Monday, June 19, 2017

အထက်တန်းစား ဗုဒ္ဓဘာသာဝင် 

ဗုဒ္ဓဘာသာဝင် တို့သည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃ တည်းဟူသော အမြတ်ဆုံးသော ရတနာ သုံးပါးကို ကိုးကွယ် ကြသူများ ဖြစ်သည့်အလျှောက် အမြတ်ဆုံး ရတနာ သုံးပါးကလည်း ကိုးကွယ် သူတို့အား အမြတ်ဆုံးသော အကျိုးများကို ရစေနိုင်စွမ်း ရှိပါတယ်။ သို့သော် ရတနာသုံးပါးကို ကိုးကွယ်ကြသူချင်း တူစေကာမူ အကျိုးပေးမှု အနည်းအများ ကွာဟတဲ့ အလျှောက် ကိုးကွယ်သူတို့ရဲ့ ဘ၀အနိမ့် အမြင့် ခြားနားလျှက် ရှိပါတယ်။ ဒါဟာ ကိုးကွယ်ပုံခြင်း၊ ရတနာသုံးပါးကို ကြည်ညိုပုံခြင်း မတူညီကြလို့ဖြစ်ပါတယ်။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင် အဖြစ် ခံယူပုံ နည်းလမ်းခြင်း ကွဲပြားနေလို့ ဖြစ်ပါတယ်။

စင်စစ် ဗုဒ္ဓဘာသာဝင် ဟူသည်မှာ ဗုဒ္ဓ၏ အဆုံးအမများကို ဘ၀လမ်းညွှန်အဖြစ် လိုက်နာခံယူ ကျင့်သုံးသူများပင် ဖြစ်ပါတယ်၊ ဒီလို လိုက်နာကျင့်သုံးရာမှာ ဗုဒ္ဓဘာသာဝင် တစ်ဦးနဲ့ တစ်ဦး ဗုဒ္ဓ၊ ဓမ္မပေါ် သိရှိပုံပမာဏခြင်း၊ လိုက်နာကျင့်သုံးပုံ ပမာဏခြင်း မတူညီကြပါဘူး။ ဗုဒ္ဓ အဆုံးအမများကို အနှစ်သာရပိုင်းထိ ထိုးထွင်းသိမြင်သူများ ရှိသလို၊ သာမန်ကာလျှံကာ သိသူများလည်း ရှိပါတယ်။ ပါရမီအနုအရင်၊ ၀ီရိယအပြင်း အပျော့အရ ကွဲပြားခြားနားချက် များလည်း ရှိပါတယ်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ လို့ သရဏဂုံ တင်ထားပေမယ့်လည်း အခြားသော တစ်စုံတစ်ရာကို သရဏံ ဂစ္ဆာမိချင် သူများဆိုလျှင် ရတနာသုံးပါး ကိုးကွယ်သူရယ်လို့ ဆိုရန်ပင် ခက်လှပါတယ်။ ဘုရားစင် အနီးအပါးမှာ အာသဝေါမကုန်ခမ်းသေးတဲ့ ပြည်တွင်းဖြစ် ဘိုးတော်၊ မယ်တော်၊ ပြည်ပမှ ဘိုးတော်၊ မယ်တော်ရဲ့ ပုံများကို ချိတ်ဆွဲသူများဟာ ရတနာသုံးပါးမှတပါး အားထားစရာ မရှိပြီလို့ ခံယူထားတဲ့သူများ မဟုတ်ပါဘူး။ အကြောက်တရားနဲ့ မျှော်လင့် တောင့်တမှုပေါ် အခြေခံပြီး ဓာတ်ရိုက်ဓာတ်ဆင်၊ ယတြာချေ၊ ဂါထာမန္တန် ရွတ်သူများဟာ (ဗုဒ္ဓ ဘာသာဝင်တို့ အဖို့ အရေးကြီးဆုံးဖြစ်တဲ့) ကံ-ကံ၏အကျိုးကို မမှိတ်မသုန် ယုံကြည်သူများ မဟုတ်ပါဘူး၊ အတ္တနှင့် အတ္တနိယအပေါ် အခြေစိုက်တဲ့ လည်းကောင်းအပြု အမူတွေဟာမြတ်ဗုဒ္ဓရဲ့ ဓမ္မလမ်းကြောင်းနဲ့ ဖီလာဆန့်ကျင် လျှက်ရှိပြီး ဥုံ မဏိပဒွေဟုံ ကဲ့သို့ မဟာယနဂိုဏ်းရဲ့ ထိုးဖောက်မှုကြောင့် ဗုဒ္ဓဘာသာဝင်တို့မှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ကိုယ်ခံအားနည်းပါး ရှာသူတွေ ဖြစ်လာကြပါတယ်

မြတ်ဗုဒ္ဓရဲ့ ဓမ္မမှာ လောဘ၊ ဒေါသ၊ မောဟတို့ကို ငြိမ်းစေသော နည်းလမ်းများ ညွှန်ပြထားသလို သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ တို့မှ လွတ်မြောက်စေတဲ့ ကျင့်စဉ်တွေလည်း အမြောက်အများ ရှိပါတယ်။ ဗုဒ္ဓဘာသာဝင် အဖြစ်ခံယူပြီး လောဘ၊ ဒေါသ၊ မောဟတွေ ထူပြောနေပါလျှင်၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿတို့ ပူလောင်ဆူပွတ် နေပါလျှင် (အဖြေကားရှင်းပါတယ်) ဗုဒ္ဓ၏ ဓမ္မကို လိုက်နာ ကျင်သုံးမှုမှာ အားနည်းလို့သာ ဖြစ်ပါတယ်။

ဘုရားရှင်က ရတနာသုံးပါး အပါ် ကြည်ညိုမှု သဒ္ဓါတရား အနည်းအများပေါ် အမှီပြုပြီး အထက်တန်းစား ဗုဒ္ဓဘာသာဝင်နှင့် အညံ့စား ဗုဒ္ဓဘာသာဝင် ရယ်လို့ နှစ်မျိုး ကွဲပြားကြောင်းနဲ့ လည်းကောင်းတို့ရဲ့ လက္ခဏာများကို ဟောကြားတော် မှုခဲ့ပါတယ်
အထက်တန်းစား ဗုဒ္ဓဘာသာဝင်တို့ ရဲ့ လက္ခဏာများ

၁။ ရတနာသုံးပါးအပါ်၌ နှစ်နှစ်ကာကာယုံကြည်ခြင်း
၂။ ကိုယ်ကျင့်သီလနှင့် ပြည်စုံခြင်း
၃။ ကေတုဟလ မင်္ဂလာကို မယုံကြည်ခြင်း
၎။ လောကီမင်္ဂလာတို့ကို မယုံကြည်ဘဲ ကံကိုသာအနှစ်သာရ အားဖြင့် ယုံကြည်ခြင်း
၅။ ဗုဒ္ဓသာသနာတော် အတွင်း၌သာ မြတ်သောအလှူခံ ပုဂ္ဂိုလ် ရွှေးချယ်စီစစ်၍ ဦးစွာပေးလှူ ကြည်ဖြူ မြတ်နိုးခြင်း တို့ဖြစ်၏။

ဤလက္ခဏာများ နှင့်ပြည့်စုံသူကို ဘုရားရှင်က ဗုဒ္ဒဘာသာဝင် ရတနာ၊ ဗုဒ္ဓဘာသာဝင် ပဒုမ္မာ၊ ဗုဒ္ဓဘာသာဝင် ပုဏ္ဏရိတ် လို့ ဂုဏ်ပြုတော်မူပါတယ်။

အညံစားဗုဒ္ဓဘာသာဝင်တို့၏ လက္ခဏာများ

၁။ ရတနာသုံးပါးအပါ်၌ နှစ်နှစ်ကာကာ မယုံကြည်ခြင်း
၂။ ကိုယ်ကျင်သီလမရှိခြင်း
၃။ ကောတုဟလ မင်္ဂလာကို ယုံကြည်ခြင်း
၎။ ကံကိုမယုံကြည်ဘဲ လောကီမင်္ဂလာ အနှစ်သာရအားဖြင့် ယုံကြည်ခြင်း
၅။ အခြားဘာသာ၌မြတ်သော အလှူခံပုဂ္ဂိုလ်ရှိနိုး မျှော်ကိုးရှာမှီးလျှက် ဦးစားပေးလှူ ကြည်ဖြူ မြတ်နိုးခြင်းတို့ ဖြစ်သည်။

ယင်းလက္ခဏာတို့ နှင့် ပြည့်စုံသော ဗုဒ္ဓဘာသာဝင်မျိုးကို ဗုဒ္ဓဘာသာဝင် အောက်တန်းစား ဗုဒ္ဓဘာသာဝင် အညစ်အကြေး၊ ဗုဒ္ဓဘာသာဝင် ဒွန်းစဏ္ဍားဟု ဘုရားရှင်က မိန့်ဆိုတော်မူခဲ့ပါတယ် ဤသို့လျှင် မိမိသည် အထက်တန်းစား ဗုဒ္ဓဘာသာဝင်လား၊ အညံ့စားဗုဒ္ဓဘာသာဝင်လာ ဟူသည်ကို ဘုရားရှင်၏ အထက်ပါ စံညွှန်းများကို အမှီပြု၍ ဆုံးဖြတ်နိုင်ပါတယ်။ ရတနာသုံးပါးနှင့် ကံ-ကံ၏အကျိုးကို ကြည်ညိုမှုသဒ္ဓါ စွဲစွဲမြဲမြဲ နှစ်နှစ်ကာကာ ခိုင်မာလျှင် လောကီမင်္ဂလာ၊ ကောတူဟတမင်္ဂလာ တို့မှာစိတ်ညွတ်မှု မရှိနိုင်ပါ။

ဗေဒင်၊ ယတြာ၊ အင်း၊ လက်ဖွဲ့၊ ဂါထာ၊ မန္တန်တို့ကို ယုံကြည်ခြင်း၊ မည်သည့်ရုပ်ပွားတော်ကို ကိုးကွယ်လျှင်မည်သို့ စီးပွားတတ်မည်ဟု ယုံကြည်ခြင်းတို့သည် ကောတုဟလမင်္ဂလာကို ယုံကြည်ခြင်း ဖြစ်ပါတယ်။ ဒီလိုယတြာချေလျှင် ဒီလိုအောင်မြင်သတဲ့၊ ဒီအဆောင်ကြောင့် ဒီလိုကြီးပွားသတဲ့၊ ဒီရုပ်ပွားမျိုးကို ကိုးကွယ်လျှင် အန္တရယ်ကင်းသတဲ့ စတဲ့ ရုတ်တရက် ပေါ်ထွက်လာတဲ့ လောကီစီးပွား တတ်ကြောင်းများကို (ဗုဒ္ဓ၏ အဆုံးအမများနှင့် လျှော်ညီမှုရှိ၊ မရှိ) မစစ်ဆေးဘဲ မျက်ကန်း ယုံကြည်လက္ခံခြင်းတို့ဟာ အတွေးအခေါ် သူတောင်းစားတို့ရဲ့ အမှုအကျင့် သာဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ကမ္မနိယာမနှင့် ဆန့်ကျင်ဘက် ဤအမှုအလေ့မျိုးကား ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့မှာ မရှိသင့်၊ မရှိအပ်ပါ။

စင်စစ်ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဥပါသကာဟူသည်မှာ အတိတ်၊ နိမိတ်၊ ကိန်းခန်း၊ တဘောင်၊ နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ အိမ်မက်တိတ္တုံ၊ ရက်ရာဇာ၊ ပြဿဒါး စတဲ့ ဒိဋ္ဌ၊ သုတ၊ မှတ မင်္ဂလာများကို မယုံကြည်ပါ။ လည်းကောင်းလောကီ မင်္ဂလာတို့ကို ယုံကြည်လိုက်တဲ့ ဥပါသကာကို ဥပသကာအညံ့စား၊ ဒွန်းစဏ္ဍားဥပသကာလို့ ခေါ်ဝေါ်ပါတယ်၊ (ပဉ္စ္စက အဂုင်္တ္တရ စဏ္ဍာလသုတ် ကိုလေ့လာပါ) ရဟန်းတို့၊ အကြင်သတ္တ၀ါတို့သည် နံနက်သောအခါ ကိုယ်ဖြင့် သုစရိုက်ကို ကျင့်ကြကုန်၏၊ နုတ်ဖြင့် သုစရိုက်ကို ကျင့်ကြကုန်၏၊ စိတ်ဖြင့် သုစရိုက်ကိုကျင့်ကြကုန်၏၊ ထိုသတ္တ၀ါတို့အား ကောင်းသော နံနက်ဖြစ်၏၊ ထို့အတူ မွန်းတည့် ညချမ်းအခါတို့၌ သုစရိုက်ကျင့်သူတို့အား ကောင်းသောမွန်းတည့်အခါ၊ ကောင်းသောညချမ်းအခါ ဖြစ်၏၊ ဟုဘုရားရှင်ဟာ (တိအဂုင်္တ္တရပါဠိတော်-၂၉၈) မှာ ဟောတော်မူခဲ့ပါတယ်၊ ဆိုလိုရင်းမှာ သုစရိုက်တရား ကျင့်သူတို့ အား နက္ခတ်ကောင်း၊ မင်္ဂလာကောင်း၊ အခါကောင်း၊ ခဏကောင်း အားလုံး အကောင်းချည်း ဖြစ်၍ မကောင်းသော နက္ခတ်၊ မင်္ဂလာမရှိ၊ နက္ခတ်မင်္ဂလာ အကောင်းကြံရန် ဓာတ်ရိုက်၊ ဓာတ်ဆင်၊ ယတြာ စသည်တို့ကို ပြုလုပ်ရန်မလိုပါ၊ ကိုယ်ကျင့်တရား မြဲမြံရန်နှင့် သူတော်ကောင်း တရားပွားများရန်သာ လိုသည်ဟု ဆိုလိုရင်း ဖြစ်ပါတယ်။ ကမ္မနိယာမ ချည်မျှင်ရှည်ကြီးမှာ သီတန်းထားတဲ့ လူသားတို့ရဲ့ သုခ၊ ဒုက္ခများကို မည်သည့်ဂါထာ၊ မန္တန်၊ အင်း၊ ယတြာ၊ အဆောင်လက်ဖွဲ့၊ ကိုယ်စိုက်ပျိုးထားသော အပင်ကို ကိုယ်ဘဲ ရိတ်သိမ်းရပါတယ်၊ အဆိပ်ပင် စိုက်ပျိုးထားပါလျှက် ဂါထာမန္တန်၊ ယတြာ အားကိုးနဲ့ သြဇာပင် ရိတ်သိမ်းချင်၍ မရပါ။ ကမ္မနိယာမ မြစ်ကြောင်း အတိုင်းသာ ဘ၀စီးကြောင်း ရေအလျှင်ဟာ စီးဆင်းနေပါတယ် ဗုဒ္ဓဘာသာဝင် ဖြစ်ပါလျှက် ကံ-ကံ၏အကျိုးကို မယုံကြည်ဘဲ၊ လောကီမင်္ဂလာများ နှင့် အပေါ်ယံ အကာအလွှာ ကိုးကွယ်မှု အမျိုးမျိုးနောက် လိုက်နေသူများဟာ အညံ့စား ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။

အလျှင်းသင့်၍ သီတဂူဆရာတော် အရှင်ညာဏိဿရ၏ ဗုဒ္ဓ၀ါဒ အခြေခံသဘော တရား စာအုပ်မှ စာပိုဒ် တစ်ပိုက်ဒ်ကို တင်ပြလိုက်ပါတယ် “ ဗုဒ္ဓ ဟောကြားတဲ့အတိုင်း၊ သင်ထားတဲ့အတိုင်း၊ ဆုံးမထားတဲ့အတိုင်း၊ ကျင့်တဲ့ပုဂ္ဂိုလ်တွေကို တစ်ခါတည်း အောက်တန်းမကျ၊ အထက်တန်း ရောက်အောင် ဘယ်သူက ခေါ်ဆောင်သွား မှာလဲ အဲဒီကျင့်တဲ့တရားက ခေါ်ဆောင်သွားမှာ။ ဗုဒ္ဓက ခေါ်ဆောင်သွားမှာ မဟုတ်ပါဘူး၊ ကိုယ်ကျင့်တရားက ကိုယ့်ကို ခေါ်ဆောင်သွားမှာ။ အဲဒါကိုယုံကြည်ထားဖို့ ပါဘဲ၊ ဗုဒ္ဓ၀ါဒအရ ကိုးကွယ်ခြင်းဟာ အဲဒိအထိရောက်ရမယ်၊ ဒါမှ အဆင့်အတန်း မြင့်တာ၊ ကိုယ့်ကို ခေါ်သွားမယ့် ပုဂ္ဂိုလ်၊ ကယ်တင်သွားမယ့် ပုဂ္ဂိုလ် ဆိုတာ အခြားမှာ မရှိပါ ဘူး၊ ကိုယ့်ကို အထက်ရောက်အောင် သယ်ဆောင်သွားမှာ၊ ခေါ်ဆောင်သွားမှာ၊ အဆင့်အတန်း မြှင့်ပေးလိုက်မှာ ဘယ်သူတုန်းဆိုလျှင် ကိုယ်ကျင့်သုံးထားတဲ့ တရားပါဘဲ” ဗုဒ္ဓဘာသာမှာ ကိုးကွယ်ခြင်းဆိုတာ အကျင့်စရဏ ပြဋ္ဌာန်းပါတယ်။ မိမိကိုယ်ကို အထက်တန်းစား ဗုဒ္ဓဘာသာဝင် အဖြစ် ခံယူလိုလျှင် ဗုဒ္ဓ၏ဓမ္မနဲ့ လျှော်တဲ့ ကိုယ်ကျင့်သိက္ခာ ကိုတည်ဆောက်ဖို့ လိုပါတယ် ရတနာ သုံးတန်နှင့် ကံ-ကံ၏အကျိုးကိုသာ တစိုက်မက်မက်၊ စဉ်းငယ်မျှပင် အယိမ်းအယိုင်မရှိ၊ ပကတိ ငုတ်စိုက် ကျောက်ချထားသည့်နှယ် ယုံကြည်ဖို့ လိုပါတယ် လည်းကောင်း ယုံကြည်မှုကို ထိပါး တိမ်းစောင်းစေတဲ့ ကောတုဟတ မင်္ဂလာ၊ လောကီ မင်္ဂလာတို့မှာ အားကိုးရှာခြင်း မျိုးကို အတွင်းအဇ္ဈတ္တမှာ လုံးဝ ၀င်ရောက်ခွင့်မပြုသင့်ပါဘူး။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၏ ဟိုဘက်မှာ အခြားသော သရဏံ ဂစ္ဆာမိ ရှိမနေသင့်ပါ။ ဓမ္မံ သရဏံ ဂစ္ဆာမိ၏ ဟိုဘက်မှာလည်း အခြားသော သရဏံ ဂစ္ဆာမိ ရှိမနေသင့်ပါ။ ထေရ၀ါဒ ဗုဒ္ဓသာသနာတော် မြတ်၏ အညစ်အကြေး ဖြစ်တဲ့၊ အတွင်းရန်သူ တန္တရယာန၊ မန္တရယာန၊ ယန္တရယာနများ၏ အန္တရယ်စက်ကွင်းမှ လွတ်အောင်ရှောင်ပြီး မြင့်မြတ်သန့်စင်သော အထက်တန်းစား ဗုဒ္ဓဘာသာဝင် အဖြစ်(အကျင့်စရဏ) ဖြင့်ခံယူနိုင် ကြပါစေ။
 
၁၉၉၁ ဧပြီလထုတ်၊ အမှတ်-၁၆ဓမ္မရံသီပေါင်းချုပ်မှ။

မင်းနန်(မော်ကျွန်း)

Wednesday, May 31, 2017

Facebookမှာ ကုလားဆိုတဲ့ အသုံးအနှုန်းပါဝင်တဲ့ Post တွေ ဖယ်ရှားခံခဲ့ရတဲ့ အကြောင်းအရင်း

_______________________________________


မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက နိုင်ငံတွင်း လူတော်တော်များများ လူသုံးများလာတဲ့ Facebook လူမှုကွန်ယက်ပေါ်မှာ ကုလားဆိုတဲ့ အသုံးအနှုန်းပါဝင်တဲ့ Post တွေ ဖယ်ရှားခံခဲ့ရသလို အဲဒီ Post တွေတင်ခဲ့တဲ့ Account တချို့ အပိတ်ခံခဲ့ရပါတယ်။

 ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ယက်တွေပေါ်မှာ အမုန်းစကား ဖြန့်ဝေနေတာတွေကို တားဆီးဖို့ နိုင်ငံတကာအစိုးရတွေရဲ့ ဖိအားတွေရှိနေချိန်မှာ ကမ္ဘာတဝန်း ဘာသာစကား ၇၀ ကျော်နဲ့ သုံးစွဲသူ သန်း ၂ ထောင်နီးပါးရှိနေတဲ့ Facebook က မြန်မာနိုင်ငံမှာ ကုလားဆိုတဲ့ အသုံးအနှုန်းကိုပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ 

ဒါပေမဲ့ မြန်မာဘာသာမှာ ကုလားပဲ၊ ကုလားထိုင်စတဲ့ ကုလားကိုအခြေခံတဲ့ အသုံးအနှုန်းတွေ အများအပြား ရှိနေတာကြောင့် ကုလား ဆိုတဲ့ စာလုံးပါသမျှ ပိတ်ပင်ခဲ့တဲ့အပေါ် Facebook သုံးသူတော်တော်များများက ဝေဖန်ခဲ့ကြပါတယ်။

 မြန်မာနိုင်ငံထဲက လူမှုအသိုင်းအဝိုင်းတွေ၊ လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူတွေနဲ့ NGO အဖွဲ့တွေရဲ့အကြံပြုချက်တွေအတိုင်း လိုက်နာပြီး ခုလို တားဆီးပိတ်ပင်မှုလုပ်ခဲ့တာလို့ ပြောတယ်ဆိုတာကို Facebookက ပြောကြောင်း Online media ကုမ္ပဏီတခုဖြစ်တဲ့ Mashable ရဲ့သတင်းထဲမှာ ဖော်ပြထားပါတယ်။

ဒီအပေါ်မှာ မြန်မာနိုင်ငံတွင်း အင်တာနက်အွန်လိုင်းစာမျက်နှာ လူမှုကွန်ယက်တွေပေါ်မှာ အမုန်းစကားမပြန့်ပွားရေး ဦးဆောင် လှုပ်ရှားခဲ့သူလည်းဖြစ် လက်ရှိရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ကိုနေဘုန်းလတ်ကို အခုလို ကုလားဆိုတဲ့အသုံးအနှုန်း FB က ပိတ်ပင်ခဲ့တဲ့အပေါ် သူ့အမြင်မေးကြည့်တဲ့အခါ သူက အခုလိုစဖြေပါတယ်။

“ကိုနေဘုန်းလတ်။ ။ စကားလုံးတွေအပေါ်မှာတော့ မြန်မာစကားလုံးက အရမ်းကျယ်ပြန့်တယ်လေ။ ဒီကုလားဆိုတဲ့စကားလုံးကို ဒီစကားလုံးတလုံးထဲမှာကိုပဲ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ပြောတာရှိတယ်၊ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ သုံးနေတာရှိတယ်။ ကုလားထိုင် တို့၊ ကုလားဟင်းတို့ အဲလိုဟာတွေလည်းရှိတယ်။ ဆိုတော့ ဒီ Wording စကားလုံးတလုံးအပေါ်မှာအခြေခံပြီးတော့ အကောင့်တွေကို ပိတ်တယ်လို့၊ ban တယ်ဆိုတာကြီးက ဘယ်လိုမှ အဆင်မပြေနိုင်ဘူး မြန်မာနိုင်ငံမှာကလေ။ စကားလုံးအပေါ်မှာမူတည်ပြီးတော့ ဖျက်တာတွေကို အားမပေးခဲ့ဘူး ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေက မထိရောက်ဘူး။ အခုဆိုရင်လည်း ဒီဟာတွေဆိုရင်လည်း ကုလားဆိုပြီးတော့လုပ်တဲ့ဟာတွေက အမှန်အတိုင်းပြောရင် ဘာမှထိရောက်မှုမရှိဘူးလေ။

မဆုမွန်။ ။ အဓိက မြန်မာပြည်မှာဒီလိုမျိုး အမုန်းပွားစေမယ့် စကားလုံးတွေလုပ်တဲ့အပေါ်မှာ Facebook ကနေပြီးတော့ တချို့ဟာတွေ report လုပ်ခိုင်းတာတွေရှိတယ်။ နောက်ပြီး ban ခိုင်းတာတွေရှိတယ်ပေါ့နော်။ ဆိုတော့ Facebook အပေါ်မှာ အခြေခံပြီးတော့မှ ဒီလိုပြဿနာ တချို့ဟာတွေက ပိုပြီးပြန့်တာမြန်သွားတော့ ထိန်းချုပ်ဖို့ လိုတယ်လို့ထင်သလား။ ဘယ်လိုပုံစံမျိုးနဲ့လုပ်မယ်ဆိုရင် အကောင်းဆုံးဖြစ်မယ်လို့ထင်သလဲ။

ကိုနေဘုန်းလတ်။ ။ဖြစ်စေချင်တာက ဒီလိုမျိုး စကားလုံးတွေနဲ့ လုပ်မယ့်အစား တချို့အရမ်းကို ဆိုးဆိုးဝါးဝါးဖြစ်နေတာမျိုးကို ဖျက်ချ Reporting system ကို ပိုကောင်းအောင်လုပ်စေချင်တယ်။ နောက်ပြီးတော့ လိုအပ်ရင် Myanmar Team ဆိုတဲ့ ပုံစံမျိုးကို ဖွဲ့စေချင်တယ်။ တယောက်တည်း ဆင်ခြင်တုံတရားနဲ့ မဟုတ်ပဲနဲ့။ တကယ့်နည်းပညာကျွမ်းကျင်သူတွေ မြန်မာ့နိုင်ငံရေးကို နားလည်တဲ့သူတွေ ပါဝင်တဲ့ အစုအဖွဲ့မျိုးဖွဲ့ပြီးတော့ အဲဒီအစုအဖွဲ့ကနေပြီးတော့ ဒီအပေါ်မှာ Report တွေအပေါ်မှာ လေ့လာပြီးတော့ ဖြုတ်သင့်မဖြုတ်သင့်ဆိုတာကို သုံးသပ်တာမျိုးပေါ့နော်။ အခုက ကုလားဆိုတဲ့စာကားလုံးမျိုးကို လုပ်တာဆိုရင်လည်းမထိရောက်ဘူး။ နောက်ပြီးတော့ Report လုပ်တဲ့ဟာတွေကလည်း သိပ်မထိရောက်ဘူး။

မဆုမွန်။ ။အရင်တုန်းကရော လူမှုအဖွဲ့အစည်းတွေ MIDO (Myanmar ICT for Development Organization) တို့လိုမျိုး Facebook တာဝန်ရှိတဲ့လူတွေနဲ့ ပူးပေါင်းပြီးတော့ဆွေးနွေးတာမျိုး ဒီအမုန်းပွားစေတဲ့ဟာမျိုးတွေ တားဆီးနိုင်ဖို့အတွက်ကို ၀ိုင်းပြီးတော့ ဆောင်ရွက်ကြမယ်ဆိုပြီးဆွေးနွေးတာမျိုးရော ရှိပါသလား အလွတ်သဘောမျိုးပေါ့နော်။

ကိုနေဘုန်းလတ်။ ။ရှိတယ် အဲဒါတွေကတော့ Civil society နဲ့တွေ့ပြီးတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကို Facebook တာဝန်ရှိတဲ့လူတွေလာပြီးတော့ အဲဒီလိုပွဲတွေလုပ်ပြီးတော့ ဆွေးနွေးတာမျိုး ရှိတယ်။ ဘန်းစကားနဲ့ ဆိုရင်လည်း အဲဒီလိုချိတ်ပြီးတော့ လုပ်ဖြစ်တာတွေရှိတယ်။ နောက်ပြီးတော့ Community တွေကို စာအုပ်တွေထုတ်တာတွေရှိတယ်။

မဆုမွန်။ ။ကိုနေဘုန်းလတ်အနေနဲ့ပေါ့နော် မြန်မာပြည်မှာ အခုဆိုရင် Social Media ကိုအသုံးပြုသူလည်းများလာတယ်၊ နောက် Social Media ကိုအသုံးပြုပြီးတော့မှ ဒီလိုလူမျိုး ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားဖို့အတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေမယ့်အနေအထားမျိုးနဲ့ Social Media ကိုအသုံးပြုလာတဲ့ အနေအထားလည်း ရှိတော့Facebookအနေနဲ့ ဘယ်လိုမျိုးပုံစံမျိုးနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တာဝန်ရှိတဲ့သူတွေနဲ့ရော ပူးပေါင်းပြီးတော့ ဆောင်ရွက်သင့်တယ်လို့ အကြံပြုချင်တာရှိပါသလဲရှင့်။

ကိုနေဘုန်းလတ်။ ။ Facebook အနေအထားကတော့ Community way လူထုနည်းနဲ့ ဖြစ်တာမျိုးတော့ လူထုလှုပ်ရှားမှုတွေလည်း Facebookက ဒီထက်ပိုပြီးတော့ လုပ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တခါတုန်းက ဘန်းစကားနဲ့ Facebook sticker လေးတွေလုပ်တဲ့ဟာမျိုးအပြင်ကို အခြားလူထုကို အသိပညာပေး တဲ့လှုပ်ရှားမှုကိုလည်း လုပ်သင့်တယ်ပေါ့နော် ဒါကတော့ တပိုင်းပေါ့နော်။ Campaign တွေလုပ်တော့ အဲဒီလုပ်တဲ့အထဲမှာ Facebook အနေနဲ့ ဒီထက်ပိုပြီးပါဝင်သင့်တယ်ပေါ့နော်။ နောက်တခုကတော့ Facebook မှာရှိပြီးသား Community standard တွေရှိပြီးသား ၊ နောက်ပြီးတော့ Report လုပ်လို့ရတဲ့ဟာမျိုးတွေရှိပြီးသား အဲဒါတွေကို Effective ဖြစ်အောင်ဘယ်လိုစဉ်းစားမလဲပေါ့နော်။ Community standard တွေကို လူတွေများများသိအောင် နောက်တခါ Reporting System ကို ဒီထက်ပိုပြီးချောမွေ့အောင်ပေါ့နော်။ အဲဒီဟာကို ပညာရှင်တွေနဲ့ တိုင်ပင်ပြီး လုပ်သင့်တယ်။ နောက်ပြီးတော့ နောက်တခုလုပ်လို့ရတာက မြန်မာ Team ဆိုတာမျိုးဖွဲ့တာအပြင်ကို တကယ့် ယုံကြည်စိတ်ချရမယ့်သူတွေကို appoint သဘောမျိုးသတ်မှတ်ထားပြီးတော့ လှမ်းပြီးတော့ ပို့တဲ့ဟာမျိုးဆိုရင် အဲဒီ Report ကိုသေချာစစ်တာမျိုးပေါ့နော် အဲဒါမျိုးလုပ်နိုင်ရင်လည်းမဆိုးဘူး။

မဆုမွန်။ ။ဟုတ်ကဲ့ ကိုနေဘုန်းလတ် ဖြေပေးတာကျေးဇူး အများကြီးတင်ပါတယ်။

ကိုနေဘုန်းလတ်။ ။ဟုတ်ကဲ့ပါခင်ဗျ။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ကိုနေဘုန်းလတ်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

Post-Credit. နည်းပညာချစ်သူ

•●•●•ဖုန်းတစ်လုံးကို ပေါ့ပါးသွက်လက်အောင် ဘယ်လိုလုပ်မလဲ•●•●•

 ==============================================

ကျွန်တော်တို့ ဖုန်းတစ်လုံးကို အင်တာနက်သုံးတဲ့နေရာမှာ တစ်နေ့တစ်ခြား Data တွေ တက်လာတာ တွေ့ရပါတယ်။ Facebook တို့ Viber တို့ကအစ ကွန်ပျူတာနဲ့သုံးရင် Log Out လုပ်လေ့ရှိကြပေမယ့် ဖုန်းနဲ့သုံးရင် ပုံမှန်အားဖြင့် Log Out လုပ်လေ့မရှိကြပါဘူး။ သုံးတာကြာလာတာနှင့်အမျှ Data တွေ တဖြည်းဖြည်းတက်လာပြီး Storage တက်လာပါတယ်။ အဲဒီလို Storage တက်လာတာနှင့်အမျှ စမတ်ဖုန်းဟာ လေးလံလာတော့တာပါပဲ။ ဒီတစ်ပတ်ဆောင်းပါးမှာတော့ စမတ်ဖုန်းတစ်လုံးကို ပေါ့ပါးအောင် ဘယ်လိုလုပ်မလဲဆိုတာကို အသေးစိတ်ဖော်ပြပါမယ်။
၁။ မကြာခဏ Restart ချပါ။
တော်တော်များများက ဖုန်းကို သုံးကြပေမယ့် Restart ချတဲ့အလေ့အကျင့်မရှိကြပါဘူး။ ဖုန်းတွေဟာ သုံးတာကြာလာတာနှင့်အမျှ အပူတွေတက်လာပြီး လေးလံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင် တစ်နေ့ကို Restart ၂ကြိမ် ၊ ၃ကြိမ်ခန့် ချပေးပါ။ လူတွေတောင် အိပ်စက်အနားယူရသလို ဖုန်းတွေအတွက်လည်း ရေရှည်ခိုင်မြဲဖို့အတွက် အနားပေးသင့်ပါတယ်။ အကောင်းဆုံးကတော့ လူအိပ်ပြီဆိုလျင် ဖုန်းကိုလည်း စက်ပိတ်ထားသင့်ပါတယ်။
၂။ Software အားလုံးကို နောက်ဆုံး Version တင်ထားပါ။
စမတ်ဖုန်းတွင် Software များအားလုံး Version အသစ်ထွက်တိုင်း Update လုပ်ထားသင့်ပါတယ်။ Latest Version Software များသည် စွမ်းဆောင်ရည်မြင့်မားရုံသာမက ဘတ္ထရီသက်တမ်းကိုလည်း ကြာရှည်စေပါတယ်။
၃။ မလိုအပ်တဲ့ Data ၊ Application တွေကို ဖျက်ပစ်ပါ။
စမတ်ဖုန်းတွေမှာ Application တွေ Run ရတာ များလာရင် (သို့မဟုတ်) ဗီဒီယိုဖိုင်တွေ ၊ သီချင်းတွေ ၊ ဓာတ်ပုံတွေ စသဖြင့် Data တွေထည့်ထားတာ များလာရင်တော့ ဖုန်းဟာ လေးလံလာပါတယ်။ ကိုယ် အသုံးမပြုတဲ့ Application များကို Uninstall လုပ်ထားခြင်း ၊ ကိုယ်အသုံးမလိုတော့တဲ့ Data တွေကို Delete လုပ်ခြင်း စသည်တို့ လုပ်ထားတာက အကောင်းဆုံးပါ။
၎။ Cache ကို Clear လုပ်ပါ။
စမတ်ဖုန်းတွေဟာ အင်တာနက်သုံးတာများလာတာနှင့်အမျှ Cache File တွေ ဝင်ရောက်လာပြီး စက်လေးလာတွေ ဖြစ်လာပါတယ်။ စမတ်ဖုန်းရဲ့ Setting မှတဆင့် Clear Cache လုပ်ကာ Cache File များကို ရှင်းလင်းနိုင်ပါတယ်။ ထို့အပြင် အခြား Cache Cleaner Application များမှလည်း ရှင်းလင်းနိုင်ပါတယ်။
၅။ Live Wallpaper များကို ပိတ်ထားပါ။
စမတ်ဖုန်းများမှာ Live Wallpaper Application များအသုံးပြုထားလျင် အချိန်တိုင်း အလုပ်လုပ်နေရသောကြောင့် စက်လေးခြင်း ၊ အားကုန်မြန်ခြင်းများ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် Live Wallpaper တွေကို အသုံးမပြုဘဲ ရိုးရိုး Wallpaper ကိုသာ အသုံးပြုသင့်ပါတယ်။
Credit  :  နည်းပညာချစ်သူ

သာသနာနှစ်

မဟာသက္ကရာဇ်၊ သာသနာသက္ကရာဇ်၊ ကောဇာသက္ကရာဇ်သတ်မှတ်ပုံ
=================================

မဟာ သက္ကရာဇ် ဆိုတာ မြတ်စွာဘုရားရှင်ရဲ့ အဘိုး ( မယ်တော် မာယာဒေ၀ီရဲ့ ဖခင် ) ဒေ၀ဒဟ ပြည့်ရှင် ဘိုးတော် အဉ္စန မင်းကြီး ဟာ ကမ္ဘာဦး မဟာ သမ္မတ မင်းမှ စ၍ ရေတွက်လာသော ရောက်ဆဲ သက္ကရာဇ် ( ၈၆၄၉ ) ခုနှစ်ကို ဆရာဖြစ်သော ဒေ၀ိလ ရသေ့နှင့် တိုင်ပင်ကာ ရောက်ဆဲနှစ် တပေါင်းလကွယ် နေ့ မှ စ၍ ဖြိုဖျက် ပြီးလျင် သက္ကရာဇ် ၁ ခု ဆိုပြီး ရေတွက်ခဲ့တာပါ၊
( သက္က + ရာဇ ) သာကီဝင် မင်းတို့ စတင်ရေတွက်သော နှစ် သက္ကရာဇ် ဆိုတာ ပါဠိမှ ဆင်းသက်လာသော မြန်မာစကား လို့ ဆိုနိုင်ပါတယ်၊
နောက်မှာတော့ သာကီဝင်လူမျိုးတွေဟာ အခြားသောလူတို့ထက် ဥပဓိရုပ်လက္ခဏာ ဥာဏ်ပညာစသည်အားဖြင့် သာလွန် မြင့်မြတ်တယ် ဆိုတဲ့ အဓိပ္ပါယ်သဘောနဲ့ ( မဟာ ) ဆိုတဲ့ စကားလုံးကို ထည့်သုံးလာပြီး မဟာသက္ကရာဇ် ဆိုတာ ဖြစ်လာတာပါပဲ၊
ဒါကြောင့် မဟာ သက္ကရာဇ် ၆၈ ခုနှစ် (ယေရှု့ ခရစ်တော် မပေါ်ခင် နှစ်ပေါင်း ၆၂၃ စောတဲ့ ကာလ ) မှာ ဘုရားအလောင်းတော် ကို မွေးဖွားပြီး ၁၄၈ ခုနှစ်မှာ ပရိနိဗ္ဗာန် ပြုတော်မူခဲ့ပါတယ်၊ ဒါကတော့ မဟာသက္ကရာဇ် အသုံးအနှုံးပါ၊
နောက် တခုက ဘုရားရှင်လွန်တော်မူပြီး ပဋ္ဌမ သင်္ဂါယနာတင် မထေရ်ကြီး အရှင် မဟာ ကဿပနဲ့ ဘုရင် အဇာတသတ် တို့ တိုင်ပင်ပြီး ရောက်ဆဲ မဟာ သက္ကရာဇ် ( ၁၄၈ ) ခုနှစ်ကို ဖြိုလျက် ၁ ခုကြွင်း ထားကာသာသနာနှစ်၁နှစ်ဆိုပြီးစတင် ရေတွက်ခဲ့ကြပြန်တယ်၊ 
ဘုရားရှင်လွန်တော်မူပြီး ရေတွက်လာသောနှစ်ကို သာသနာနှစ် လို့ မှတ်သားရပါမယ်၊ အဲဒီ သာသနာနှစ်ဟာ ယခု ၂၅၅၃ ခုနှစ်ရှိပြီမို့ ဘုရားရှင် လွန်တာဟာလဲ နှစ်ပေါင်း ၂၅၅၃ နှစ် လို့ မှတ်နိုင်ပါတယ်၊(ဤစာရေးသားသည့်ခုနှစ်ရဲ့ရောက်ဆဲသာသနာနှစ်ပါ)
အဲဒီနောက် သာသနာ သက္ကရာဇ် ၆၂၄ ခုနှစ် အရောက် သရေခေတ္တရာပြည် သုမုန္ဒရီ မင်း လက်ထက်မှာ ၆၂၂ နှစ်ကို ပထမအကြိမ်အနေနဲ့ ဖြိုဖျက်ပြီး ၂ ခုကြွင်း ထားကာ စတင် ရေတွက်ခဲ့ကြပြန်တယ်၊
ဒုတိယ သက္ကရာဇ်ဖြိုသူကတော့ ပုဂံပြည် ပုပ္ပားစောရဟန်းမင်း ပါ။ သူ့လက်ထက် သရေခေတ္တရာ မှ စတင်ရေတွက်လာသော ရောက်ဆဲ သက္ကရာဇ် ၅၆၂ ခုနှစ်အရောက်မှာ ၅၆၀ ကို ဖြိုဖျက်၍ ၂ ခုကြွင်းထားကာ မြန်မာ သက္ကရာဇ် ၂ နှစ် ၃နှစ် စသည်ဖြင့် စတင်ရေတွက်ခဲ့တာ ဟာ ယနေ့ လက်ရှိ ကောဇာ သက္ကရာဇ် အစပဲ ဖြစ်ပါတယ် ၊
ဒါကြောင့် ရှေးရှေး ဆရာတို့က သာသနာနှစ်ကို သိလိုလျင် ( ဒွေ အဋ္ဌ ဧက ဧက နှော =ဒွေ-၂ အဋ္ဌ-၈ ဧက ဧက - ၁၁ )ပါဠိ ဂဏန်းမှန်သမျှ ပြောင်းပြန်ယူတွက်ရသောကြောင့် ( တစ် တစ် ရှစ် နှစ် သက္ကရာဇ် ပေါင်းလစ် သာသနာ၊ ဆိုပြီး ၂ ကြိမ် ဖြိုခဲ့သော ခုနှစ်များကိုရောက်ဆဲ ကောဇာ သက္ကရာဇ်ဖြင့် ပေါင်းထည့်က သိနိင်တယ် လို့ ဆိုပါတယ်၊ ( ၆၂၂ + ၅၆၀ = ၁၁၈၂ ) ( ကောဇာ - ၁၃၇၁ + ၁၁၈၂ = ၂၅ ၅၃ )
ယေရှု့ ခရစ်တော် သေဆုံးပြီး ပြန်လည် ထမြောက်ရာအခါမှ ရေတွက်လာသော နှစ်ကို ခရစ်နှစ် လို့ ယနေ့တိုင်ခေါ်ဆိုနေကြပါတယ်၊ ဒါကြောင့် ခြားနားတဲ့ အဓိပ္ပါယ် ရှိတဲ့ ခရစ် နှင့် သက္ကရာဇ် ဆိုတာကို ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်တွေဟာ တွဲဘက် အသုံးမပြုသင့်ပါဘူး၊
A D = An no Domini ( used to indicade that a date comes the specified number of years the traditional date of christ’s birth ) AD is an abbreviation of latin Anno domini . it is normal to write the third century AD . AD should be placed before the numerals, as in AD 375 ( not 375 AD )
ဒါက Oxford Dictionary က ဖွင့်ပြတာပါ၊ လိုရင်းအချုပ်ကတော အေဒီ အသုံးအနှုံးဟာ ရိုးရာအနေအားဖြင့် ခရစ်တော် မွေးဖွားတဲ့ နေ့ကနေ ရေတွက်တဲ့ နှစ် လို့ မှတ်ရပါမယ်၊ လက်တင် ဘာသာ ကနေ ဆင်းသက်လာတယ် လို့ ဆိုပါတယ် ၊
B C = before Christ ( placed after a date, indicating that it is before the Christian era. Usage- in 72 BC, ( not BC 72 )
ဆိုလိုတာက ဘီစီ ဆိုတာ before Christ ခရစ်တော် မမွေးဖွားမီ သုံးနှုံ့း ရေတွက်ခဲ့တဲ့ ခုနှစ် တွေကို ရည်ညွန်းပါတယ်၊
၁၂ ရာစု၊ ၁၉ ရာစု ဆိုတာကတော့ ပထမ အနေနဲ့ ရာစုနှစ်ကို ပြောရပါမယ်၊ ပညာရှင်တွေ အဆိုအရတော့ နှစ်ပေါင်း ၁၀၀ ကို ၁ ရာစု လို့ သတ်မှတ်ပြီး ၂၀၀ ရောက်ရင် ၂ ရာစု၊ ၅၀၀ ရောက်ရင် ၅ ရာစု စသည်ဖြင့် ရေတွက်ခဲ့ကြတာပါ၊ 
ဒါကြောင့် အခု ၂၀၀၉ ဆိုတော့ ၂၁ ရာစုနှစ်လို့ ပြောစမှတ် ပြုနေကြခြင်း ဖြစ်ပါတယ်
ဒီနေရာမှာ ရာစု ဆိုလို့ ပြောရအုံးမယ်၊ သာသနာနှစ် ၆ ရာစု အတွင်း ဂျေရုစလင် မြှိုတော် မှာ ခရစ်ယာန်ဘာသာကို စတင် တည်ထောင်သော ယေရှု့ ခရစ်တော် ပေါ်ပေါက် ဖွားမြင်ခဲ့တယ်လို့ ဆိုပါတယ် ၊
သာသနာ ၁၂ ရာစု အတွင်းမှာတော့ အာရေဗျပြည် ( ယခု အခေါ် ဆော်ဒီ အာရေးဗီးယား နိုင်ငံ မက္ကာ မြို့တော်မှာ တမန်တော် မိုဟာမက် ဆိုတာ ပေါ်ပေါက်လာပြီး အစ္စလာမ် ဘာသာ ကို တည်ထောင်ခဲ့ တာပါ၊ ဒါကြောင့် ဗုဒ္ဓ၀ါဒ ဟာ သိပ်ပြီးရှေးကျ တယ်လို့ ဆိုနိုင်ပါတယ်။
ဒီနေရာမှာ လူတွေ ပြောနေကြတဲ့ လူ့ သက်တမ်း ကို တွက်ပြပါအုံးမယ်၊ ယခု ၁၀၀ သက်တမ်း မဟုတ်ဘဲ ၇၅ နှစ် သက်တမ်း ပဲ ရှိတော့တယ် ဆိုတာ နှစ်ပေါင်း ၂၅၀၀ ကျော်လာပြီ ဖြစ်တဲ့ အတွက် နှစ် ၁၀၀ ကို ၁ နှစ် လျော့လာလိုက်တာ ၁၀၀ တမ်းကနေ ၂၅ နှစ် ဆုတ်ယုတ်ရင် ၇၅ နှစ် တမ်း ဆိုတာ ဖြစ်လာတာပါ၊
ဒါကြောင့် ယခု ၇၅ နှစ်သက်တမ်း တောင် အပြည့် မရှိတော့ပဲ နှစ်ပေါင်း ၅၅၃ အစွန်းထွက် ပိုနေတာကြောင့် ၇၄ နှစ် ခွဲ သက်တမ်းလို့တောင် ပြောနိုင်ပါတယ်။ တကယ် သတိ သံဝေဂ ယူတတ်မယ် ဆိုရင် တော်တော် ထိတ်လန့်စရာပါပဲ။
ဒါပေမယ့် အသက်ရှည်ကြောင်း အတိတ်ဘ၀ ၊ ယခု ဘ၀ ကုသိုလ်ကောင်းမှု့တွေ ရှိနေတယ် ဆိုရင်တော့ ၇၅ နှစ် မကပဲ ရာကျော် သက်တမ်းထိလဲ နေရတတ်ပါတယ် ၊ ဒါကြောင့် ကုသိုလ်ကောင်းမှု့ တွေကို သတိ တရား လက်ကိုင်ထားပြီး ဆည်းပူးနိုင်ပါစေ လို့ ပတ္ထနာပြု နိဂုံးချုပ်လိုက်ပါတယ်၊
အပ္ပမာဒေန သမ္ပာဒေထ -- -
အရှင်သုနန္ဒာလင်္ကာရ ( သီဟိုဠ် )

မြန်မာ့တို့သိသင့်တဲ့သမိုင်းထဲကဗမာ။

Tuesday, May 30, 2017

ဖုန်းမှာ Internet လှိုင်းအနည်းငယ် ကျနေရင် လှိုင်းအားကောင်း အောင်လုပ်နိုင်သည့်

မိမိဖုန်းမှာလှိုင်းကျနေရင်အနည်းငယ်လှိုင်း
တက်အောင်လုပ်လိုရပါတယ်ဗျာ သူက ပြီတော့
4Gပါတဲ့ဖုန်းတွေ3Gပဲတက်နေတယ်ဆိုရင် 4Gတက်အောင် ပြုလုပ်နိုင်မှာပါ။ စမ်းသပ်အသုံးပြုလိုသူများ ဒေါင်းယူရန်

Download Link



 

အဆင်ပြေကြပါစေ


ဒီနေ့ခေတ် စမတ်ဖုန်းတွေဟာ သိုလှောင်သိမ်းဆည်းနိုင်စွမ်း မြင့်မားလာတာနဲ့ အမျှ ဖုန်းထဲမှာ ကိုယ်ရေးကိုယ်တာ ဖိုင်များ၊ ဓါတ်ပုံများ၊ ဗီဒီယိုများ၊ အလုပ်ကိစ္စနဲ့ ပတ်သက် တဲ့ အရေးကြီး ဖိုင်များကို သိမ်းဆည်းလာကြပါတယ်။ သင့်ရဲ့ Android Device နဲ့ iPhone ပျောက်ဆုံးသွားရင် အဲဒီဖိုင်တွေအတွက် စိုးရိမ်စရာပါ။ ဒီလို စိတ်ပူစရာတွေ မဖြစ်ရလေအောင် သင့်ရဲ့ စမတ်ဖုန်း မပျောက်ဆုံးခင်မှာ ကြိုတင်ကာကွယ်ထားရမယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။
Bonus : သင့်ရဲ့ ဖုန်းကို Lock ပြုလုပ်ထားပါ။
သင့်ရဲ့ စမတ်ဖုန်း ပျောက်ဆုံးသွားရင် အခြားလူများ ဖုန်းထဲသို့ လွယ်ကူစွာ ၀င်လို့မရ အောင် Lock ပြုလုပ်ထားသင့်ပါတယ်။ စမတ်ဖုန်းတွေမှာ Passcode, Password, Face Unlock, Pattern နဲ့ အခုဆိုရင် လက်ဗွေရာလုံခြုံရေးစနစ်တွေနဲ့ ကာကွယ်ထားနိုင်ပါပြီ။ iOS အတွက် 
Settings> Passcode or Touch ID & Passcode မှာ Lock ပြုလုပ်နိုင်ပါတယ်။ 
Android အတွက်တော့ Settings> Security > Screen Lock မှာ ပြုလုပ်နိုင်ပါတယ်။

၁။ Find my iPhone/iPad နဲ့ Android Device Manager တို့ကို အသုံးပြုပါ။
ဒီစွမ်းဆောင်ချက် နှစ်ခုက ပျောက်သွားတဲ့ သင့်ဖုန်းရဲ့ တည်နေရာကို ခြေရာခံပေးနိုင် ပါတယ်။ 
အဝေးကနေ Lock ပြုလုပ်နိုင်သလို ဒေတာတွေကို ဖျက်ဆီးနိုင်ပါတယ်။ ဒါပေမယ့် ဒီစွမ်းဆောင်ချက်တွေကို သင့်ဖုန်း မပျောက်ခင်မှာ Enable လုပ်ထားရမှာပါ။
Android : Google Setttings App ထဲသွားပြီး Security အောက်မှ “ Remotely locate …. “ နဲ့ 
“ Allow remote lock …. “ နှစ်ခုမှာ အမှန်ခြစ်ပေးပါ။
Android Phone ပျောက်သွားရင် Android Device Manager ၀က်ဆိုက်ကိုသွားပြီး ဖုန်းမှ Google Account နဲ့ Log In ၀င်ပါ။ ၀က်ဆိုက်ကနေ ဖုန်းရဲ့ တည်နေရာကို ခြေရာခံနိုင်ပြီး 
Lock ပြုလုပ်တာ၊ ဒေတာများကို ဖျက်ဆီးတာတို့ကို ပြုလုပ်နိုင်ပါတယ်။
iOS : Settings> iCloud > Find My iPhone ( or iPad) ထဲသွားပြီး Find My iPhone Setting ကို Enable လုပ်ပါ။
ဖုန်းပျောက်သွားရင် ဒတ်စတော့ ၀က်ဘရောက်စာကနေ iCloud.com ကို သွားပြီး Apple Account နဲ့ Log In ၀င်ပါ။ Find My iPhone ကို နှိပ်ပြီး သင့်ဖုန်းရဲ့ တည် နေရာကို မြေပုံမှာ ရှာဖွေပါ။

၂။ သင့်ဖုန်း Sleep ဖြစ်သွားတာနဲ့ ချက်ချင်း Lock ပြုလုပ်ဖို့ သတ်မှတ်ပါ။
သင့်ဖုန်းဟာ Sleep ဖြစ်သွားပြီးနောက် အချိန်ဘယ်လောက်ကြာရင် အလိုအလျှောက် Lock ပြုလုပ်ရမလဲဆိုတာကို သတ်မှတ်နိုင်ပါတယ်။ သင့်ဖုန်း ပျောက်သွားတာနဲ့ Lock ဖြစ်နေစေဖို့ အချိန်ကို နည်းသထက်နည်းအောင် သတ်မှတ်ထားသင့်ပါတယ်။
Android : Settings> Security > Automatically Lock ထဲသွားပြီး အများဆုံး ၃၀ မိနစ်ကနေ 
ချက်ချင်း Lock လုပ်ဖို့ သတ်မှတ်သင့်ပါတယ်။
iOS : Settings> Passcode> Require Passcode ထဲသွားပြီး လေးနာရီကနေ ချက်ချင်း Lock လုပ်ဖို့ သတ်မှတ်နိုင်ပါတယ်။ Touch ID ပါရင်တော့ Immediately ကိုပဲ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

၃။ Control Center ကို Lock Screen မှာ ပိတ်ပါ။ ( iOS )
iOS 7 ကနေ စပြီး iOS Device တွေမှာ Control Center ပါရှိလာပါတယ်။ Control Center ကနေ WiFi, Cellular Settings, Media Controls, Alarms, Timers, Camera တို့ကို လျှင်မြန်စွာ အသုံးပြုနိုင်ပါတယ်။ Control Center ကို Lock Screen ကနေလည်း အသုံးပြုနိုင်တဲ့အတွက် အဆင်ပြေပေမယ့် သင့်ဖုန်း ပျောက်ဆုံးသွားရင်တော့ ဖုန်းရဲ့ Settings နဲ့ အခြားအရာများကို အခြားလူများက အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 
အဲဒီအတွက် Control Center ကို Lock Screen မှာ ပိတ်ထားသင့်ပါတယ်။
Settings> Control Center ထဲသွားပြီး “ Access on Lock Screen “ ကို Off လုပ်ပေးပါ။

၎။ အားကောင်းတဲ့ PIN , Password များပေးပါ။
သင့်ဖုန်းကို Lock လုပ်တဲ့ နေရာမှာလည်း ရှည်လျား ၊ ရှုပ်ထွေးပြီး သင် အလွယ်တကူ မှတ်မိနိုင်တာမျိုးကို ပေးသင့်ပါတယ်။ ဥပမာ အားဖြင့် “ My Father’s Name Is U Myint Naing and His Birthday Is 4th January 1950. “ ဆိုတဲ့ ၀ါကျကနေ ထိပ်ဆုံး စကားလုံးတွေကို ထုတ်နုတ်လိုက်ရင် “ mfniumnahbi4j1 “ ဆိုတဲ့ Password ကို ဖန်တီးနိုင်ပါတယ်။ 
အဲဒီ Password ဟာ ရှည်လျား ၊ ရှုပ်ထွေးပေမယ့် သင် အလွယ်တကူ မှတ်မိနိုင်ပါတယ်။
Screen Lock ပြုလုပ်ရမယ့် နေရာကိုတော့ Bonus အပိုင်းမှာ ပြောပြခဲ့ပြီးပါပြီ။

၅။ သင့်ဖုန်းမှ ဒေတာများကို Encrypt လုပ်ပါ။ ( Android )
Android 5.0 Lollipop ကို Pre-installed လုပ်ထားတဲ့ Android Phone, Tablet များမှာတော့ ဖုန်းမှ ဒေတာများကို Default အားဖြင့် Encrypt လုပ်ထားပေးပါတယ်။ 
သင့်ရဲ့ Passcode နဲ့ ဖွင့်မှသာ ဒေတာများကို ရယူနိုင်မှာ ဖြစ်ပါတယ်။
Lollipop ကို ကိုယ်တိုင် အဆင့်မြှင့်ထားတဲ့ ဖုန်းများအပါအ၀င် Android Phone , Tablet အဟောင်းများမှာတော့ ကိုယ်တိုင် Encrypt လုပ်ရမှာပါ။ Encrypt လုပ်ရင် အချိန် တစ်နာရီလောက်ကြာမြင့် တတ်ပြီး အဲဒီအချိန်အတွင်းမှာ ဖုန်းကို အသုံးပြုလို့မရပါဘူး။
 နောက်ပြီး Encrypt လုပ်နေစဉ်မှာ ဖုန်းကို အားသွင်းထားရမှာ ဖြစ်ပါတယ်။
Settings> Security > Encrypt Phone မှာ ပြုလုပ်နိုင်ပါတယ်။
သတိပြုရန် ။ ။ Encrypt လုပ်နေစဉ်မှာ Abort ပြုလုပ်ရင် သင့်ရဲ့ ဒေတာ အချို့ သို့မဟုတ် အားလုံး ဆုံးရှုံးသွားနိုင်တယ်လို့ Google က သတိပေးထားပါတယ်။ အဲဒီအတွက် စိတ်ရှည်ရှည်ထားပါ။

၆။ Activation Lock ကို ဖွင့်ပါ။ ( iOS )
ဖုန်းသူခိုးများက သင့်ရဲ့ ဖုန်းမှ ဒေတာတွေကို စိတ်မ၀င်စားကြပါဘူး။ သူတို့ အလိုရှိတာက သင့်ဖုန်းမှ ဒေတာများကို ဖျက်ဆီးပြီး ဖုန်းကို ရောင်းစားဖို့ပါ။
iOS 8 မှာ Activation Lock ဆိုတဲ့ စွမ်းဆောင်ချက် အသစ်ပါရှိလာပြီး ဖုန်း ခိုးခံရရင် သင့်ရဲ့ Passcode ကို သိမှသာ ဖုန်းကို Reactivate လုပ်လို့ရမှာ ဖြစ်ပါတယ်။ Activation Lock ဟာ Find My iPhone or iPad ကို Enable လုပ်ထားမှ အလုပ်လုပ်ပါတယ်။
Settings> iCloud> Find My iPhone or iPad မှာ Enable လုပ်ပေးပါ။

၇။ သင့်ရဲ့ အမည်နဲ့ Contact Info ကို Lock Screen မှာ ရေးထားပါ။ ( Android )
သင့်ရဲ့ ဖုန်း၊ တက်ဘလက် ပျောက်သွားရင် Android Device Manager ကနေ Lock ပြုလုပ်လို့ရသလို ဖုန်းထံ Message ပေးပို့နိုင်ပါတယ်။ ဖုန်းကို ကောက်ရသူက ပြန်ပေးချင်ရင် သင့်ကို ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ ဖုန်းဟာ Airplane Mode ထဲမှာ ရှိနေရင် သို့မဟုတ် လိုင်းမမိတဲ့ နေရာမှာ ရောက်နေရင် အပေါ်က နည်းလမ်းက အဆင်မပြေပါဘူး။
အဲဒီအတွက် သင့်ရဲ့ Android Device မပျောက်ခင်မှာ Lock Screen မှာ သင့်ရဲ့ အမည်၊ အီးမေး၊ နေရပ်လိပ်စာ၊ အခြားဆက်သွယ်ရမယ့် ဖုန်းနံပါတ် စတဲ့ Contact Info ကို ရေးသားထားသင့်ပါတယ်။
Settings> Security> Owner Info မှာ ရေးသားနိုင်ပါတယ်။ Lollipop မတိုင်ခင် ဖုန်းတွေမှာတော့ Show owner info on lock screen မှာလည်း အမှန်ခြစ်ပေးရမှာ ဖြစ်ပါတယ်။

၈။ Send Last Location ကို အသုံးပြုပါ။ ( iOS )
သင့်ရဲ့ iOS Device ဟာ ဘက်ထရီ ကုန်သွားရင် Find My iPhone ကို အသုံးပြုပြီး ရှာဖွေလို့ မရတော့ပါဘူး။ အဲဒီအတွက် ဘက်ထရီ မကုန်ခင်မှာ သင့် iDevice ရဲ့ နောက်ဆုံးတည်နေရာကို Apple ရဲ့ ဆာဗာများထံ ပေးပို့ထားရင် သင့်ဖုန်းရဲ့ တည်နေရာကို ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။
Settings> iCloud> Find My iPhone or iPad မှာ Send Last Location ကို On ပေးပါ။

၉။ Lock Screen မှာ Notification များကို ဖွက်ထားပါ။
Lock Screen မှာ Notification များကို ပြသပေးထားခြင်းဟာ အီးမေး၊ Text Messages ၊ Calendar Events နဲ့ အခြား သတင်းအချက်အလက်များကို Unlock လုပ်စရာမလိုဘဲ သိနိုင်တဲ့အတွက် အဆင်ပြေပါတယ်။ ဒါပေမယ့် အခြားလူများက Lock Screen မှ သတင်းအချက်အလက်များကို သိသွားနိုင်ပါတယ်။ ဒီလို မဖြစ်စေချင်ရင်တော့ Lock Screen မှာ Notification များ ပြသထားခြင်းကို ပိတ်ထားနိုင်ပါတယ်။
Android : Settings> Sounds and Notifications ထဲသွားပြီး When device is locked ကို နှိပ်ပါ။ 
အဲဒီကနေ Option သုံးခုကို ရွေးချယ်နိုင်ပါတယ်။ Show all notification content ကတော့ Notification အားလုံးကို အပြည့်အစုံပြသမှာပါ။ Hide sensitive notification content ကတော့ ဥပမာအားဖြင့် အီးမေးဝင်လာရင် အသိပေးမှာ ဖြစ်ပေမယ့် Subject Line ကို ဖွက်ထားပေးမှာ ဖြစ်ပါတယ်။ 
Don’t show notification ကတော့ Notification အားလုံးကို Lock Screen မှာ ပိတ်ပေးထားမှာပါ။
iOS : iOS မှာတော့ Lock Screen မှာ Notification တွေကို ပိတ်တာဟာ Android လောက် မလွယ်ကူပါဘူး။ Notification ပြသတဲ့ Apps တိုင်းကို စစ်ဆေးရမှာ ဖြစ်ပါတယ်။ 
Settings> Notifications ထဲသွားပြီး App တစ်ခုချင်းစီထဲကို ၀င်ကြည့်ရမှာပါ။ 
App မှာ Show on Lock Screen ပါရင် Off လုပ်ရမှာ ဖြစ်ပါတယ်။

Credit...Thu Ya

What IS EMMC




EMMC ဆိုတာSmart Phones တွေ ၊ Tablet တွေ မှာပါဝင်တဲ့Electronic Chip တစ်ခုပါ။

မိုဘိုင်း Device တွေမှာပဲပါဝင်တာလားဆိုရင်တော့မဟုတ်ပါဘူး ။

GPS Devices တွေ ၊ Digital Camera တွေ၊ e-Readers တွေ နဲ့

အခြား မိုဘိုင်း Devices မှာထည့်သွင်းအသုံးပြုထားတဲ့ chip တစ်ခုဖြစ်ပါတယ်။

EMMC ဆိုတဲ့ဝေါဟာရရဲ့ အရှည်ကောက်ကတော့ embedded Multi-Media Controller လို့အမည်ရပါတယ်။

embedded Multi-Media Controller ဆိုတဲ့ဝေါဟာရကို အတိုခေါ်လိုက်တော့ EMMC ဖြစ်သွားတယ်ပေါ့နော်။

EMMC Chip တွေဟာ Device တစ်ခုရဲ့Boot နဲ့ embedded/external Storage

အပိုင်းတွေအတွက် အဓိကလုပ်ဆောင်ပေးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။

EMMC Chip ထဲမှာ (multimedia card) interface ၊ flash memory နဲ့ flash memory controller ဆိုပြီး သုံးပိုင်း ပါဝင်ပါသေးတယ်။

EMMC Chip တွေဟာ Densities range အားဖြင့် 4 GB ကနေ 128 GB အထိအမျိုးမျိုးရှိပါတယ်။

Voltage Level အားဖြင့် 1.8 V နဲ့ 3.3 V  အတွင်းမှာ EMMCChipတွေဟာ လုပ်ဆောင်နိင်တယ်လို့ အကြမ်းဖျဉ်းမှတ်သားနိုင်ပါတယ်။

EMMC Chip အသုံးပြု မိုဘိုင်းdevices အရေအတွက်ဟာ လက်ရှိအချိန်အထိ အလုံးရေသန်းပေါင်း ၂၉၀ ကျော်ရှိနေပြီလို့သိရပါတယ်။

လာမယ့် ၂၀၁၅ ခုနှစ်မှာ ဒီထက်ပိုမိုများပြားလာမှာဖြစ်ပြီး Android ,iPhone နဲ့ Windows Phone  တွေမှာ

ပိုမိုအသုံးပြုလာကြလိမ့်မယ်လို့ထင်ရပါတယ်။

ဒီလောက်ဆိုရင် EMMC ဆိုတာဘာလဲ ၊ EMMC ရဲ့အကြောင်းကို သိရှိကြမယ်လို့ ထင်ပါတယ်။

သိသလောက်တွေ့သလောက်သာ ပြန်လည်မျှဝေခြင်းဖြစ်သောကြောင့် ပြည့်စုံမှုမရှိပါက နားလည်ပေးစေ လိုပါတယ်ခင်ဗျာ။

မူရင်းပို့စ်တင်သူကို Credit 
#newdesign #sagaing