောင်းဆုံးimage quality နဲ့ wide view angle တို့ကိုပေးစွမ်းနိုင်ပါတယ်။ pixel သိပ်သည်းဆ ကတော့ ipad ထက်ပိုသာပါတယ်။
Connectivity
Tiny chip လေးက လိုင်းဆွဲအား တော်တော်လေးကို ကောင်းမွန်တာပါ။ HSDPA ပါဝင်တာကြောင့် download speed 7.2Mbps အထိရှိ နိုင်ပါတယ်။
Battery
4000MhA ရှိတဲ့ battery က video တွေကို ၇ နာရီ Non-stopကြည့်နိုင်ပြီး၊ ဖုန်းကို 10နာ၇ီ တောက်လျှောက်ပြော ပစ်လို့ရပါတယ်။
Power
1GHz processor က အကောင်းဆုံး အမြန်နှုန်း နဲ့ power efficiency တို့အတွက် အစီအမံ တစ်ခုပါ။
Memory
32GB built in ပါဝင်ပြီး ထပ်တိုးမယ်ဆို 64GB ထိsupport လုပ်နိုင်တဲ့ micro SD slot တွေပါဝင်ပါတယ်။
Speakers
အသံအရမ်းကျယ်တဲ့ Built in sperker ၂လုံးပါဝင်ပါတယ်။ ၂လုံး စလုံးက super stereo sound တွေထိ support နိုင်တာပါ။tablet ရဲ့ အောက်ခြေနားမှာ smart ကျကျ တပ်ဆင်ထားတာပါ။



အသေးစိတ်အချက်အလက်များ
Samsung Galaxy Tab
ပိုပေါ့ပြီး ပိုသေးတယ်။ iPad ထက် သယ်ရလွယ်ကူတယ်။
Snap shot အတွက် camera ၂ခုပါဝင်ပြီး personal communication အတွက် ကောင်းမွန်တယ်။
Built in 3G ပါဝင်ပြီးသားပါ။
Plastic cover ကြောင့် ဈေးပေါသလိုလို ၊ ၀ယ်လိုက်တာ မှားမိသလိုလို ခံစားမိပါတယ်။
Model က များသောအားဖြင့် တစ်မျိုးပဲ ရှိတယ်။
အခုထိ tablet အတွက်ဆိုပြီး android OS သီးသန့်မရှိပါဘူး။

Apple iPad
Quality ကောင်းမွန်ပြီး လှပတဲ့ screen design ရှိတယ်။
Magazine နဲ့ news type ဆိုပြီး၂မျိုးရှိတယ်။ format ပါ support ထားတယ်။
Optinal keyboard ပါဝင်တဲ့ အတွက်ကြောင့် တကယ်ကို Mini laptop လေးပါ။
3G ရတဲ့ iPad က ပိုပြီးဈေးကြီးပါတယ်။
သူ့အတွက် software ရွေးချယ်မှု အရမ်းကို နယ်ပယ်ကျဉ်းမြောင်းပါတယ်။
iPad က နည်းနည်းလေးပါတယ်။
အနှစ်ချုပ်
ဒါတွေက တက်ဘလက် ဗားရှင်း အဟောင်း နှစ်ခုပေါ်မှာ အခြေခံနှိုင်းယှဉ်ထားတဲ့ အချက်အလက်တွေပါ။ တက်ဘလက် ၀ယ်မယ် လို့ စဉ်းစားလိုက်ရင်တော့ ဒီအချက်အလက်တွေအပြင် ကိုယ်က ဘာအတွက် ၀ယ်မှာလည်း ဆိုတာကို သေချာ စဉ်းစားဆုံးဖြတ်ဖို့လိုပါမယ်။ တက်ဘလက်အသစ်တွေ ထွက်လာခဲ့ရင်လည်း နည်းပညာအသစ်ထပ်ဆောင်းထည့်ပြီး ပေါင်းပေးမှာ ဖြစ်တဲ့အတွက် အခု ဖော်ပြထားတဲ့ နမူနာ ၂ ခု နဲ့တင် ချင့်ချိန်စဉ်းစားဖို့ လိုပါမယ်။
ဆမ်ဆောင်း Tab နဲ့ iPad တို့တုန်းက သုံးစွဲသူတွေကိုယ်တိုင်ကလည်း ကနဦးပိုင်းမှာ ထုတ်ကုန်အသစ် အတွက် မြေစမ်းခရမ်းပျိုး ၀ယ်ယူခဲ့ရသလို ဖြစ်ပြီး ထုတ်လုပ်သူတွေကလည်း ရောင်းစွံ၊ မစွံဆိုတာ ရင်မ ခဲ့တဲ့ အချိန်တွေ ဖြစ်ခဲ့ပေမယ့် အခု နောက်ပိုင်း Tablet တွေကတော့ ၀ယ်ယူရတဲ့ ငွေကြေး နဲ့ ရရှိတဲ့ ပါဝင်ပစ္စည်း နှစ်ခု ကို အချိုးချကြည့်တဲ့အခါမှာ တော်တော်လေး သဘောကျချင်စရာ ကောင်းလာခဲ့ပါပြီ။
စာကြွင်း။ ။
ဖော်ပြထားတဲ့ ပုံတွေဟာ လိုအပ်လို့ ဆွဲယူသုံးလိုက်တဲ့ ပုံတွေသာ ဖြစ်ပါတယ်။ ဆောင်းပါးအတွင်းထဲမှာ ပါရှိတဲ့ ထုတ်ကုန်တွေအတွက် ပုံရိပ်တွေ မဟုတ်ပါဘူး။)

Ref : Tabletworld / Macworld / Maclife

Digital Times မှ ကူးယူမျှဝေသည်.......

Saturday, January 7, 2017

Pokémon GO update

‘Buddy System’ ပါဝင်လာပြီး၊ Root ဖောက်ထားတဲ့ဖုန်းတွေမှာ ဆော့လို့မရတော့တဲ့ Pokémon GO update

 




Google Play Store နဲ့ Apple App Store တို့မှာ ယနေ့ထွက်ရှိလာတဲ့ Pokémon GO update အသစ်မှာ trainer တိုင်း စောင့်မျှော်လင့်နေတဲ့ ‘Buddy System’ ပါဝင်လာပြီး၊ မိမိစိတ်ကြိုက် ပိုကီမွန်အကောင်ကို ရွေးချယ်ကာ ကိုယ့်နဲ့အတူတူခေါ်သွားနိုင်မှာဖြစ်ပါတယ်။ ‘Buddy’ ရွေးပြီး လမ်းလျှောက်တဲ့အခါ ကီလိုမီတာပြည့်တိုင်း ရွေးထားတဲ့ပိုကီမွန်ရဲ့ Candy ပြန်ရသွားမှာဖြစ်ပါတယ်။
ဒါပေမယ့် ယခု update မှာ သတင်းဆိုးတစ်ခုလည်း ပါလာပါတယ်။ ဒါကတော့ ယခု update အသစ်မှာ Root ဖောက်ထား၊ Jailbreak လုပ်ထားတဲ့ဖုန်းတွေကို support ပေးတော့မှာမဟုတ်ဘဲ၊ ဂိမ်းစဝင်ဝင်ချင်း စခရင်မှာတင် ရပ်နေမှာဖြစ်ပါတယ်။


ဒီ့အပြင် ယခု update မှာ Pokémon GO Plus နဲ့ တွဲကစားနိုင်လို့ရအောင်လည်း လုပ်ပေးထားပြီး၊ ကစားနေရင် အင်တာနက်လိုင်းပြောင်းတဲ့အခါ app က ပိတ်သွားတာမျိုးမဖြစ်တော့အောင်လို့ Performance ပိုင်းဆိုင်ရာပြင်ဆင်မှုတွေလည်း လုပ်ပေးထားတယ်လို့ သိရပါတယ်။
သတင်းဆိုးဖြစ်တဲ့ Root ဖောက်ထားတဲ့ဖုန်းတွေမှာ ဆော့လို့မရတော့ဘူးဆိုတာနဲ့ ပတ်သတ်ပြီး နာမည်ကျော်နည်းပညာဝက်ဘ်ဆိုဒ် Android Police က Root ဖောက်ပြီးသား Moto X Pure Edition ဖုန်းရယ်၊ Galaxy S7 Edge ဖုန်းရယ်နဲ့ စမ်းသပ်ခဲ့ရာမှာ၊ သတင်းက အမှန်ဖြစ်နေကြောင်း စိတ်မကောင်းဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။
t
လက်ရှိမှာ ယခု update ကို မိတ်ဆွေမှာ မရသေးဘူးဆိုရင် Android အတွက် ယခုလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ သတိပြုရမှာက Niantic အနေနဲ့ တရားဝင် app စတိုးတွေဖြစ်တဲ့ Play Store နဲ့ App Store တို့ကနေပဲ ဆွဲဖို့ အကြံပြုထားတာကြောင့် မရသေးရင် ခဏစောင့်ဆိုင်းပြီး တရားဝင်ဒေါင်းလုဒ်ဆွဲဖို့ကိုပဲ အကြံပေးပါရစေ။


 Download Link


#newdesign #sagaing #myanmar 

Friday, January 6, 2017

Samsung Galaxy J5 Prime

Samsung Galaxy J5 Prime




Samsung Galaxy J5 Prime ဟာ Galaxy J5 (2016) ကို အဆင့်မြှင့်တင်ပေးထားတဲ့ version ဖြစ်ပြီး အဓိကကွာခြားချက်အနေနဲ့ home button မှာ fingerprint sensor ကို ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် ထောက်ပံ့ပေးနိုင်တဲ့ micro SD card ပမာဏနဲ့ ဘက်ထရီစတဲ့ အခြားအသေးအဖွဲ ကွာခြား ချက်လေးတွေလည်း ရှိပါတယ်။ ၄င်းဖုန်းက J7 Prime နဲ့ ဒီဇိုင်းပုံစံ တူညီမှုရှိသလို fingerprint sensor ပါဝင်ပုံခြင်းလည်း တူပါတယ်။ ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ ပြုလုပ်ပေးထားပြီး S Power Planning, S Secure နဲ့ S Bike mode ဆိုတဲ့ အလွန်အသုံးဝင်တဲ့်features တွေကို ထည့်သွင်းပေးထားပါတယ်။



အခုလောလောဆယ်တော့ ၄င်း features သုံးနိုင်တဲ့ စမတ်ဖုန်းတွေကို india ဈေးကွက်အတွက်ပဲ ပြုလုပ်ပေးထားပါသေးတယ်။ မျက်နှာပြင်မှာ 2.5D rounded-edge Corning Gorilla Glass ကို တပ်ဆင်ပေးထားတဲ့အတွက် မြင်လိုက်တာနဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးမှန်း သိသာစေပါတယ်။ ထုံးစံအတိုင်း recent button နဲ့ back button ကြားထဲမှာ home button တည်ရှိပြီး ၄င်း home button မှာ fingerprint sensor ကို ထည့်သွင်းပေးထားပါတယ်။ ညာဘက်ဘေးဘောင်မှာ Power button ကို တွေ့မြင်နိုင်ပြီး အသံအတိုးအကျယ် ခလုတ်ကတော့ ဘယ်ဘက်ခြမ်းမှာပါ။ Audio Jack ပေါက်နဲ့ Micro USB Charging ပေါက်က အောက်ဘက်မှာရှိပြီး Samsung Logo က အရှေ့မျက်နှာပြင် အပေါ်ဘက်နဲ့ နောက်ကျောဘက် ၂ နေရာလုံးမှာ ပါရှိပါတယ်။



နောက်ကျောဘက်မှာ အနောက်ကင်မရာနဲ့ LED Flash မီးကို ထောက်ပံ့ပေးထားပြီး အပေါ်နဲ့အောက်ခြေမှာ လိုင်းလေး ၂ ကြောင်းစီက အပြိုင်တည်ရှိနေပါတယ်။ ၄င်းမှာ Samsung ရဲ့ ကိုယ်ပိုင် TouchWiz skin ကို သုံးထားပြီး Google က ပါရှိနေကျ apps တွေကို အကုန်အသုံးပြုနိုင်ပြီး Microsoft apps တွေဖြစ်တဲ့ Office apps တွေနဲ့ Skype app ကို တစ်ခါတည်း အဆင်သင့် install လုပ်ပေးထားပါတယ်။ GSM, HSPA နဲ့ LTE networks တွေမှာ အဆင်ပြေပြေ အသုံးပြုနိုင်ပြီး Dual Nano SIM စနစ် ဖြစ်တာကြောင့် Nano SIM Card  ၂ card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။
ဖုန်းအရွယ်အစားက 142.8 x 69.5 x 8.1 mm ရှိပြီး အလေးချိန်က 143g လေးပါတယ်။ IPS LCD touchscreen နဲ့ ပြုလုပ်ထားတဲ့ မျက်နှာပြင်က ၅ လက်မအကျယ်ရှိတဲ့အတွက် ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ အနေတော် အရွယ်အစားလေးပါပဲ။ ၄င်းမျက်နှာပြင်က 720 x 1280 pixels ရှိတဲ့ HD မြင်ကွင်းတွေကို တွေ့မြင်နိုင်ပြီး နေအလင်းရောင်အောက်မှာလည်း ပုံရိပ်တွေကို ကောင်းစွာမြင်တွေ့နိုင်မှာပါ။ မျက်နှာပြင်ပေါ်မှာ multi touch စနစ်ကို သုံးစွဲနိုင်တဲ့အပြင် မျက်နှာပြင်ကို Corning Gorilla Glass နဲ့ ဖုံးအုပ်ကာကွယ် ပေးထားတာကြောင့် တော်ရုံတန်ရုံ ပြုတ်ကျတာတွေ၊ ခြစ်မိတာတွေအတွက်လည်း ဘာမှမဖြစ်စေနိုင်ပါဘူး။
Data တွေကို သိမ်းဆည်းဖို့အတွက် Internal memory က 16GB သာ ပါရှိပေမယ့် micro SD card ရဲ့ အထောက်အပံ့ကို 256GB အထိတောင် ရယူနိုင်ပါတယ်။ 13MP resolution ရှိတဲ့ အနောက်ကင်မရာက ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေကို ရိုက်ယူပေးနိုင်သလို 30fps မှာ 1080p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကိုလည်း ရိုက်ကူးပေးနိုင်ပါတယ်။ Selfie ဓာတ်ပုံတွေ ရိုက်နိုင်တဲ့ အရှေ့ကင်မရာကတော့ 5MP သာ ပါရှိပါတယ်။
အတွင်းထဲမှာ ထည့်သွင်းပေးထားတဲ့ processor, chipset နဲ့ graphic card တို့ရဲ့ ပူးပေါင်းလုပ်ဆောင်ချက်တွေကြောင့် လျင်မြန်တိကျတဲ့ စွမ်းဆောင်ရည်တွေကို ရရှိနိုင်ပြီး multitasking တွေကိုလည်း စက်ပူလာခြင်း၊ စက်ဟမ်းသွားခြင်း မရှိစေဘဲ လျင်မြန်စွာ ဆောင်ရွက်နိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေကို အချိန်ကြာကြာ လုပ်ဆောင်နိုင်ဖို့အတွက် ဘက်ထရီစွမ်းအားကတော့ အနည်းငယ် အားနည်းနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ သူ့ဈေးနှုန်းနဲ့သူကတော့ သုံးစွဲရတာတန်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ခန့်ညားထည်ဝါတဲ့ ဒီဇိုင်းပုံစံနဲ့ လိုက်ဖက်ညီအောင် ထုတ်လုပ်ပေးထားတဲ့အရောင် ၂ မျိုးကတော့ အမည်းရောင်နဲ့ ရွှေရောင်တို့ပဲ ဖြစ်ပါတယ်။

Battery Life
------------
ထည့်သွင်းပေးထားတဲ့ Non-removable Li-Ion 2400mAh Battery က နာရီပေါင်း ၁၆ နာရီခန့် ဖုန်းဆက်တိုက် ပြောနိုင်ပြီး သီချင်းနားထောင်မယ်ဆိုရင်လည်း ၅၄ နာရီခန့် အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် ဘက်ထရီစွမ်းအား အလွန်မြင့်မားတဲ့ဖုန်းတော့ မဟုတ်ပါဘူး။

Design
-------
Samsung Galaxy J5 Prime ရဲ့ ဒီဇိုင်းပုံစံက သိပ်တော့မထူးခြားပေမယ့် ဘေးဘက်ထောင့်က အဝိုင်းလေးဖြစ်တာကြောင့် ကိုင်တွယ်သုံးစွဲရတာ လက်ထဲမှာ ကျစ်ကျစ်လျစ်လျစ်လေး ဖြစ်စေမှာပါ။ အထူက 8.1 mm တောင်ရှိတာကြောင့် အနည်းငယ်ထူတဲ့ ဖုန်းအမျိုးအစားထဲမှာ ပါဝင်ပြီး အလေးချိန်ကတော့ အနေတော်ပဲ ဖြစ်ပါတယ်။






Processor
----------
Galaxy J5 Prime မှာ RAM 2GB ပါရှိတဲ့ quad-core 1.4GHz Cortex-A53  processor ကို အသုံးပြုပေးထားပြီး အဆင့်မြင့် Graphic Card ကို ထောက်ပံ့ပေးထားပါတယ်။  ဒါကြောင့် လျင်မြန်သွက်လက်တဲ့ လုပ်ဆောင်ချက်တွေကို တိတိကျကျ ရရှိနိုင်ပြီး multitasking တွေကိုလည်း လျင်မြန်စွာ ပြုလုပ်နိုင်ပါတယ်။
Display and Camera
ထောက်ပံ့ပေးထားတဲ့ IPS LCD capacitive touchscreen display က ၅ လက်မကျယ်ပြီး HD မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။ ၁ လက်မ အတိုင်းအတာအရဆိုရင် ~294 ppi pixels သိပ်သည်းဆပမာဏကို ပေးစွမ်းနိုင်ပါတယ်။ Samsung Galaxy J5 Prime ကင်မရာပိုင်းမှာလည်း 13MP ရှိတဲ့ အနောက်ကင်မရာနဲ့ 5MP ရှိတဲ့ အရှေ့ကင်မရာတို့ကို တပ်ဆင်ပေးထားပါတယ်။

Verdict
-------
ဒီ Samsung Galaxy J5 Prime ဟာ Galaxy J7 Prime, Galaxy J5 (2016) တို့နဲ့ ဘာမှတော့ သိပ်ကွာခြားမှု မရှိပါဘူး။ ထည့်သွင်းပေးထားတဲ့ specs တွေနဲ့ features တွေကို ကြည့်လိုက်ရင်လည်း ပေးရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်မှုရှိတာကို တွေ့ရပါတယ်။

Specification
=========
» Network : GSM/HSPA/LTE (Dual-SIM) 
» Weight : 143 g
 » Display : 5.0", IPS LCD capacitive touchscreen
 » Dimensions : 5.62 x 2.74 x 0.32 inch
 » Memory : 16GB, 2GB RAM, microSD, up to 256GB
 » Camera : 13 Megapixel, Front : 5 Megapixel autofocus, LED flash, Geo-tagging,   touch focus, face detection, panorama, HDR 
» Connectivity : GPS, WLAN, Bluetooth v4.2, microUSB v2.0 
» OS : Android OS, v 6.0.1 (Marshmallow)
 » Chipset : CPU : Quad-core 1.4GHz Cortex-A53
 » Protection : Corning Gorilla Glass
 » Sensors : Fingerprint, accelerometer, proximity
Credit-Netguide Journal