အီးတက်တူးကနေ တဆင့် မိုဘိုင်းဖုန်းကို ထိန်းချုပ်နိုင်
SkinMarks လို့ ခေါ်တဲ့ အီးတက်တူးတွေ ဟာ အရေပြားပေါ်ကနေတဆင့် ကိုယ့်မိုဘိုင်းဖုန်း ကို ထိန်းချုပ်သွားလိုရနိုင်ပြီ ဖြစ်တယ် လို့ ဆိုပါတယ်။
လက်ရှိထွက်ပေါ်နေတဲ့ အီးတက်တူးတွေဟာ အမှန်စစ်စစ်တော့ အားကောင်းတဲ့ ကော်တစ်မျိုးကို သုံးစွဲထားတဲ့ ကပ်ခွာတက်တူးတွေ သာ ဖြစ်ပါတယ်။ ဒါပေမယ့် customize မလုပ်ပဲ ကိုယ့်စိတ်ကြိုက်လည်း တက်တူး ရေးထိုးလို့ရနိုင်ပါတယ်။ အခုတော့ အဲဒီလို စိတ်ကြိုက်ရေးထိုးထားနိုင်တဲ့ အီးတက်တူးတွေကနေ တဆင့် အဆင်မြှင့် အာရုံခံနည်းပညာတွေ ကို အသုံးချပြီး မိုဘိုင်းဖုန်းတွေကို ထိန်းချုပ်လို့ ရနိုင်ပြီ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေကို ထိန်းချုပ်သွားနိုင်တဲ့အတွက် ကိုယ့်အရေပြားပေါ်မှာ ထိုးထွင်းထားတဲ့ (အိမ်သော့လိုမျိုး ဆိုပါတော့..) တက်တူးကနေ တဆင့် ကိုယ့်ရဲ့ စမတ်အိမ် နဲ့ လူနေမှုဘ၀ ပုံစံကို အများကြီး ပြောင်းလဲသွားနိုင်ပြီ ဖြစ်တယ် လို့ ဆိုပါတယ်။
ယခု SkinMarks က စမ်းသပ်နေတဲ့ ပရောဂျက်အဆင့်ကတော့ မိုဘိုင်းဖုန်း သုံးစွဲဖို့ မလိုဘဲ ကိုယ့်ရဲ့ တက်တူး ရေးထိုးထားနေရာပေါ်မှာ အီးမေးလ် ဘယ် နှစောင်ရောက်တယ်။ ဘယ်သူက ကွန်မန့်ပေးသွားသလဲ။ ဘယ်သူ့ကို ဖုန်းခေါ်ရမလဲ စတာတွေကို ပြသညွှန်းဆိုပေးမှာ ဖြစ်တယ် လို့ ဆိုပါတယ်။
Ref : Geek
Credit - DigitalTimes



No comments:
Post a Comment