စမတ်ဖုန်းများမှာ Virus ဝင်ရင် မြန်မြန်ဖြေရှင်းသင့်
Smart Phone အသုံးပြုသူများအနေဖြင့် မိမိတို့ အသုံးပြုနေသော ဖုန်းများအတွင်းသို့ Virus ဗိုင်းရပ်စ် ၀င်ရောက်နေလျှင် အမြန်ဆုံးဖြေရှင်းသင့်ကြောင်းအကြံပေးအပ်ပါသည်။
ဖုန်းသုံးစွဲသူများအနေဖြင့်လည်း မိမိဖုန်းအတွင်း ဗိုင်းရပ်စ်မ၀င်ရောက်နိုင်အောင်သတိထား ဆင်ခြင်သင့် ပါတယ်....
Android စမတ်ဖုန်းများမှာ Virus ဝင်နေပြီဆိုရင် အတတ်ဆုံး မြန်မြန်ဖြေရှင်းသင့်ပါတယ်။
ခုနောက်ပိုင်းမှာ Android ဖုန်းများကိုအမျိုးမျိုးသော ပုံစံများနှင့် Virus များဟာဝင်ရောက်နေပါတယ်။
ဖုန်းသုံးစွဲသူတွအနေနဲ့လည်း ဘယ်လိုမှမဝင်အောင်လုပ်လို့ မရသေးပါဘူး။
ဒါကြောင့် ဖုန်းသုံးစွဲသူတွအနေနဲ့မိမိဖုန်းမှာ Virus ဝင်ပြီဆိုရင်တော့ service ဆိုင်များသို့
အမြန်ဆုံးသွားရောက်ပြသပြီး ဖြေရှင်းသင့်ပါတယ်။ Virus များဟာအချိန်ကြာလာတာနဲ့အမျှ
ဖုန်းရဲ့ Memory IC ပိုင်းကိုပါထိခိုက်လာနိုင်ပါတယ်။ အဲဒီအခါကျရင်တော့ ပထမကုန်ကျစရိတ်ထက်
ပိုမိုအကုန်ကျလာနိုင်ပါတယ်။ ဒါကြောင့် ဖုန်းအတွင်း Virus ဝင်လာပြီဆိုပါက အမြန်ဆုံးဖြေရှင်းကြပါလို့
အသိပေးရင်း Virus ဝင်ရောက်ခြင်းနည်းပါးအောင်လည်း အမျိုးမျိုးသော Lucky draw ကံစမ်းမဲတွပေးနေတဲ့
ကိုယ်မသိတဲ့ page တွေဆိုဝင်ရောက်ခြင်း မပြုပါနဲ့လို့လည်း အသိပေးလိုက်ပါတယ်။
လတ်တလောမှာ iPhone တွေကို Lucky draw ပေးပြီးစက်ဝိုင်းလေးကိုလှည့်ပြီး
မဲဖောက်ရတဲ့လင့်လေးက ခေတ်စားနေပါတယ်။ အဲဒီ page ထဲမတော်တဆရောက်သွားပါက
ချက်ချင်းသာ ပြန်ထွက်ပေးပါ။ ဆက်လက်ပြီးလုပ်ဆောင်နေမယ်ဆိုရင်တော့ သင့်ဖုန်းအား
Virus ဝင်ရောက်ခြင်းကို သင်မသိလိုက်ပဲ ဝင်ရောက်လာပါလိမ့်မယ်။
အဆင်ပြေကြပါစေ.....
Credit - Today's Mobile Training & Service center
#newdesign #sagaing #myanmar
No comments:
Post a Comment