CDMA သုံးစွဲသူများအနေဖြင့် GSM ငွေဖြည့်ကတ်များဖြင့်လည်း ငွေဖြည့်သွင်းနိုင်ပြီဖြစ်ပါသည်.....
13 Dec 2016
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းသုံးစွဲသူများအား အရည်အသွေးပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများပေးနိုင်ရန် နည်းပညာဆိုင်ရာအဆင့်မြင့်တင်ခြင်းကို အောင်မြင်စွာပြုလုပ်ပြီးဖြစ်ကြောင်း သိရှိရပါသည်။
CDMA သုံးစွဲသူများအနေဖြင့် မိမိတို့အသုံးပြုနေသော ဖုန်းများအတွင်းသို့ ငွေဖြည့်သွင်းရန် ယခင်က ငွေဖြည့်ကတ်ရှာဖွေရာတွင် အလွန်ခက်ခဲသလိုဖြစ်နေသော်လည်း ယခုအချိန်တွင် လွယ်ကူစွာဖြင့် ငွေဖြည့်သွင်းနိုင်တော့မည်ဖြစ်ပါသည်။
CDMA သုံးစွဲသူများအနေဖြင့် ယခုအခါ CDMA ငွေဖြည့်ကတ်များကို သီးသန့်လိုက်ရှာပြီးဝယ်ယူရန်မလိုတော့ဘဲ GSM ငွေဖြည့်ကတ်များဖြင့် ငွေဖြည့်နိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။
လက်ရှိဈေးကွက်တွင် ရောင်းချနေသော ငွေဖြည့်ကတ်များကို ပုံမှန်အတိုင်း အသုံးပြုနိုင်မည်ဖြစ်ပြီး နောင်တွင် MPT အနေဖြင့် CDMA ငွေဖြည့်ကတ်ဟု သီးခြားထပ်မံထုတ်လုပ်တော့မည် မဟုတ်ဘဲ GSM ငွေဖြည့်ကတ်ဖြင့် အားလုံးသုံးစွဲနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
#newdesign #sagaing #myanmar
No comments:
Post a Comment