Samsung Galaxy J2 Prime (Dual Sim) 4G
#နယူးဒီဇိုင်း #NewDesign
အဓိက အကြောင်းအရာများ
နာမည်ကြီး Samsung အမှတ်တံဆိပ် မှ ထုတ်လုပ်သည် Galaxy J2 Prime မော်ဒယ်လ် ဖုန်းသည် 2G, 3G, 4G ကွန်ရက်များတွင် ကြည်လင်ပြတ်သားစွာ ဆက်သွယ်နိုင်ရန်ပြုလုပ်ထားသော ဆင်းမ်ကဒ်နှစ်ကဒ်သုံး ဖုန်းတစ်လုံးဖြစ်ပါသည်။ 5 လက်မ အရွယ်ရှိ Super AMOLED capacitive မျက်နှာပြင်ကို အသုံးပြုထားသောကြောင့် အကြမ်းခံပြီး တောက်ပကြည်လင်သော မြင်ကွင်းများကို တွေ့မြင်နိုင်မှာဖြစ်ပါသည်။ Primary ကင်မရာ 8MP ပါဝင်ပြီး ရှေ့ကင်မရာ 5MP ပါဝင်သောကြောင့် ဓါတ်ပုံများကိုလည်း ရိုက်ကူးနိုင်မှာပါ။ Quad-core 1.4 GHz Cortex-A53 အမျိုးအစား processor ကို အသုံးပြုထားသောကြောင့် ဖုန်းလုပ်ဆောင်ချက်များကို လျင်မြန်စေမှာဖြစ်ပြီး Andriod ၏ 6.0 ဗားရှင်းကို အသုံးပြုထားပါသည်။ 1.5GB ပမာဏရှိ RAM နှင့် 8 GB ပမာဏရှိသည့် Internal memory တို့ပါရှိသောကြောင့် သီချင်းများ၊ ဗီဒီယိုဖိုင်များ၊ ဂိမ်းများစသည့်တို့အပြင် အခြားသော အချက်အလက်များကို ထည့်သွင်းကြည့်ရှုနိုင်မည် ဖြစ်ပြီး 2600mAh ဘတ်ထရီအမျိုးအစားကို အသုံးပြုထားသောကြောင့် အချိန်ကြာကြာ အသုံးခံမှာ ဖြစ်ပါသည်။ Wifi အသုံးပြုနိုင်သည့်အပြင် Bluetooth ၊ GPS နှင့် FM Radio အစရှိသော Features များကိုလည်း အသုံးပြုနိုင်ဦးမှာပါ။
ပိုမို ထင်လင်းတောက်ပ၍ ကြည်လင်ပြတ်သားသော ရုပ်ပုံများနှင့် ဗီဒီယိုများကို 8MP ပမာဏရှိ Rear ကင်မရာက မှတ်တမ်းတင် ရိုက်ယူပေးမှာဖြစ်သည့်အပြင် ရှေ့ဘက်ရှိ အရံကင်မရာမှာလည်း 5MP ပမာဏရှိကာ ကောင်းစွာ မှတ်တမ်းတင် ရိုက်ကူးနိုင်တော့မှာ ဖြစ်ပါသည်။
Galaxy J2 Prime တွင် ပါရှိသော အသွင်အပြင်များသည် ရိုးရှင်းပြီး လှပခန့်ညားသော ဒီဇိုင်းဖြစ်ပြီး အကြမ်းခံသည့် ကိုယ်ထည်ကြောင့် သတ္တုဓာတ်ကိုလည်း ခံစားရမှာ ဖြစ်ပါသည်။ သင့်လက်အတွင်း ကိုင်ကိုင် သို့မဟုတ် အိတ်ကပ်အတွင်း ထည့်ထည့် သက်တောင့်သက်သာနှင့် ရှိနေမည်ဖြစ်သည့်အပြင် ဘယ်နေရာသွားသွား အလွယ်တကူ ယူဆောင်သွားနိုင်ပါသည်။
1.4GHz Quad Core processor ၏ အစွမ်းကြောင့် ဂိမ်းကစားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း နှင့် Webpage များ ဝင်ရောက်ကြည့်ရှုခြင်းတို့ကို ကောင်းမွန်တဲ့ မြန်နှုန်းများဖြင့် အထစ်အငေါ့မရှိ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ မြန်ဆန်စွာ Download ပြုလုပ်နိုင်မည့်အပြင် Upload လုပ်ရာတွင်လည်း မြန်ဆန်မည် ဖြစ်ပါသည်။ မြန်ဆန်တဲ့ စွမ်းဆောင်ရည်တွေပါရှိတဲ့ Galaxy J2 Prime ကို အသုံးပြုခြင်းဖြင့် စောင့်စားရတဲ့ အချိန်တွေကို သက်သာစေမှာဖြစ်ပြီး လုပ်ဆောင်ချက်တွေကို ပိုမိုလုပ်ဆောင်နိုင်မှာ ဖြစ်ပါသည်။
No comments:
Post a Comment