Saturday, February 25, 2017

ဝက်ဘ်ဆိုက်တွေ ဆိုရှယ် မီဒီယာတွေ ကနေ ဘယ်လို ပုံစံနဲ့ စီးပွား ရှာကြမလဲ











လုပ်ငန်းရှင် ဖြစ်စေ၊ ကုမဏီ အဖွဲ့ အစည်းနဲ့ ဖြစ်စေ၊ ပစ္စည်း ရောင်းဝယ်ဖို့ စီးပွားရေး လုပ်ဖို့ မားကက်တင်း လုပ်ကြ ရပါတယ်။ သမားရိုးကျ ပုံစံ အပြင်မှာ စီးပွားရေး လုပ်တာထက် ဆိုရှယ် မီဒီယာ တွေနဲ့ ချိတ်ဆက်ပြီး မာကက်တင်း လုပ်ကြမယ် ဆိုရင် လူအများ သိလာနိုင်တဲ့ အပြင် အ မြတ်ခွန် ကြော်ငြာခ နည်းနည်းနဲ့ သက်သက် သာသာ လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်လ်မာကတ်တင်း

ဒစ်ဂျစ်တယ်မာကက်တင်းဆိုတာကတော့ အီလက်ထရွန်းနစ်မီ ဒီယာ ဒါမှမဟုတ် သမား ရိုးကျ မာ ကက်တင်းဆင်းတာလို မဟုတ်တဲ့ မိုဘိုင်းလ်အက်ပ်၊ မက်ဆေ့ခ်ျ စတာတွေကို အသုံးချပြီး သုံးစွဲ ဝယ်ယူ သူတွေနဲ့ လေလှိုင်းပေါ်မှာ ပဲ အမြဲ ဆက်ဆံနေ ရတာ ဖြစ်တယ်။

မိမိအနေနဲ့ သုံးစွဲဝယ်ယူသူ customer တွေနဲ့ ခင်မင်ရင်းနှီးမှု တစ်ခုရအောင် ဝန်ဆောင်မှုအမျိုး မျိုးနဲ့ ဆွဲဆောင်ရမှာဖြစ်ပါတယ်။

မိမိဘက်က ဝယ်ယူသုံးစွဲသူကို ပထမဆုံးအကြိမ်မှာပဲ စိတ်ချမ်းသာအောင် ပစ္စည်းကို အနည်းငယ်လျှော့ဈေးပေးမယ်၊ အပြောအဆိုချိုသာပြီး သူတို့ စိတ်ကြိုက် ဝန်ဆောင်မှုမျိုးတွေပေးရင် နောက်တစ်ကြိမ်မှာ မိမိဆီမှာပဲ ဝယ်နိုင်ခြေများပါတယ်။

ဆွဲဆာင်မှုရှိအောင်

ဝက်ဘ်ဆိုက် ကလည်း ဝယ်ယူ သုံးစွဲသူ customer ဝင်ကြည့် ချင်အောင် အမြင် ရှင်းလင်းနေဖို့ လို အပ်ပါတယ်။

ဝက်ဘ်ဆိုက်ရဲ့ စာမျက်နှာနဲ့ ကိုယ်ထည်တစ်ခုလုံးရဲ့ အရောင်ကို   အလင်းရောင်တောက်ပတဲ့ အစိမ်းရောင်၊ အပြာနုရောင်လိုမျိုး နဲ့ ဆွဲဆောင်ထားရပါမယ်။

‘ကုမဏ္ဏီ ထောင်ထား တဲ့သူ တွေ၊ အဖွဲ့ အစည်း တွေနဲ့ စီးပွားရေး လုပ်တယ် ဆိုရင်တော့ ဝက်ဘ် ဆိုက် ထောင်ထားတာ ကောင်းတယ်၊ ရိုးရိုး သာမန် တစ်ကိုယ်တည်း စီးပွားရေး လုပ်တာ ဆိုရင်တော့ အွန်လိုင်း ဖေ့စ်ဘုတ်ခ်ပေါ် မှာ group နဲ့ အရောင်း အဝယ်က ဘာမှ မကုန် ဘူး” လို့ ပြည်တွင်းရှိ ဘလော့ဂါ တစ်ဦးက ဆိုပါတယ်။
ဒီလို စီးပွား ရှာကြတယ်

ဝက်ဘ်ဆိုက်နဲ့ စီးပွားရှာတဲ့ အပိုင်းမှာ အကြမ်းဖျင်း သဘောအရ နှစ်ပိုင်း ရှိပါတယ်။ Delivery စနစ်နဲ့ ဝက်ဘ်ဆိုက်ပေါ်တင်ပြီး ပစ္စည်း ရောင်းချကာ စီးပွားရှာတာက တစ်ပိုင်း၊ နောက် တစ်ပိုင်းက တော့ blogger လိုမျိုး နည်းပညာ sharing လုပ်တဲ့ သူမျိုးတွေက ဖုန်းအက်ပ်တွေ၊ နည်းပညာနဲ့ ဆိုင်တာ တွေကို ကြော်ငြာ Ads.fy ဝက်ဘ်ဆိုက်တွေ သုံးပြီး စီးပွားရှာတဲ့ ပုံစံ လိုမျိုး ဖြစ်ပါတယ်။

‘သူက ဘယ်လိုလဲ ဆိုတော့ သုံးစွဲသူ customer တွေဘက်က အပလီကေးရှင်း တစ်ခုကို ဒေါင်းလုပ် ဆွဲချင်ဆိုရင် download ကို နှိပ်လိုက်ရတယ်၊ နှိပ်တဲ့အခါမှာ တကယ့် တကယ်တော့ တိုက်ရိုက် မသွားခိုင်းသေးဘူး ads.fy လင့်ခ် ကို အရင် ညွှန်းတယ်၊ ပြီးတော့မှ တစ်ဆင့် တစ်ဆင့်စီ ဒေါင်းလုပ်ဒ် ဆွဲရမယ့် နေရာကို ရောက်သွားတယ်၊ ဘာလို့လဲ ဆိုတော့ ads.fy လင့်ခ် ကို ကြားထဲက ခံထားတဲ့ အတွက် သုံးစွဲသူက ကြော်ငြာကို ဖြတ်သွားရတဲ့ အတွက် အဲဒီ ကနေ ပိုက်ဆံတွေကို ဖြတ် လိုက်တယ်” လို့ ပြည်တွင်း အိုင်တီနည်း ပညာရှင် ကိုရန်နိုင်မြင့် က ပြောပါ တယ်။

ဂူးဂဲလ်ကနေကြော်ငြာနည်း

ဂူးဂဲလ် ကတော့ တစ် ကမ္ဘာလုံးမှာ ရှိတဲ့ သုံးစွဲ သူတွေ အားလုံး မြင်ရတာကြောင့် မိမိဆိုက်ကို လူသိစေဖို့ ကိုယ့်ရဲ့ ပြည်တွင်း ကနဲ့လည်း ကြော်ငြာနိုင် ပါတယ်။

ကြော်ငြာဖို့ ဆိုရင် SEO နဲ့ ဂူးဂဲလ်မှာ ကြော်ငြာခ ပေးသွင်းရမှာ ဖြစ်တယ်။

ရောင်းချမယ့်သူအနေနဲ့ ကားပစ္စည်းရောင်းတယ်ဆိုရင် သုံးစွဲသူတွေဘက်က car လို့ search မှာ ရှာလိုက်တာနဲ့ သူတို့ရဲ့ဝက်ဘ် ဆိုက်လင့်ခ်အရင်ပေါ်အောင်လုပ် တာမျိုးဖြစ်ပါတယ်။

နောက်တစ်ခုက သုံးစွဲသူတွေဘက်က ဂူးဂဲလ် မှာ ဖုန်းနဲ့ပတ်သက်တာရှာထားရင် ကိုယ်ရောင်းချမယ့်ပစ္စည်းနဲ့ ဆက်စပ်တာကို ဂူးဂဲလ်က ကြော်ငြာလို မျိုးပေါ်အောင် ထင်မြင်အောင် လုပ်ပေးထားတယ်။ အဲသည်လို မျိုးကြောင့် မိမိရဲ့ရောင်းချမယ့် ပစ္စည်း ဒါမှမဟုတ် ကုမဏီနာမည် ကို သတိထားမိလာကြမှာဖြစ်ပါတယ်။

ဥပမာနည်းပညာနဲ့ ပတ်သက်တဲ့ နိုင်ငံခြားဝက်ဘ်ဆိုက်ထဲဝင်ရင်တောင် တယ်လီနောမြန်မာက ကြော်ငြာတဲ့ စာလေးတွေကို ဘောက်စ်နဲ့ အလိုအလျောက် (auto) ပေါ်ပေါ်လာတာ တွေ့တတ်ကြတယ်။ အဲဒါက တယ်လီနောက ကြော်ငြာခသွင်းတာကြောင့် ပေါ်ပေါ်လာတတ်တာဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်မရှိတဲ့သူတွေအနေနဲ့ ကိုယ့်ဘာသာကိုယ်ရေးနိုင်ရင် ကျပ်သုံးလေးသောင်းပမာဏ လောက်သာကျသင့်မှာဖြစ်ပြီး အွန်လိုင်းမာကတ်တင်းအတွက် သီးသန့် ဝက်ဘ်ဆိုက်လုပ်မယ်ဆိုရင်တော့ ကျပ် ၅၀ဝ,ဝ၀ဝ ကနေ ၁,၂၀ဝ,ဝ၀ဝ ဝန်းကျင်လောက်ကျသင့်နိုင်ကြောင်း ပြည်တွင်းနည်းပညာရှင် ကိုရန်နိုင်မြင့်ရဲ့အဆိုအရ သိရ ပါတယ်။

Web developer, web designer တွေနဲ့လည်း ချိတ်ဆက်ပြီး ဝက်ဆိုက်တစ်ခုကိုဆွဲခိုင်းနိုင်ပါတယ်။ မိမိကြိုက်နှစ်သက်ရာ ဝက်ဘ်ဆိုက်ပုံစံဒီဇိုင်းတွေကို အွန်လိုင်းစတိုးမှာ ဝယ်ယူနိုင်ပါတယ်။

ဖေ့စ်ဘုတ်နဲ့ ကြော်ငြာနည်း

နောက်တစ်ခုက ပြည်တွင်းမှာ အသုံးအများဆုံး ဆိုရှယ်မီဒီ ယာတစ်ခုဖြစ်တဲ့ ဖေ့စ်ဘုတ်မှာ လင့်ခ်ထိုးပေးထားပြီး လင့်ခ်ထဲဝင် ဖို့ ပိုက်ဆံပေးပြီးကြော်ငြာထည့် တာမျိုးဖြစ် ပါတယ်။ ကြော်ငြာဖို့ မိမိ လုပ်ငန်းအတွက် page ထောင် ထားရပါမယ်။ ပြီး ရင် အဲသည် page ကို လူသိ စေဖို့ ကြော်ငြာကြေး ပိုက်ဆံ သွင်းရမှာ ဖြစ်တယ်။

ဖေ့စ်ဘုတ်ခ်သုံးစွဲသူ အများစုက ပေ့ခ်ျတစ်ခုခုကို like မလုပ်ဘဲ newfeeds မှာ ပေါ်လာ တာမျိုးတွေကို တွေ့တတ်ကြပါ တယ်။

အဲဒါကတော့ ကြော်ငြာခ ပေးသွင်းထားတာကြောင့် page ကို မသိတဲ့လူတွေက အလိုအလျောက် မြင်နေရမှာဖြစ်ပါတယ်။ (ပေ့ခ်ျ နာမည်အောက်နားမှာ Sponser ဆိုတဲ့ စာလုံးလေးပေါ်နေရင် ကြော်ငြာတဲ့ page ဖြစ်ပါ တယ်။)

ဖေ့စ်ဘုတ်ခ်ပေ့ခ်ျကနေ တစ် ဆင့် ဝက်ဘ်ဆိုက်နဲ့ ချိတ်ထားတဲ့ လင့်ခ်ကို ကြော်ငြာတာမျိုးဆိုရင် ဖေ့စ်ဘုတ်ကို ကြော်ငြာခပေးသွင်းရပါတယ်။ တစ်ခါသွင်းရင် အနည်း ဆုံး ၁၀ ဒေါ်လာလောက်ပဲ ကျသင့် ပါတယ်။ ၁၀ ဒေါ်လာနဲ့ ကြော်ငြာ မယ်ဆိုရင် ကိုယ့်ရဲ့ကြော်ငြာထား တဲ့ပေ့ခ်ျနဲ့လင့်ခ်ကို ဖေ့စ်ဘုတ်ခ်ပေါ် ရှိ သုံးစွဲသူ လူအယောက် သုံး သောင်းလောက်ထိ မြင် ရတာဖြစ်ပါတယ်။

ကိုယ်သွင်းတဲ့ကြော်ငြာကြေးက ၁၀ ဒေါ်လာထက် ပိုသွင်းမယ်ဆိုရင်တော့ သုံးသောင်းထက်ပိုတဲ့ သုံးစွဲသူတွေက မိမိရဲ့ပေ့ခ်ျနဲ့ ဆိုက်ကို မြင်ရမှာပါ။

ဖေ့စ်ဘုတ်ခ်ကနေ ပေ့ခ်ျနဲ့ လင့်ခ်ချိတ်တာဆိုရင်တော့ မိမိရဲ့ ပေ့ခ်ျမှာပဲ boost လုပ်မလားဆိုပြီး ပေ့ခ်ျရဲ့အောက်နားမှာ ကြော်ငြာ ကြေးပိုက်ဆံတွေနဲ့ မေးထားတာ ကိုတွေ့ရင် boot ကိုနှိပ်ပြီး ကိုယ် ကြော်ငြာမယ့် ကြော်ငြာကြေးအစားစားကို ကြိုက်ရာရွေးရမှာဖြစ်ပါတယ်။

ဥပမာ (Boots you page to $) reach in Burma… ဆိုပြီး ပေါ်နေပါ တယ်။ အဲသည်အပေါ်မှာ promote လုပ်ရမှာ ဖြစ်ပါတယ်။ အဲသည် မှာကြော်ငြာဖို့ ဘယ်နှရက်အတွင်း ဘယ်နှလအတွင်းဆို ပြီး ကန့်သတ်ရက်အလိုက်ရွေးရမှာဖြစ် ပါတယ်။ ကြော်ငြာရက်သက်တမ်းကုန်သွားရင်တော့ boost လုပ်ပြီး ထပ်မံ ပြန်သွင်းနိုင်ပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

Wednesday, February 22, 2017

အသံစနစ်သုံး ဒစ်ဂျစ်တယ် အကူကိရိယာ လောကထဲ ဝင်ရောက်လာတဲ့ Huawei




စမတ်ဖုန်း တွေမှာ ဒစ်ဂျစ်တယ် AI အသံ အကူ စနစ်ကို အကြီး အကျယ် သုံးလာ တာကို ယခုနှစ် ထဲမှာ ပိုပြီးမြင်လာ ရပါတယ်။ အခုလည်း Huwei အနေနဲ့ စမတ်ဖုန်း
ရေစီးကြောင်း ထဲမှာ အလိုက်သင့် စီးဆင်း လိုက်တဲ့ အနေနဲ့ ကိုယ်ပိုင် အသံ အကူ စနစ်ပါ AI ဝန်ဆောင်မှု တစ်ခုကို ဖြန့် ချိသွားဖို့ လုပ်ဆောင် နေပါတယ်။

AI အကူစနစ်ထဲမှာ နာမည်ကြီးတဲ့ ဒစ်ဂျစ်တယ်အကူတွေ ဖြစ်တဲ့ Apple ရဲ့ Siri ၊ Google ရဲ့ Google Assistant ၊ Microsoft ရဲ့ Cortana နဲ့ Amazon ရဲ့ Alexa အပြင် Samsung မှာဆိုရင်လည်း Bixby တို့ နဲ့ ဈေးကွက်ထဲ ထိုးဖောက် ဝင်ရောက် လာချိန်မှာ Huawei အနေနဲ့ ကိုယ်ပိုင် အသံအကူ စနစ်တစ်ခု မဖြစ်မနေ သုံးသွားဖို့ အချိန် ကျရောက် လာပါပြီ။

ဒီစနစ်ဟာ စမ်းသပ်ဆိုပေမယ့် အခုဆိုရင် လူတစ်ရာကျော်မှာတော့ သုံးလို့ ရနေတယ်လို့ လည်း သိရပါတယ်။ ယခုဒစ်ဂျစ်တယ်အကူကို တရုတ်နိုင်ငံမှာပဲ အသုံးပြုလို့ 
ရသေးတာ ဖြစ်ပါတယ်။ Huawei ဟာ တရုတ်ပြည်ပြင်ပမှာ ဒီစနစ်ကိုသုံးနိုင်ဖို့ အတွက် တစ်ခြား AI ဝန်ဆောင်မှုကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ဆောင်သွားမှာပါ။

အမေရိကန်ပြည်ထောင်စုမှာဆိုရင် Mate 9 စမတ်ဖုန်းများမှာ Amazon ရဲ့ Alexa ကို သုံးထားပြီး မတ်လထဲမှာ ဆော့ဖ်ဝဲလ် updates သစ်တင်ဖို့ စီစဉ်နေပါတယ်။

Huawei အနေနဲ့ ဒစ်ဂျစ်တယ်အကူစနစ်ကို တရုတ်ပြည်တွင်းမှာပဲ သုံးသွားဖို့ စီစဉ်ထားပေမယ့် တရုတ်နိုင်ငံမှာကိုပဲ Huawei ရဲ့ စမတ်ဖုန်းဈေးကွက်က အလွန် ကြီးမား အားကောင်းနေပါတယ်။

ဒီတော့ ယခု Google ထုတ် Pixel နဲ့ Pixel XL တို့ မှာ သုံးနေတဲ့ Google Assistant ကို အနာဂါတ် Huawei စမတ်ဖုန်းတွေမှာ တွေ့ ရတော့မှာ မဟုတ်ပါဘူး။ အရင် ကတော့ တရုတ်ပြည်တွင်းထဲက Huawei စမတ်ဖုန်းတွေရဲ့ ဒစ်ဂျစ်တယ်အကူအတွက် Google Assistant ကို သုံးနေရတာဖြစ်လို့ ဒါဟာ Google အတွက် အကြီး အကျယ် ဈေးကွက် ထိခိုက်ခြင်း ဖြစ်လာဖို့ ရှိပါတယ်။

အခုလိုမျိုး တစ်ခြား ကုမ္ပဏီထုတ် AI အသံအကူ စနစ်ကို မသုံးတော့ဘဲ ကိုယ်ပိုင် AI digital assistant ထုတ်လာတာ Huawei ကုမ္ပဏီ တစ်ခုတည်းတင် မဟုတ်ပါဘူး။ Samsung ဟာလည်း ဧပြီလထဲမှာ ထုတ်လုပ်ဖြန့် ချိသွားမယ့် Galaxy S8 မှာ ကိုယ်ပိုင် digital assistant ဖြစ်တဲ့ Bixby ကို ထည့်သွင်း မိတ်ဆက် သွားတော့ မယ်လို့ သိရ ပါတယ်။

Huawei အနေနဲ့ နည်းပညာဆက်စပ် ပစ္စည်းများကို မိမိကိုယ်တိုင်ထုတ်သွားဖို့ ကြိုးပမ်းလာခြင်းဟာ ဈေးကွက်တဲ့ ကောင်းတဲ့ လက္ခဏာ တစ်ရပ်ဖြစ် သလို နည်းပညာလောက အတွက်လည်း အသစ်အသစ်တွေ ထပ်မံတွေ့ မြင်ရဖို့ ရှိလာပါတယ်။

Source: Android Authority

From : Duwun by Nyein Min Wai

Originally published at - http://www.duwun.com.mm/tech/mobile/huawei-id6238759.html

Credit - ဆိုင်မွန်စာကြည့်တိုက်

မိုဘိုင်းဖုန်းအသုံးပြုသူများကို ဒုက္ခပေးနေတဲ့ *31# call

==================================================


ခုရက်ပိုင်းတော်တော်တွေ့နေရတဲ့ *31# call ကိုနှိပ်ပြီး ဘေမကုန်အောင်လုပ်ကြမယ်
ဆိုတဲ့ ကိစ္စလေးကို ယောင်လို့တောင်မလုပ်မိကြစေရန် အသိပေးလိုက်ပါတယ်။
*31# call ကိုနှိပ်လိုက်ရင် ဘာဖြစ်လို့လဲလို့မသိသေးသူများ မေးလို့ရပါတယ်။
တကယ်တော့ *31# call ကိုနှိပ်လိုက်ရင် ဘေမကုန်ဘူးဆိုတာမဟုတ်ပါဘူး။
အဲလိုနှိပ်လိုက်မိရင် မိမိဖုန်းရဲ့အထွက် call ကိုပိတ်သွားစေပါတယ်။

တစ်ခုတော့ရှိတယ် Online မှာဆေးထိုးတဲ့သူတွေပြောတာလည်း မမှားဘူးဗျ။
သူတို့ပြောသလို *31# call ကိုနှိပ်လိုက်ရင် ဖုန်းအထွက် call ပိတ်သွားတာကြောင့် ဘေမကုန်
တော့ဘူးပေါ့ဗျာ။ မဟုတ်ဘူးလား :)
တကယ်တော့ဒါဟာ တစ်ယောက်နဲ့တစ်ယောက်စချင်တဲ့ စိတ်နဲ့ online ပေါ်မှာ
ဆေးထိုးကြတာပါ။ တကယ်လို့ အဲလိုလုပ်လိုက်မိရင်လဲ စိတ်မပူပါနဲ့
အထွက် call ကိုပြန်ဖွင့်တဲ့ key လေးရှိပါတယ်။ အောက်ကတိုင်းနှိပ်ပေးလိုက်ပါ။
အထွက် call ပြန်ပွင့်ရန် - #31*# call ကိုနှိပ်ပေးလိုက်ပါ။
Credit - Today

Tuesday, February 21, 2017

ခရီးအမြဲတမ်းသွားနေရသော ဘော်ဒါများအတွက် အသံနဲ့ပါလမ်းညွှန်ပေးနိုင်တဲ့ Android သုံး လမ်းညွှန်မြေပုံ(OsmAnd v2.5.4)

 

ကျွန်တော်တို့ အများစုသုံးနေတဲ့ Google Map ထက် ပိုကောင်းပြီး တိကျပြည့်စုံတဲ့ Map လေး တစ်ခု ပေးပါမယ်.. လမ်းခရီးအတွက်လိုအပ်တဲ့အချက်အလက်တွေဖြစ်တဲ့ ခရီးအကွာအဝေး၊ သွားနိုင်တဲ့လမ်းကြောင်း၊ သွားနေတဲ့ကားရဲ့ မိုင်နှုန်းတွေကအစ ဖေါ်ပြပေးတဲ့အပြင် အသံစနစ်နဲ့ပါ အချက်ပေးလမ်းညွှန်ပေးမှာဖြစ်ပါတယ်..

Install လုပ်နည်းနဲ့ သုံးနည်းအခြေခံ
 
App ကိုဒေါင်းပြီး Install လုပ်ပြီးသွားရင်..
ပထမဆုံး ဖုန်းမှာ Location ကို On ထားပေးရပါမယ်.. အင်တာနက် ဖွင့်ထားရပါမယ်..
OsmAnd ကိုနှိပ်ပါ.. Get Start ကိုနှိပ်ပါ..
Skip Searching Map ကနေ Download Map မှာ Select Another Region ကိုရွေးပါ.. ဘာလို့လဲဆိုတော့ Word Map တစ်ခုလုံးကိုဒေါင်းမယ်ဆို ဖိုင်ဆိုဒ်က ကြီးလွန်းနေပြီး မလိုအပ်လို့ပါ.. ကျွန်တော်က မြန်မာနိုင်ငံအတွက်မို့လို့ Asia>Myanmar ကိုရွေးပြီး Standard Map ကိုရွေးပြီး ဒေါင်းလုပ် ပုံလေးကိုနှိပ်ပြီးဒေါင်းလိုက်ပါတယ်.. အခြားသူတွေ အခြားနိုင်ငံတွေအတွက်လိုချင်ရင်လည်း ရွေးချယ်ပြီး ဒေါင်းယူနိုင်ပါတယ်...
World Overview map ကိုဒေါင်းမှာလား မေးရင် Later ကိုရွေးပေးလိုက်ပါ..



Map downloaded ပေါ်လာရင် GO TO THE MAP ကိုနှိပ်လိုက်ပါ..





အပေါင်းကိုနှိပ်ပြီး Map ကို Zoom ချဲ့ကြည့်နိုင်ပါတယ်.. ကိုယ့်နေရာဘယ်မှာရှိသလဲ ကြည့်ဖို့ My Location ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်...




 အပေါ်က မှန်ဘီလူးလေးပုံကိုနှိပ်ပြီး ကိုသွားချင်တဲ့ နေရာကို ရှာပါ..
သွားချင်တဲ့နေရာကိုရှာတဲ့အခါ အင်္ဂလိပ်လို ရှာလို့မတွေ့ရင် မြန်မာလိုရှာပါ.. မြေပုံကတော့မြန်မာယူနီကုဒ်ကိုသုံးထားပါတယ်..
ရှာလို့တွေ့တဲ့အခါ Show on Map ကိုရွေးကြည့်လိုက်ပါ.. ကိုယ်သွားချင်တဲ့နေရာရဲ့ မြေပုံကိုမြင်ရပါမယ်..


 
ပြီးရင် အပြာရောင်မြားကောက်ကလေးကိုနှိပ်ပေးလိုက်ပါ..






အသံစနစ်ရွေးချယ်ခိုင်းတဲ့အခါ ကိုယ်ပြောစေချင်တဲ့ ဘာသာစကားကိုရွေးပေးလိုက်ပါ.. ကျွန်တော်ကတော့ TTS English ကိုရွေးပေးပါတယ်...




ပြီးရင် Go ကိုနှိပ်ပေးလိုက်ရင် သွားရမယ့်လမ်းကြောင်း၊ ခရီးအကွာအဝေး၊ စတင်ချိန်၊ ရောက်ရှိမယ့်အချိန် တွေကို စာနဲ့ရော အသံနဲ့ပါ ပြောပြပေးပါတယ်... သွားနေတဲ့ မိုင်နှုန်းကိုပါပြပေးပါတယ်..



ခရီးစဉ်တစ်လျှောက်လုံးမှာလည်း ကွေးရမယ့်အနေအထား၊ အဝိုင်းပတ်ကနေ ဘယ်လမ်းအတိုင်းထွက်ရမယ်ကအစ အကုန်လုံးအသေးစိတ်ကို ရွေးချယ်ထားတဲ့ဘာသာစကားနဲ့ ပြောပေးပါတယ်...


တကယ်လို့ မြေပုံကရွေးချယ်ထားတဲ့ လမ်းအတိုင်းမဟုတ်ဘဲ ကိုယ်သိတဲ့အခြားလမ်းကသွားမယ်ဆိုလည်း ကိုယ်အသစ်ရွေးချယ်လိုက်တဲ့လမ်းနဲ့ပဲ ပြန်လည်တွက်ချက် လမ်းညွှန်ပေးပါတယ်...
အချို့နေရာတွေမှာ လမ်းနာမည်တွေ နည်းနည်းလွဲနေကလလွဲရင် တော်တော် ပြည့်စုံကောင်းမွန်တဲ့ မြေပုံလေးပါ.. လမ်းခရီးသွားတဲ့အခါ အင်တာနက်ကို ဖွင့်ထားရမှာဖြစ်ပေမယ့် အင်တာနက် မမိတဲ့နေရာတွေမှာလည်း လမ်းကြောင်းကို ပုံမှန်အတိုင်း ပြောပြလမ်းညွှန်ပေးမှာဖြစ်ပြီး အင်တာနက် မိတဲ့အခါ ပြန်လည်ချိတ်ဆက်သွားပါမယ်...



 Credit - မောင်ပေါက်(နည်းပညာ)

Download Link

Wednesday, February 15, 2017

Android ဖုန်းတွေမှာ ပါတဲ့ လူသိနဲတဲ့ Function (၈) မျိုး










လူတိုင်း နီးပါး စမတ်ဖုန်းနဲ့ အဆင့်မြင့်တဲ့ ဖုန်းတွေကို ကိုင်နေ ကြပေမယ့် အဲ့ဒီ Devices တွေရဲ့ စွမ်းဆောင်ရည်တွေ အားလုံး ကိုတော့ သိတဲ့သူ ရှားပါး ပါတယ်။ ယခုပြောပြ ပေးချင် တာကတော့ လူတစ်ရာမှာ (၉၀) လောက် မသိကြ သေးတဲ့ Android Functions တွေရဲ့ လျှို့ဝှက်ချက်တွေ အကြောင်းပါ။

(၁) ဘက်ထရီ ပါဝါကို Save နိုင်တဲ့ အလွယ်ဆုံးနည်း ဖုန်းရဲ့ screen အရောင်ကို အရောင် တောက်တောက်တွေ သုံးမယ့် အစား အနက်ရောင် (ဒါမှမဟုတ်) ရိုးရှင်းတဲ့ အရောင် မှိုင်းမှိုင်းတွေကို သုံးမယ် ဆိုရင် ဖုန်း ဘက်ထရီ ပါဝါကို အလွယ်လေး Save လုပ်နိုင်မှာ ဖြစ်ပါတယ်။ အလိုအလျောက် highlight လုပ်ပေးတဲ့ (automatic pixel highlighting) ကို turn off လုပ်ပေး ရင်လည်း ဘက်ထရီ ပါဝါကို ပိုပြီး ကြာကြာ ခံနိုင်စေ ပါတယ်။ဒီ feature ဟာ Android ဖုန်း အားလုံးမှာတော့ မပါဝင်ပေမယ့် Samsung စမတ်ဖုန်းနဲ့ tablets တို့မှာတော့ အဲ့ဒီ feature ပါ ပါတယ်။

 (၂) အသံထွက် ဖတ်ခိုင်းတဲ့ (Text-to-speech) Android device တွေမှာ ဆိုရင် ကိုယ်သိချင်တဲ့ အကြောင်း အရာကို သင် ကိုယ်တိုင် ဖတ်နိုင်ရုံ သာမက နားထောင်လို့ပါ ရပါတယ်။ အဲ့ဒီလို နားထောင် ချင်တယ် ဆိုရင်တော့ Settings ->Accessibility ထဲကို ၀င်ပြီး Text-to-Speech Output option ကို ပြောင်းလိုက်ပါ။

 (၃) remote control Settings -> Security -> Device administrators ထဲကိုဝင်ပြီး Android Device Manager ပြီးရင် Remotely locate နဲ့ remote lock နဲ့ erase ကို Allow လုပ်ပေး လိုက်ပါ။ အဲ့ဒီလို ဆိုရင်တော့ ဖုန်းပျောက် သွားခဲ့ ရင်တောင်မှ ဖုန်းရဲ့ တည်နေရာကို https://www.google.com/android/devicemanager မှတစ်ဆင့် တည်နေရာကို ရှာတာ၊ အထဲမှာ ပါတဲ့ Data တွေကို မဆုံးရှုံးစေပဲ block လုပ်တာတွေ လုပ်လို့ ရပါတယ်။

 (၄) Guest Mode တကယ်လို့ သင့်ဖုန်းကို တခြားလူ တစ်ယောက် ယောက်ကို ပေးသုံး စေမယ်။ ဒါပေမယ့် သင့်ဖုန်းထဲမှာ ရှိတဲ့ တစ်ချို့အချက် အလက်တွေ ကိုတော့ လူမသိစေ ချင်ဘူး ဆိုရင် Guest Mode ကို အသုံးပြု လိုက်ပါ။ ဖုန်းရဲ့ ထိပ်ပိုင်း ကို (touch ) လုပ်ပြီး အောက်ကို ဆွဲချ လိုက်ပါ။ အပေါ်ပိုင်း ညာဖက်ခြမ်းက user icon ကို touch လုပ် လိုက်ပါ။ အဲ့ဒီ အခါမှာတော့ Add guest icon ပေါ်လာ ပါလိမ့်မယ်။ အဲ့ဒီလို လုပ်ပြီးရင်တော့ ဘယ်လို အရာတွေကို ကြည့်လို့ ရမယ်၊ ယူလို့ရမယ် ဆို တာကို ကိုယ့်စိတ်ကြိုက် ရွေး ချယ် နိုင်ပါပြီ။

(၅)Screen ချဲ့ မျက်လုံးသိပ်မကောင်းတဲ့ သူတွေအတွက် အနည်းငယ်တော့ အထောက် အကူဖြစ်စေ မှာပါ။ Settings -> Accessibility -> Magnification အဆင့် ဆင့် သွားပါ။ ပြီးရင်တော့ display မှာရှိတဲ့ ဘယ်နေရာ၊ ဘယ်အစိတ် အပိုင်းကို မဆို အသာအယာပုတ် (Tap) လုပ်လိုက်ရုံနဲ့ zoom ချဲ့နိုင်ပါပြီ။

 (၆) Hotspot mode ဒီအပိုင်းကတော့ လူတိုင်း နီးပါး သိပြီး ဖြစ်မှာပါ။ မသိသေးတဲ့ သူတွေအတွက် ပြောပြ ပေးချင် ပါတယ်။ ဖုန်းထဲမှာ ရှိတဲ့ အင်တာနက်ကို Laptop အပါအ၀င် တခြား devices တွေမှာ ချိတ်တာပါ။Go to Settings -> Tethering and portable hotspot ၊ ပြီးရင်တော့ Portable WLAN hotspot ကို turn on လုပ်လိုက် ရုံပါပဲ။

  (၇)ခေါင်းရဲ့ လှုပ်ရှားမှုနဲ့ စမတ်ဖုန်းကို Control လုပ်တာ တစ်ခါတစ်လေမှာ ချမ်းလို့ပဲဖြစ်ဖြစ်၊ တခြား အကြောင်းအရာ တွေကြောင့် လက် ထုတ်ပြီး ဖုန်းကို တစ်ခုခု လုပ်တာ ဥပမာ - ဖွင့်တာ၊ ပိတ်တာ၊ အဲ့ဒီလို လုပ်ချင် တယ်ဆိုရင် အကောင်းဆုံး နည်းတစ်ခု ရှိပါတယ်။ EVA Facial Mouse ဆိုတဲ့ App ကို Install လုပ်ပါ။ အဲ့ဒီ App က Android device တွေကို ခေါင်းရဲ့ လှုပ်ရှားမှုနဲ့ Control လုပ်နိုင်ပါတယ်။ အသေးစိတ် အချက်အလက်တွေ ကိုတော့ http://techviola.blogspot.ru/2017/01/how-to-control-your-android-with-your.html မှာ ၀င်ရောက် ကြည့်ရှူနိုင် ပါတယ်။

 

(၈) secret game ဒါကိုတော့ Android ဗားရှင်း 2.3 လောက်က စပြီး Android Devices တိုင်း လိုလိုမှာ ပါပါတယ်။ Google ကပေးထားတဲ့ လျှို့ဝှက် လက်ဆောင်လို့ ပြောလို့ရ ပါတယ်။ ဒါပေမယ့် ရှာရ တာတော့ နဲနဲ ခက်နိုင် ပါတယ်။ အရင်ဆုံး Settings ထဲကို သွား၊ About phone (ဒါမှမဟုတ်) About tablet ထဲကို ၀င်၊ Android version ဆိုတဲ့ နေရာ ကို မြန်မြန် ဆန်ဆန်နဲ့ အကြိမ်များစွာ အသာ အယာ ပုတ် (tap) လုပ်ပါ။ အဲ့ဒီ လိုဆို ရင် ပန်းရောင် အဖျော့ သေးသေးလေး တစ်ခု (marshmallow) ဟာ ပုံမှာ ပြထားတဲ့ အတိုင်း screen ပေါ် မှာ ပေါ်လာ ပါလိမ့်မယ်။ အဲ့ဒါ ကို ပဲ မြန်မြန် ဆန်ဆန် ထပ်ပြီး (tap) လုပ်ပါ။ အဲ့ဒီလို ဆိုရင် အထူးစပရှယ် mini-game သေးလေး တစ်ခုပွင့်လာ ပါလိမ့်မယ်။


 Ref;brightside From : SHWEMOM by nilarwai Originally published at - http://www.shwemom.com

Tuesday, February 14, 2017

Huawei P9 , P9 Lite နဲ့ P9 Plus တို့အတွက် Tips & Tricks များ

==========================================================


Huawei P9 ၊ သူ့ရဲ့ အရွယ်သေး မော်ဒယ် P9 Lite နဲ့ အရွယ်ကြီး မော်ဒယ် P9 Plus တို့ဟာ အံ့မခန်းကောင်းမွန်တဲ့ ဖုန်းများဖြစ်ပါတယ်။ အဲဒီဖုန်းတွေဟာ စွမ်းရည်မြင့်မားပြီး အသုံးဝင်တဲ့ စွမ်းဆောင်ချက်များစွာ ပါပါတယ်။ ဒါပေမယ့် လူတော်တော်များများက အဲဒီစွမ်းဆောင်ချက်တွေကို အသုံးမချတတ်ကြပါဘူး။ အဲဒီအတွက် အဲဒီဖုန်းများကို အကောင်းဆုံး အသုံးချနိုင်မယ့်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။
မှတ်ချက်။ ။ အချို့နည်းလမ်းများဟာ အဲဒီဖုန်း ၃ လုံးစလုံးမှာ သုံးလို့ မရပါဘူး။ ဒါ့အပြင် အချို့နည်းလမ်းများဟာလည်း Nougat ကို အဆင့်မြှင့်ပြီးမှ သုံးလို့ရပါတယ်။



Customization
App Drawer ကို Enable ပြုလုပ်ခြင်း။
NOUGAT ကို အဆင့်မြှင့်ထားတဲ့ P9 မှာ ဆိုရင် APP DRAWER ကို ENABLE လုပ်ရတာ လွယ်ပါတယ်။ SETTINGS> HOME SCREEN STYLE ထဲသွားပြီး ENABLE လုပ်ပါ။
NOTIFICATIONS များကို စီမံခန့်ခွဲပါ။
SETTINGS> NOTIFICATIONS AND STATUS BAR > NOTIFICATION MANAGER ထဲသွားရင် P9 မှာ အင်စတောလုပ်ထားတဲ့ APPS များရဲ့ NOTIFICATIONS များကို စီမံခန့်ခွဲနိုင်ပါတယ်။
INTERFACE ကို ပြောင်းလဲဖို့ SMART ASSISTANT ကို သုံးပါ။
Huawei ရဲ့ Smart Assistant ဟာ အလွန် ဥာဏ်ရည်မြင့်မားပါတယ်။ သူက သင်နှစ်သက်တဲ့ Interface များကို ပြောင်းလဲနိုင်အောင် ပြုလုပ်ခွင့်ပေးထားပါတယ်။ ဥပမာအားဖြင့် Navigation Button များကို Customize လုပ်နိုင်ပါတယ်။ Navigation Buttons များကို Floating Dock အဖြစ် သုံးနိုင်ပါတယ်။
လက်တစ်ဖက်ထဲနဲ့ သုံးလို့ရတဲ့ UI ကိုလည်း ဖန်တီးနိုင်ပါတယ်။ ဒါ့အပြင် လက်လှုပ်ရှားမှုဖြင့် အလုပ်များ လုပ်နိုင်ပါတယ်။ App တစ်ခုရဲ့ အရှေ့ဆုံး စာလုံးကို လက်ဖြင့် ရေးလိုက်တာနဲ့ အဲဒီ App ကို ဖွင့်နိုင်ပါတယ်။ ဖုန်းဝင်လာရင် မှောက်လိုက်တာနဲ့ အသံကို ပိတ်နိုင်ပါတယ်။
P9 Version အလိုက် လျှို့ဝှက် Customization စွမ်းဆောင်ချက်များစွာ ရှိပါတယ်။


အဲဒီအဆင့်များကို အောက်မှာ လေ့လာနိုင်ပါတယ်။
• Navigation buttons: Settings > Navigation.
• Home screen style: Settings > Home Screen Style.
• Font Size: Settings > Display > Font size.
• Brightness: Settings > Display > Brightness.
• Color temperature: Settings > Display > Color temperature.
• Status bar: Settings > Notifications and Status Bar > Show Operator Name and Battery Percentage.
• Wallpapers and widgets: Home Screen ပေါ်မှ လွတ်နေတဲ့ နေရာကို ဖိထားပြီး စကရင်အောက်မှာ ပြသထားတဲ့ အရာများမှ Customize လုပ်ချင်တဲ့ တစ်ခုကို ရွေးချယ်ပါ။
Other Tricks
Voice Commands များကို Activate လုပ်ပါ။
P9 ကို အသံဖြင့် ထိန်းချုပ်နိုင်ပါတယ်။ အဲဒီစွမ်းဆောင်ချက်ကို On ထားရင် ဖုန်းလက်ခံပြောခြင်း၊ ငြင်းပယ်ခြင်းများကို အသံဖြင့် ခိုင်းစေနိုင်ပါတယ်။ အသံဖြင့် ဖုန်းကို Wake လုပ်နိုင်ပါတယ်။ Wake-Up Command ကို သင့်စိတ်ကြိုက် သတ်မှတ်နိုင်တာက ပျော်စရာကောင်းပါတယ်။ သင့်ရဲ့ အသံကို မှတ်မိဖို့ သူ့ကို သင်ကြားပေးနိုင်ပါတယ်။
ဖုန်းကို အလိုအလျှောက် အဖွင့် ၊ အပိတ်လုပ်ဖို့ Schedule လုပ်ပါ။
Settings> Smart Assistant ထဲသွားပြီး Automatic Power ကို On ပေးပါ။ ပြီးရင် အချိန် သတ်မှတ်ပါ။ ညအိပ်ချိန်မှာ အလိုအလျှောက် ဖုန်းပိတ်ပေးပြီး မနက်အိပ်ယာထချိန်မှာ အဆင်သင့်ဖွင့်ပေးထားမှာပါ။
Apps များဖွင့်ဖို့ လက်ဗွေရာအာရုံခံ ကိရိယာကို သုံးပါ။


P9 ရဲ့ လက်ဗွေရာ အာရုံခံ ကိရိယာဟာ ဖုန်းကို Unlock လုပ်ဖို့သာ မဟုတ်ပါဘူး။ Settings> Fingerprint ID ထဲသွားပြီး ဓါတ်ပုံရိုက်ဖို့၊ ဖုန်းလက်ခံ ပြောဖို့နဲ့ အခြားအလုပ်များစွာကို သတ်မှတ်နိုင်ပါတယ်။
WiFi+ ကို သုံးပါ။
WiFi နဲ့ မိုဘိုင်းဒေတာ ၂ ခုကို ပေါင်းစည်း အသုံးပြုရင်တော့ အလွန် လျှင်မြန်စွာ ဒေါင်းလုပ်လုပ်နိုင်မှာပါ။
Facebook အကောင့် ၂ ခု သုံပါ။
Nougat နဲ့ EMUI 5.0 မှာပါတဲ့ စွမ်းဆောင်ချက်တစ်ခုက Facebook App တစ်ခုထဲမှာ အကောင့် ၂ ခု သုံးနိုင်တာ ဖြစ်ပါတယ်။ Battery Options ရဲ့ အောက်မှ Settings Menu မှာ Activate လုပ်နိုင်ပါတယ်။
App တစ်ခုကလွဲပြီး ကျန် Apps အားလုံးကို သတ်ပါ။
Huawei Emotion UI မှာ Task Switcher ကနေ App တစ်ခုကလွဲပြီး ကျန် Apps အားလုံးကို သတ်နိုင်ပါတယ်။ သုံးချင်တဲ့ App ကို အောက်ကို ဖိဆွဲထားပြီး Kill All Button ကို နှိပ်ပါ။
မျက်စိကို ကာကွယ်ပါ။
Blue Light ကို ဖယ်ရှားခြင်းဖြင့် ညအချိန် စာဖတ်ရာမှာ မျက်စိကို မထိခိုက်စေပါဘူး။ Eye Protection Mode က သင့်မျက်စိကို ကာကွယ်ပေးနိုင်ပါတယ်။
လက်တစ်ဖက်ထဲနဲ့ သုံးပါ။
P9 ဟာ သုံးရတာ သက်တောင့်သက်သာရှိပါတယ်။ ဒါပေမယ့် One Handed Use Mode က ပိုအဆင်ပြေစေမှာပါ။ Settings> Smart Assistance > One handed UI > View mini screen ထဲသွားပြီး Enable လုပ်ပါ။
Camera & Photos
ဓါတ်ပုံ လျှင်မြန်စွာ ရိုက်ပါ။
Unlock လုပ်စရာမလိုဘဲ လျှပ်တစ်ပြက်ရိုက်ချက်များ ရိုက်ချင်ရင်တော့ Low Volume Button ကို ၂ ချက်နှိပ်ပါ။




စကရင်ရှော့များကို လျှင်မြန်စွာ ရိုက်ပါ။
P9 မှာတော့ စကရင်ရှော့ရိုက်ဖို့ ခလုတ်အတွဲအစပ်များ နှိပ်ဖို့ မလိုတော့ပါဘူး။ ဖုန်းစကရင်ကို လက်ဆစ်နဲ့ ၂ ချက်ခေါက်လိုက်ရုံပါပဲ။ ဒီစွမ်းဆောင်ချက်ကို သုံးဖို့ Settings> Smart> Smart Screenshots မှာ Activate လုပ်ပါ။
Bokeh Effect ကို သုံးပါ။
P9 မော်ဒယ် ၃ လုံးစလုံးမှာ Bokeh Effect ကို သုံးနိုင်ပါတယ်။ အဲဒီ Effect ဟာ ဓါတ်ပုံတစ်ပုံမှ လူကဲ့သို့ အဓိက ကျတဲ့ အရာကို ကြည်လင်ပြတ်သားစေပြီး နောက်ခံကို မှုန်ဝါးအောင်လုပ်ပေးပါတယ်။
Filters
Filters များကို ဓါတ်ပုံများမှာ ထည့်သွင်းချင်သူများအတွက် Huawei က P9 ရဲ့ Camera App ထဲမှာ Filters များစွာ ထည့်ပေးထားပါတယ်။ ရိုက်ချင်တဲ့ အရာဝတ္ထုကို ကင်မရာဖြင့် ချိန်ရွယ်ပါ။ အစက်သုံးစက်ကို နှိပ်ရင် မတူညီတဲ့ Filter တစ်ခုစီပါတဲ့ Mode ၉ ခုကို အသုံးပြုနိုင်ပါတယ်။
Video
စမတ်ဖုန်းကနေ ဗီဒီယို ရိုက်ကူးရတာကို နှစ်သက်သူများအတွက် ဗီဒီယို အရည်အသွေးကို တိုးမြှင့်နိုင်တဲ့ နည်းလမ်းရှိပါတယ်။ Huawei က Default အားဖြင့် Full HD 1080p (16:9, Stereo) ဗီဒီယို အရည်အသွေးကို သတ်မှတ်ပေးထားပါတယ်။ အမြင့်ဆုံး အရည်အသွေးကို ပြောင်းဖို့အတွက် Camera App ကို ဖွင့်ပါ။ Video Mode ကို ပြောင်းပါ။ Settings ထဲသွားပြီး Full HD 1080p (16:9, Stereo, 60fps ) ကို ရွေးချယ်ပေးပါ။
Battery
ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပါ။
အရွယ်ကြီး မျက်နှာပြင်များဟာ ဘက်ထရီ စားပါတယ်။ P9 Model အားလုံးမှာ ဘက်ထရီ သက်သာစေတဲ့ Power Saving Modes များကို ထည့်ပေးထားပါတယ်။
• Energy Saving Mode : သူက နောက်ကွယ်မှ Apps များကို ပိတ်ပေးခြင်း၊ အသံ Effects များကို လျှော့ချပေးခြင်း၊ နောက်ကွယ်မှာ အီးမေးများ ဒေါင်းလုပ်လုပ်ခြင်းကို ပိတ်ပေးခြင်းများကို ပြုလုပ်ပေးပါတယ်။ Huawei ရဲ့ စမတ်ဘက်ထရီ ဖန်ရှင်ဟာ စွမ်းဆောင်ရည်ကို မထိခိုက်စေဘဲ ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပေးပါတယ်။
• Ultra : ဘက်ထရီ အလွန်နည်းနေတဲ့ အချိန်ကျမှ သူ့ကို သုံးဖို့ အကြံပေးပါတယ်။ သူ့ကို ON ထားရင် ဖုန်းပြောခြင်းနဲ့ စာပို့ခြင်းကိုသာ သုံးလို့ရပါတယ်။ အားသွင်းဖို့ ခက်ခဲတဲ့ နေရာဒေသများမှာ Ultra Power Saving Mode က အသုံးဝင်ပါတယ်။
• Low Resolution Savings : သူက Screen Resolution ကို လျှော့ချပေးပါတယ်။ Screen Resolution ကို 720×1280 အထိ လျှော့ချပေးနိုင်တဲ့အတွက် ဘက်ထရီ သက်တမ်းအလွန် အသုံးခံတယ်လို့ Huawei က ပြောပါတယ်။
• Close App After Lock Screen : သူက ဖုန်းကို Lock လုပ်တဲ့အခါမှာ နောက်ကွယ်မှ Apps အားလုံးကို ပိတ်ပေးပါတယ်။
Ref : androidpit


Huawei P10 ရဲ့ ထူးခြားချက် (၁၀) ချက်


လွန်ခဲ့တဲ့ (၅) နှစ်၊ ၂၀၁၁ ခုနှစ်တုန်းက အကောင်းဆုံး ဟွာဝေးဖုန်း ဟာ 8950 ပါ။ ၂၀၁၂ ခုနှစ်ကျတော့ 8812 ဟာ အကောင်းတကာ့ဆုံး အကောင်းဆုံး မော်ဒယ် ပါ။ အဲဒီ မော်ဒယ် ၂ ခု စလုံးဟာ အရမ်းလည်း “မာ” တယ်။ အကြမ်းခံတယ်။ ရေအပြည့်ဖြည့်ထားတဲ့ တိုင်ကီထဲပြုတ်ကျတာတောင် ပြန်ဆယ်၊ ပြန်ပြီး ဖွင့် ပြန်သုံးကြည့် ၊ ဘာဆိုဘာမှ မဖြစ်ခဲဘူး။ တော်တော်လေးကို သုံးလို့လည်း ကောင်းတယ်။
၂၀၁၃ ခုနှစ်ရောက်တဲ့အချိန်မှာတော့ အားလုံးရဲ့ အမြင်တွေလည်း ပြောင်းလဲသွားကုန်ပါပြီ။ အထူးသဖြင့် သုံးစွဲသူဖက်က လည်း ဈေးကြီးပေးမယ်။ အရည်အသွေးကောင်းကောင်း ပေး ဆိုတဲ့ အမြင်တွေ ပေါ်လာခဲ့သလို ကုမ္ပဏီဖက်ကလည်း ခပ်မိုက်မိုက် ထုတ်မယ်။ Limited Edition ပဲ ဖြစ်ရင် ဖြစ်ပါစေ။ ၀ယ်တဲ့သူ နည်းရင်လည်း နည်းပါစေ။ ဒီ Version ကို ဒီ ပရိသတ်ကိုပဲ သီးသန့် ရောင်းချင်လာတယ်။
ပြောရရင်တော့ Marketing နဲ့ ဈေးကွက်ဗျူဟာ တည်ဆောက်ပုံချင်းတွေဟာ ဆင်ဆင်တူတော့မလိုလိုနဲ့ ၁ နှစ်ပြီး ၁ နှစ် ပြောင်းလဲလာလိုက်တာ အခု ၂၀၁၇ ခုနှစ်မှာတော့ အရည်အသွေးရော ၊ ဈေးနှုန်း ရော ၂ ဖက်စလုံးက အစစ အရာရာ အဆင်ပြေမှသာ customer ကို ဆွဲခေါ်နိုင်မယ့် ခေတ် ကို ရောက်လာပါတော့တယ်။
အဲဒီလို အချိန်မျိုးမှာ အဖက်ဖက်ကို စိတ်ခေါ်နိုင်တော့မယ့် Huawei P10 ထွက်ပါတော့မယ်။ ဒါကြောင့် ဒီ ထူးခြားချက်တွေကို ပိုပြီး ထူးထူးခြားခြား ဖြစ်စေဖို့ ဆိုပြီး အခု တစ်ခေါက် ဆောင်းပါးမှာတော့ ဈေးနှုန်းကစပြီး လေ့လာကြည့်ကြရအောင် လား ။
huawei-p10-1
  • Release Date
ခန့်မှန်းရခက်တဲ့အထဲမှာ ရန်ကုန်မြို့ ရဲ့ မိုးလေ၀သ ရယ် ဟွာဝေး P စီးရီးတွေ ရဲ့ ထွက်ရှိချိန်ရယ် ပါဝင်မယ် လို့ ပဲ တင်စားရတော့မယ် ထင်ပါရဲ့ ။
  • Huawei P9 – April 29, 2016
  • Huawei P8 – April 15, 2015
  • Huawei P7 – June 7, 2014
  • Huawei P6 – June 18, 2013
ဒါဆိုရင် အဲဒီ စာရင်း အတိုင်း လေ့လာကြည့်မယ် ဆိုရင်တော့ Huawei P10 ဟာ ဧပြီလား၊ မေ- ဇွန် လား ။ တစ်ခုခုတော့ သေချာလျက်ရှိနေပါပြီး။ ဒီဘက်ခေတ်
နောက်ပိုင်းမှာတော့ ကုမ္ပဏီတွေဟာ အပြိုင်အဆိုင်တွေ များလာပြီး ကုမ္ပဏီငယ်လေးတွေကလည်း အရမ်းကို ဖွံ့ဖြိုးတိုးတက် လာနေတဲ့ အတွက်
မြန်မာဈေးကွက်မှာ နေရာတစ်ခု ကို ခိုင်ခိုင်မာမာ ရရှိထားတဲ့ Huawei အဖို့ကတော့ ဈေးကွက်နေရာဦးဖို့အတွက်ရော၊ အပြိုင်အဆိုင်အကြားမှာ ကြားမညပ်စေဖို့အတွက်ရော April မှာ ထွက်ရှိနိုင်တယ် လို့ ပဲ ခန့်မှန်းရမှာ ဖြစ်ပါတယ်။
အဲဒီကာလ မှာ သူ့ကို အဓိက ယှဉ်ပြိုင်မယ့် ပြိုင်ဘက်အနေနဲ့ Samsaung S8 နဲ့ LG G6 တို့  ရှိနေပြီး အောက်တိုဘာအတွင်းမှာ အိုင်ဖုန်း ရဲ့ မျိုးဆက်သစ်
စမတ်ဖုန်းတွေက စောင့်ဆိုင်းနေမှာ ဖြစ်ပါတယ်။
huawei-p10-2
  • ဈေးနှုန်း
၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ လ14 ရက် စာရင်းအရ  Huawei P9 Lite ဟာ မြန်မာငွေ 279,000 ကျပ်ရှိပါတယ်။  Huawei P9 ကတော့ ငွေကျပ် 559,000 တန်ဖိုးနှုန်း ရှိပါတယ်။ ဒါဟာ ထွက်ရှိခဲ့ပြီး ၆ လ အကြာမှာ ရရှိခဲ့တဲ့ ဈေးနှုန်း ဖြစ်ပါတယ်။
ဒါဆိုရင် အင်္ဂလန် နဲ့ အမေရိကန် မှာ စတင် ထွက်ရှိမယ့် Huawei P10 နဲ့ Huawei P10 Lite တွေ ဘယ်ဈေးတွေများ ရှိသွားလေမလဲ။
အခုလာမယ့် ဖေဖော်ဝါရီလအတွင်းမှာ MWC 2017 မှာ စတင်ပြသနိုင်ဖွယ်ရှိနေတဲ့ Huawei ထုတ်ကုန်အသစ်အတွက် Huawei ကုမ္ပဏီ အကြီးအကဲ Richard Yu ကိုယ်တိုင် ရှင်းလင်းပြသမယ့် သတင်းစာ ရှင်းလင်းပွဲတစ်ခု ကို ဖေဖော်ဝါရီလ ၂၇ ၊ ၂၀၁၇ ခုနှစ်မှာ ချိန်းဆိုထားတယ် လို့ သတင်းတစ်ပုဒ် အရ သိရပါတယ်။ အဲဒီ Confrence ကို နိုင်ငံတကာ က စာနယ်ဇင်းတွေ နဲ့ နည်းပညာဘလော့ဂါတွေကို ကုမ္ပဏီ က ဖိတ်ကြားထားခဲ့ပြီး အံ့သြဖွယ်ရာ ထုတ်ကုန်အသစ် အကြောင်း မိတ်ဆက်ပေးမယ် လို့ ဆိုထားပါတယ်။
MWC 2017 ဆိုတာ Mobile World Congress ကို အတိုကောက် သုံးနှုန်းတာပါ။  အရင်တုန်း က GSM wrold Congress လို့ လည်း လူသိများပါတယ်။ ကျင်းပပြုလုပ်ခဲ့တာ နှစ် ၃၀ ကျော်ကြာခဲ့ပါပြီ။ စပိန်နိုင်ငံ၊ ဘာစီလိုနာ မြို့မှာ ပြုလုပ်တာ ဖြစ်ပါတယ်။ တယ်လီဖုန်း၊ မိုဘိုင်း၊ တယ်လီကွန်၊ အော်ပရေတာတွေ နဲ့ နည်းပညာပိုင်း နဲ့ ပတ်သက်တဲ့ ထုတ်လုပ်တဲ့၊ တီထွင်တဲ့ ကုမ္ပဏီမှန်သမျှ လာရောက်ပြသလေ့ရှိပါတယ်။ ကမ္ဘာ့အကြီးဆုံး နည်းပညာ ပြပွဲတွေထဲက တစ်ခု အပါအ၀င်ဖြစ်ပါတယ်။
ဆိုတော့ ..
ဈေးနှုန်းတွေ က ဒီလို ရှိခဲ့ပါတယ်။
  • Huawei p9 – ဒေါ်လာ 530/ ပေါင် 449/ သြစတြေးလျ ဒေါ်လာ 799  နဲ့ စတင်ခဲ့ပါတယ်။
  • Huawei p10 – ဒေါ်လာ 650/ ပေါင် 550/ သြစတြေးလျ ဒေါ်လာ 900  နဲ့ စတင်ဖို့ များနေပါတယ်။
  • မြန်မာငွေ ဈေးနှုန်း နဲ့ ဆိုရင် ၆ သိန်း ၀န်းကျင်ပဲ ရှိဖို့ များပါတယ်။
huawei-p10-3
  • Design
ပြီးခဲ့တဲ့ P9  အမျိုးအစား မှာတော့ Huawei ဟာ ဒီဇိုင်းပိုင်း ဟာ သိတ်ကို ထူးခြားလှခဲ့တာ မရှိပါဘူး။ ဒီဇိုင်း ကို သာ အမှတ်ပေးရမယ် ဆိုရင် ကနဦး
ပေါ်ပေါက်ခဲ့တဲ့ Huawei P6 Ascend နဲ့ Honor တို့ကို ပဲ အမှတ်ပြည့်ပေးရမှာ ဖြစ်ပါတယ်။  အခု P10 ကိုလည်း P9 ပုံစံ ချိုးထားပါတယ်။ P9 မှာက ဖုန်းရဲ့ ထောင့်စွန်းတွေဟာ အကွေးလေးတွေ နဲ့ တည်ဆောက်ထားပါတယ်။ ထောင့်မှန်စတုဂံ ပုံစံကို Cured နည်းနည်းကျဉ်းထားတဲ့ ပုံစံပါ။ P9 မှာ ဖုန်း ရဲ့ နောက်ကျောမှာ Dual cameraနဲ့ လက်ဗွေအာရုံခံစနစ် ပါရှိခဲ့ပါတယ်။ Weibo လူမှုကွန်ယက် နဲ့ အွန်လိုင်းပေါ်မှာ Rose Gold အရောင် P10 တစ်ခု
ပေါက်ကြားခဲ့ပြီး Leaked Photos တွေအရ အခု P10 မှာ ကင်မရာပိုင်း အတွက် လက်တွဲခဲ့တဲ့ ဂျာမနီကုမ္ပဏီ ဖြစ်တဲ့ Leica ရဲ့ လိုဂို ကို ဖြုတ်ပယ်ထားခဲ့ပါတယ်။
အဲဒီအတွက် Huawei ပရိသတ်တွေ ကျေနပ်နှစ်သိမ့်မှု ရှိစေမှာ ဖြစ်ပါတယ်။
huawei-p10-6
  • Diplay
Huawei P10 ဟာ မျက်နှာပြင် ၅.၅ လက်မ နဲ့ လာပါလိမ့်မယ်။ Quad HD res ဖြစ်ပါမယ်။ အရင် P9 မှာ မျက်နှာပြင် 5.2 လက်မ ရှိခဲ့ပြီး Res က 1920×1080 pixels ရှိခဲ့ပါတယ်။ P9 ကို LCD နဲ့ပြုလုပ်ထားပြီး Multitouch ရပါတယ်။ အရောင်ပိုင်း စီမံခန့်ခွဲမှု 16M အထိ ပါဝင်ပါတယ်။ Pocket lint ရဲ့ ခန့်မှန်းချက် အရ P10 ဟာ စံချိန်မှီ ၊ တန်းမြင့် အရည်အသွေး ဖြစ်လာနိုင်တဲ့အတွက် 2560 x 1440 Res ထုတ်ပေးဖို့ များနေပါတယ်။
ထွက်ပေါ်လာခဲ့တဲ့ ပုံရိပ်တွေ အရ အမြင် နဲ့ ပေါင်းစပ်မှု အပိုင်း ဟာ သိတ်တော့ အနိမ့်စားထဲမှာ မပါဝင်ခဲ့ပါဘူး။
Ultrasonic fingerprint sensor ရဲ့ နည်းပညာ ကို အသစ်အဆန်း အနေနဲ့ Fan တွေ မြည်းစမ်းခွင့် ရလာနိုင်ပါတယ်။
huawei-p10-4

  • Software
P9 မှာ Android 6.0 (EMUI 4.1) ကိုအသုံးပြုထားပါတယ်။ အခု P10 မှာတော့ မဖြစ်မနေ Android Nougat 7.0 ကို သုံးစွဲရတော့မှာ ဖြစ်ပါတယ်။ နောက်တစ်ကြောင်း ကတော့ Huawei မှာ ရှိနေတဲ့ နောက်ထပ် ထုတ်ကုန်တစ်ခု ဖြစ်တဲ့ Mate 9 ကိုလည်း အောင်မြင်စေချင်သေးတဲ့အတွက် ကျစ်လစ်ရမှာ ဖြစ်ပေမယ့် အခု အချိန်က အရင်ခေတ်ကလို မဟုတ်ဘဲ အပြိုင်အဆိုင်တွေ များပြားလာနေပြီး Spec တွေကို ကျစ်လစ်ဖို ၊ ချုံ့ဖို့ထက် ပိုကောင်းအောင် လုပ်ဖို့ပဲ စဉ်းစားရတော့မယ့် အချိန်ရောက်ရှိလာတဲ့အတွက် P10 မှာ ခိုထားတဲ့ Spec တွေ မြင်လာရဖို့ မရှိပါဘူး။
huawei-p10-7
  • Hardware
4GB RAM ကို အတွင်း သိုလှောင်မှု 64GB ၊ 6GB ကို အတွင်း သိုလှောင်မှု 128GB တွေ နဲ့ လာနိုင်တယ် လို့ ခန့်မှန်းကြပါတယ်။
2.3GHz octa-core ကို သုံးစွဲပါလိမ့်မယ်။
  • Processor/storage
ဆီမီးကွန်ဒပ်တာတွေ ထုတ်လုပ်တဲ့ HiSilicon ရဲ့ အထူး ထုတ်ကုန် ဖြစ်တဲ့  Kirin 960 chip ကို သုံးစွဲသွားဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ P9 မှာတုန်းက Kirin 955 processor ကို သုံးစွဲခဲ့ပါတယ်။ စမ်းသပ်ချက်တွေအရ P9 ဟာ အတော့်ကို မြန်ပြီး အဲဒီ မြန်ဆန်မှုတွေ နောက်က တခြား Side Effect တွေလည်း နည်းပါးခဲ့ပါတယ်။
အဲဒီအတွက် Version အသစ် မှာ HiSilicon နဲ့ ပဲ ဆက်လက်လက်တွဲသွားနိုင်ဖွယ်ရာ ရှိနေတယ် လို့ ယူဆရပါတယ်။
phpj1i3rm
  • Camera
ကင်မရာ ပိုင်း ကတော့ P9 ကို ချီးကျူးးဖို့ အပြင် တခြား စကားကို ရှာမရခဲ့တာ အမှန်ပါပဲ။ P9 ဟာ ဖုန်း အနောက်ဘက်ခြမ်းမှာ Camera နှစ်လုံးတပ်ဆင်ထားခဲ့ပါတယ်။ အဲဒီတုန်း က Lens ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Leica နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဖုန်းနောက်ဘက်ခြမ်းက Camera ၂ လုံးအနက် တစ်လုံးက အရောင်အသွေးစုံဖမ်းယူရိုက်ကူးနိုင်တဲ့ RGB Camera ဖြစ်ပြီး ကျန်တစ်လုံးကတော့ Monochrome Camera ကိုတပ်ဆင်ပေးထားပါတယ်။ Dual Camera ဆိုတဲ့ အသံတွေကို သုံးစွဲသူတွေ ကြားမှာ အောင်မြင်အောင် တည်ဆောက်ထားနိုင်ခဲ့တဲ့ P9 ဟာ ကြော်ငာတာနဲ့ အညီ အမှန်တကယ်လည်း စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ကင်မရာ အရည်အသွေး တွေ ပါရှိပါတယ်။ အနာက် ဖက် ကင်မရာ dual ကင်မရာစနစ် မှာ သုံးစွဲထားတဲ့ Mega Pixel ဟာ 12 ဖြစ်ပြီး ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲ Leica software ကိုထည့်သွင်းပေးထားပါတယ်။အရှေ့ဖက်ကင်မရာ ကတော့ 8 Megapixel ဖြစ်ပါတယ်။ 
ဒီကင်မရာ လုပ်ဆောင်ချက်ကြောင့် ပဲ Dual ကင်မရာ လုပ်ဆောင်ချက်ပိုင်းမှာ iPhone 7 လိုမျိုးပဲ အမှတ်အသား ပြုခံခဲ့ရတဲ့ Huawei ရဲ့ ထုတ်ကုန်အသစ် အဖြစ် လာတော့မယ့် P10 ဟာ P9 ရဲ့ ကောင်းသတင်းတွေကို အမွေဆက်ခံဖို့ အဆင်သင့်ဖြစ်ပီလား လို့ ကြည့်ရအောင်။
အရှေု့ဖက် ကင်မရာ 8 Megapixel၊ ကျောဘက် ကင်မရာကိုလည်း Dual Camera 12 Mega pixel အဖြစ် ဆက်လက် ခန့်မှန်းထားခဲ့ပါတယ်။ တခြား အထူးအထွေ မခန့်မှန်းထားကြပေမယ့် GR5 မှာ ရှိတဲ့ အမိုက်စား ၊ အလန်းစား လုပ်ဆောင်ချက် တချို့ က P10 ကို ကူးပြောင်း အိမ်ဖွဲ့ လာနိုင်တယ် လို့ လည်း ခန့်မှန်းထားကြပါတယ်။
thing
  • Battery
Huawei P9 ဟာ Non-removable Li-Ion 3000 mAh battery သုံးစွဲခဲ့ပါတယ်။
Huawei P9 plus ကို 3,400 mAh Battery တပ်ဆင်ပေးထားပါတယ်။
ဒါကြောင့် Huawei P10 ဟာ 3400 mAh အထက် ပေါင်းစပ်လာပါလိမ့်မယ်။
  • Extra
အခု ဖော်ပြထားတဲ့ သတင်းတွေဟာ အားလုံး က ခန့်မှန်းသတင်းတွေချည်းပါပဲ။ နိုင်ငံတကာ က ရှိနေတဲ့ P10 သတင်းတွေဟာလည်း ခန့်မှန်းတွေပါပဲ။ ဒါပေမယ့် အားလုံးကို ကျိုးကြောင်း ဆက်စပ်ပြီး တွေးတောလိုက်တဲ့ အခါမှာတော့ Product Rumors လို့ ခေါ်တဲ့ ထုတ်ကုန်ခန့်မှန်းသတင်းတွေ ဟာ ၈၀ ရာခိုင်နှုန်းအ ထိ မှန်ကန်မှု ရှိခဲ့ပြီး ၆၅ ရာခိုင်နှုန်း အထိ ယုံကြည်ပါတယ်။

  • P9 ဟာ Ceramic White, Titanium Grey, Mystic Silver, Haze Gold, Prestige Gold, and Rose Gold အရောင်တွေ ရှိခဲ့ပါတယ်။
  • p10 အတွက် စတင်ပေါ်ပေါက်ခဲ့တဲ့ အရောင် က Rose Gold ပါ ။ ပန်းသွေးကြွယ်တဲ့ ရွှေနှင်းဆီရောင် ပါ။
ပြီးခဲ့တဲ့ နှစ် အခု လို အချိန်မှာ P9 သတင်းတွေ ပေါ်ပေါက်လာခဲ့ပြီး ထင်ထားတာနဲ့ အနည်းငယ်လွဲတာမျိုးတွေပဲ ရှိပါတယ်။ ပြီးခဲ့တဲ့ Huawei Huawei P9 ကို Huawei P9 နဲ့ P9 Plus ဆိုပြီး အမျိုးအစား ၂ မျိုးနဲ့ ထုတ်ပါတယ်။ ပြီးတော့ P9 Lite ဆိုပြီး နောက်တစ်မျိုး ထုတ်ခဲ့ပါသေးတယ်။
  • Huawei P9 – Screen size – 5.2″ RAM 3GB-Storage 32GB/4G-Storage 64GB
  • Huawei P9 plus  –  Screen Size – 5.5″ RAM 4GB/Storage 64GB

ဒါဆို ရင် Huawei P10 မှာ လာနိုင်တဲ့ မျိုးကွဲတွေအနနဲ့ ..
  • Huawei P10 – Screen size – 5.5″ RAM 6GB-Storage 64GB/8GB -Storage 128GB
  • Huawei P10 plus
  • Huawei P10 Edge
တွေ ပေါင်းစပ် ထုတ်လုပ်လာနိုင်တယ် ဆိုရင်လည်း အံ့သြစရာ မရှိပေမယ့် P10 Edge ကတော့ High Tech Level ဖြစ်သွားနိင်ပါတယ်။



Ref : Huawei , Tech radar , insider, inquirer, GSM areana, PC advisor,Win Mobile World, Pocket-lint

Digital Time မှ ကူးယူမျှဝေပါသည်။