လယ်သမားဇနီး က ကိုယ်ပိုင် broadband အင်တာနက် လိုင်း တည်ဆောက်
ခရစ္စတင်းကွန်ဒါ အမည်ရှိတဲ့ အမျိုးသမီးတစ်ဦး ဟာ ၁ ကီလိုမီတာ အရှည်ရှိတဲ့
ဖိုင်ဘာကြိုး ၀ယ်ယူပြီး ကိုယ်ပိုင်အင်တာနက်လိုင်းတစ်လိုင်း ကို
သူမကိုယ်တိုင် အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့တယ် လို့ BBC သတင်းတစ်ပုဒ် အရ
သိရပါတယ်။
.
သူမဟာ လယ်သမားတစ်ယောက် ရဲ့ ဇနီး သာ ဖြစ်ပါတယ် လို့ ၀န်ခံပြောကြားထားခဲ့တဲ့ ခရစ္စတင်း ဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းက အိမ်နီးချင်းတွေ ရဲ့ အင်တာနက်ဆက်သွယ်မှုပြသာနာတွေကို ကူညီဖြေရှင်းပေးလေ့ရှိသူတစ်ဦး လည်း ဖြစ်ပြီး အဖွဲ့ဝင် ၂၃၀၀ ရှိတဲ့ Lancahire ကျေးလက်ဒေသ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက် လည်း ဖြစ်ပါတယ်။
.
သူမ တည်ဆောက်ခဲ့တဲ့ အင်တာနက်လိုင်း ဟာ Ofcom ရဲ့ စမ်းသပ်ချက် အရ အင်္ဂလန်မှာ သုံးစွဲတဲ့ ပျမ်းမျှအင်တာနက်လိုင်း ထက် 28.9 Mbps အမြန်နှုန်း ပိုမိုတယ် လို့ သိရပါတယ်။ သူမတို့ ကျေးလက်ဒေသ အတွက် အနီးဆုံးနေရာ ဖြစ်တဲ့ Lancater University က ထုတ်လွှင့်တဲ့ အင်တာနက်လိုင်း က သစ်ပင်တွေကြောင့် အရှုပ်အထွေးများစွာ ဖြစ်ပေါ်နေခဲ့ပြီး နှေးကွေးလွန်းလှတဲ့ အခု လို ပြန်လည်တည်ဆောက်ခဲ့တာဖြစ်ပြီး သုံးရက်တာ ကာလအတွင်းမှာ ခက်ခက်ခဲခဲ ပြုပြင်တည်ဆောက်ခဲ့ရတယ် လို့ ဆိုပါတယ်။
.
Ref : BBC ၊ slashdot

Credit - Digital Times
No comments:
Post a Comment