Huawei P9
P9 ရဲ့အားသာချက်
Leica ဖြင့် ပေါင်းစပ်တည်ဆောက်ထားသော
စမတ်ဖုန်းဓါတ်ပုံနည်းပညာ၏ ပြန်လည်ဆန်းသစ်မှု
ကြီးကျယ်ခမ်းနားလှသော မှန်ဘီလူးနှစ်လုံးရဲ့ သမိုင်းဝင်ပေါင်းစည်းမှု
Huawei နှင့်
Leica တို့ပေါင်းစပ်မှုဖြင့် အံ့သြဖွယ်ရာကောင်းလှတဲ့
ပုံရိပ်များကိုပေးစွမ်းနိုင်သော မှန်ဘီလူးနှစ်လုံးပါဝင်သောကင်မရာကို
ဖန်တီးထားပါတယ်။ အံ့မခန်းဓါတ်ပုံရိုက်ချက်နှင့် ဗီဒီယိုရိုက်ချက်များတွင်
အလင်းပိုမိုပံ့ပိုးနိုင်မှုနှင့် ပိုမိုကောင်းမွန်သောကြည်လင်ပြတ်သားမှုကို
ပေးစွမ်းနိုင်ပါတယ်။
စမတ်ဖုန်းဓါတ်ပုံနည်းပညာ၏ ပြန်လည်ဆန်းသစ်မှု
အကောင်းမွန်ဆုံး
ဟက်ဝဲလ်နှင့် ဆော့ဖ်ဝဲလ် တို့ကို Leica မှန်ဘီလူးနှစ်လုံးဖြင့်
ပေါင်းစပ်ဖွဲ့စည်းထားသော Huawei P9 သည် အရည်အသွေးမြင့်ဓါတ်ပုံများကို
ဖုန်းရဲ့ချောမွေ့ပြောင်လက်ပြီး ကျစ်လစ်သိပ်သည်းသောကိုယ်ထည်တို့နည်းတူ
အရည်အသွေးကောင်းမွန်စွာ ရိုက်ကူးပေးနိုင်ပါတယ်။
အခမ်းနားဆုံးသော ပူးတွဲမှန်ဘီလူး
Huawei P9 သည်
စိုစွတ်တောက်ပသော အရောင်များ၊ ဂန္တဝင်ဆန်ဆန် အဖြူအမဲ အရောင်နှင့် Leica
ပုံရိပ်များရဲ့ စိတ်ခံစားမှုဆိုင်ရာစတိုင်လ်များကို ရိုက်ယူနိုင်ပါတယ်။
RGB နှင့်
monochrome အာရုံခံကိရိယာနှစ်ခုဖြင့် ပိုမိုတောက်ပသောအလင်းတို့ကို
ဖမ်းယူလိုက်ပါ။ Huawei P9 ရဲ့ RGB အာရုံခံကိရိယာဖြင့်ရိုက်ယူထားသော
ပုံရိပ်၏အရောင်နှင့် monochrome အာရုံခံကိရိယာဖြင့်ရိုက်ယူထားသော
ပုံရိပ်၏အသေးစိတ်အချက်အလက်တို့ကို အလိုအလျောက် ပေါင်းစည်းတွက်ချက်မှုဖြင့်
မယုံကြည်နိုင်လောက်အောင် သာလွန်ကောင်းမွန်သော ရိုက်ချက်များကို
ဖန်တီးပေးနိုင်ပါတယ်။
Pixel
အရွယ်အစား 1.25µm ရှိသော 12-megapixel ပူးတွဲကင်မရာဖြင့်
အလင်းလျော့နည်းသောနေရာများတွင်
ပိုမိုကောင်းမွန်သောရိုက်ချက်များပြုလုပ်နိုင်သည့်အပြင်
သင့်ရဲ့ဓါတ်ပုံအားလုံးကို Huawei P9 ရဲ့ IMAGEsmart 5.0 နည်းပညာဖြင့်
ပရော်ဖက်ရှင်နယ်အရည်အသွေးရရှိစေရန် လုပ်ဆောင်နိုင်ပါတယ်။
အလင်းနည်းသောအခြေအနေတွင်ပင်လျှင်
ပရော်ဖက်ရှင်နယ်ကင်မရာကဲ့သို့သော ဓါတ်ပုံအရည်အသွေးကို Leica ဖြင့်
ပေါင်းစပ်တည်ဆောက်ထားသော ဓါတ်ပုံအရည်အသွေးတွက်ချက်မှုဖြင့် ရယူလိုက်ပါ။
တိကျ၊ ကြည်လင်၊ မြန်ဆန်သော ရိုက်ချက်များ
ဖုန်းတွင်းပါရှိသော
dual-core ISP, ပရော်ဖက်ရှင်နယ် DSP နှင့် အတိမ်အနက်တိုင်းတာသော ISP
တို့ကြောင့် ပိုမိုကောင်းမွန်သော ပုံရိပ်အာရုံခံမှု၊ မြန်နှုန်းနှင့်
လုပ်ဆောင်ချက်တို့ရရှိနိုင်ပြီး စူးရှတောက်ပသော ပုံရိပ်များကို
ရိုက်ကူးနိုင်ပါတယ်။
laser
focus, depth measurement နှင့် contrast တို့ပေါင်းစပ်အသုံးပြုထားသော
"Hybrid Focus" နည်းပညာဖြင့် တိကျသော ကြည်လင်ပြတ်သားသော ပုံရိပ်
တို့ကိုပေးစွမ်းနိုင်သော ဓါတ်ပုံများကို အလွန်လျှင်မြန်စွာရိုက်ကူးလိုက်ပါ။
အလွန်လျှင်မြန်ကောင်းမွန်သော
စွမ်းဆောင်ရည်ကို Kirin 955 processor မှတဆင့်ရယူလိုက်ပါ။ Kirin 955 တွင်
လျှင်မြန်စွာပေါင်းစည်းပေးနိုင်မှု၊ အရောင်ချိန်ညှိနိုင်မှုနှင့်
အသံစီမံခန့်ခွဲမှုတို့ကိုလုပ်ဆောင်ပေးနိုင်သော dual core ISP တစ်ခုနှင့်
ပုံရိပ်ပြောင်းလဲခြင်းလုပ်ဆောင်ချက်များအတွက် DSP သီးသန့်တစ်ခုတို့
ပါဝင်ပါတယ်။
ပရော်ဖက်ရှင်နယ်ကင်မရာ အထူးပြုလုပ်ချက်များ
တမူထူးခြားအစွမ်းထက်သောလုပ်ဆောင်ချက်များဖြစ်သော
ဖလင်မုဒ်၊ မြင်ကွင်းကျယ်အထူးပြုလုပ်ချက်၊ monochrom မုဒ်နှင့်
ပရော်ဖက်ရှင်နယ်မုဒ်တို့ကို အသုံးပြု၍
ပရော်ဖက်ရှင်နယ်ဓါတ်ပုံအထူးပြုလုပ်ချက်များကို ရယူလိုက်ပါ။
မြင်ကွင်းကျယ်အထူးပြုလုပ်ချက်ကို အသုံးပြုပြီး အံ့မခန်းပုံရိပ်များကို ဖော်ဆောင်လိုက်ပါ
ဖလင်မုဒ်သုံးခုဖြစ်သော Standard, Vivd နှင့် Smooth Colours တို့ဖြင့် စစ်မှန်သောအရောင်များကို ရိုက်ကူးနိုင်ပါတယ်။
သင်ရိုက်ကူးထားသောပုံရိပ်အရည်အသွေးကိုထိခိုက်မှုမရှိစေတဲ့
Huawei P9 ရဲ့ RAW output ထုတ်လုပ်ပေးနိုင်သော ပရော်ဖက်ရှင်နယ်မုဒ်ဖြင့်
တည်းဖြတ်လိုက်ပါ။
နေ့ညမရွေး အထူးကောင်းမွန်သော ဆဲလ်ဖီရိုက်ချက်များ
8 megapixel အရှေ့ကင်မရာဖြင့် အလင်းနည်းသောအခြေအနေများတွင်ပင်လျှင် အကောင်းမွန်ဆုံး ဆဲလ်ဖီရိုက်ချက်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။
စတိုင်လ်ကျ လှပကျော့ရှင်းမှု
Huawei P9 ကို
ကမ္ဘာထိပ်တန်းစက်မှုပိုင်းဆိုင်ရာ ဒီဇိုင်နာများက
လှပသောထောင့်ကွေးဒီဇိုင်းများ၊ လေယာဉ်ကိုယ်ထည်များတွင်အသုံးပြုသော
အလူမီနီယံနှင့် အဆင့်မြင့် 2.5D ဖန်သားပြင်တို့ဖြင့်
ဖန်တီးတည်ဆောက်ထားပါတယ်။
အရောင်စုံလင်၍ခန့်ညားထည်ဝါသော မျက်နှာပြင်
စွဲမက်ဖွယ်
5.2" FHD စခရင်တွင် အရောင်တောက်ပမှု 96% အထိ ဖော်ပြနိုင်စွမ်းရှိသောကြောင့်
သဘာဝအရောင်များနှင့် ပိုမိုနီးစပ်သော ကမ္ဘာကြီးကို
အနီးကပ်ကြည့်ရှုနိုင်ပါတယ်။
အခိုက်အတန့်လေးတစ်ခုမှ မလွတ်ပါစေနဲ့
Huawei P9 ရဲ့ စွမ်းအားမြင့် 3000mAh ဘက်ထရီဖြင့် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ပါတယ်။
အင်တင်နာ ၃ခု
Signal+ 2.0
Huawei P9 တွင် အင်တင်နာ ၃ခုပါဝင်သောကြောင့်
သင်ဖုန်းကိုမည်သည့်အနေအထားမှကိုင်ရမယ်ဆိုတဲ့အချက်ကို
စိတ်ပူစရာမလိုတော့ပါဘူး။
Superior connectivity
Wi-Fi+ 2.0
လိုင်းအကောင်းဆုံးရရှိနိုင်သော Wi-Fi ကွန်ယက်ကို အလိုအလျောက်
ချိတ်ဆက်နိုင်ပါတယ်။ Huawei P9 သည် Wi-Fi hotspots များကို အလိုအလျောက်
တိုင်းတာစစ်ဆေးပြီး ချိတ်ဆက်မှုအကောင်းမှစတင် အဆင့်သတ်မှတ်ပေးပါတယ်။
လုံခြုံ . မှန်ကန် . လွယ်ကူ
အချက်အလက်လုံခြုံရေးကိုမြှင့်တင်ထားသည့် လက်ဗွေရာဆင်ဆာဖြင့် သင့်ဖုန်းကို သင်ကိုယ်တိုင်အလွယ်တကူဖွင့်နိုင်ပါတယ်။
အစွမ်းထက်ပါဝါတွေ Huawei P9
#newdesign #sagaing #myanmar
No comments:
Post a Comment