Friday, March 3, 2017

၁၅ မိနစ်တည်းနဲ့ အားအပြည့်သွင်းနိုင်မယ့် ကမ္ဘာ့အမြန်ဆုံးနည်းပညာတစ်ရပ်ကို ထုတ်ဖော်ပြသလိုက်တဲ့ OPPO

===============================================

တရုတ်စမတ်ဖုန်းကုမ္ပဏီ OPPO ဟာ စမတ်ဖုန်းတစ်လုံးကို ၁၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ့် နည်းပညာသစ်တစ်ရပ်ကို တီထွင်ထားကြောင်း ကြေငြာလိုက်ပါတယ်။ ဒီတစ်ပတ်ထဲ စပိန်နိုင်ငံ ဘာစီလိုနာမြို့ မှာ ကျင်းပနေတဲ့ ကမ္ဘာ့မိုဘိုင်းလ်ထုတ်ကုန်ပြပွဲမှာ OPPO ကုမ္ပဏီဟာ ကမ္ဘာ့အမြန်ဆုံး ဘက်ထရီအားသွင်းနည်းပညာသစ် Super VOOC Flash Charge ရဲ့ နမူနာ prototype ကို ထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်။



Super VOOC Flash Charge ဟာ 2500 mAh ဘက်ထရီနဲ့ တွဲသုံးနိုင်တဲ့ နည်းပညာသစ်တစ်ရပ်ဖြစ်ပြီး MicroUSB ဖြစ်စေ USB-Type C ကြိုးနဲ့ ဖြစ်စေ အားသွင်းနိုင်မှာပါ။ ဒီနမူနာ prototype ဟာ လက်ရှိအားသွင်းနည်းပညာသမိုင်းမှာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။Apple ရဲ့ iPhone 6s မှာဆိုရင် Apple ထုတ် standard charger ကို သုံးပြီး တစ်ခါအားအပြည့်သွင်းဖို့ ကို နှစ်နာရီကျော် အချိန်ယူပါတယ်။ OPPO ကနေ တီထွင်လိုက်တဲ့ ဒီနည်းပညာဟာ ဖုန်းရဲ့ ဘက်ထရီ ၊ ဟာ့ဒ်ဝဲလ် နဲ့ ဒါတွေအားလုံးကို ထိန်းချုပ်တဲ့ ဆော့ဖ်ဝဲလ်တို့ ကို စုပေါင်းပြီး တစ်ခုချင်းရဲ့ performance ကို အကောင်းဆုံးဖြစ်အောင် တီထွင်ထားတာ ဖြစ်ပါတယ်။ ဒီနည်းပညာမှာ ဗို့ အားအနိမ့်နဲ့ အားသွင်းနိုင်တဲ့ charging algorithm နဲ့ ဘေးကင်းစိတ်ချပြီး အမြန်အားသွင်းနိုင်ဖို့ အထူးထုတ်ထားတဲ့ 2500 mAh ဘက်ထရီတို့ ကို သုံးထားပါတယ်။
OPPO ကတော့ ဒီ feature ဟာ တစ်ခြားကုမ္ပဏီထုတ် အားသွင်း fast charger တွေမှာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီနည်းပညာဟာ fast charging ကြောင့် အမြန်အားဝင်စေခြင်း နဲ့ ဖုန်း screen အလင်းတောက်ပစေမှုတို့ ကို တပြိုင်နက်တည်းသုံးခြင်းကြောင့် အပူချိန်တက်လာပြီး ဖုန်းအားကျတဲ့ပြဿနာကိုလည်း ရှင်းပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဖုန်းအားသွင်းရင်း ဂိမ်းဆော့လို့ အပူလွန်ကဲပြီး ဖုန်းဘက်ထရီအားမခံတဲ့ ကိစ္စကိုလည်း ဒီနည်းပညာက ဖြေရှင်းပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ OPPO ဟာ ဒီနည်းပညာနဲ့ ဆက်စပ်တဲ့ မူပိုင်ခွင့် ၁၈ ခုကို မှတ်ပုံတင်ထားပါတယ်။ နောက်ထွက်လာမယ့် OPPO ဖုန်းများမှာ ဒီဖုန်းအားသွင်းနည်းပညာကို သုံးသွားမယ်ဆိုပေမယ့် တစ်ခြားအချက်အလက်အသေးစိတ်များ အကြောင်း မသိရသေးပါဘူး။

 



OPPO ဟာ တရုတ်ပြည်မှာ အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီစာရင်းဝင် ကုမ္ပဏီကြီး ဖြစ်ပြီး ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာလည်း ရောင်းအားအကောင်းဆုံးဖုန်းများထဲမှာ ပါဝင်နေပါတယ်။ ယခုနှစ်ထဲမှာတော့ OPPO ဟာ ပြည်တွင်းဈေးကွက်သာမက အနောက်ဥရောပဈေးကွက်များဆီပါ ခြေလှမ်း လှမ်းနေပြီ ဖြစ်ပါတယ်။
ယခုနှစ် MWC 2017 ပွဲမှာ OPPO စမတ်ဖုန်းကုမ္ပဏီကလည်း စမတ်ဖုန်းကင်မရာနည်းပညာသစ်ဖြစ်တဲ့ 5x နည်းပညာကို မိတ်ဆက်ကြေငြာခဲ့ပါတယ်။ selfie ကို အသားပေးထုတ်လုပ်သွားတဲ့ စမတ်ဖုန်းများဖြစ်တဲ့ OPPO F1 , F1 Plus နဲ့ F1s တို့ ကြောင့် နာမည်ကြီးခဲ့တဲ့ OPPO ဟာ 5x နည်းပညာသစ်ကြောင့် ကင်မရာစနစ်အကြိုက်ရွေးချယ်တဲ့ ဖောက်သည်များအတွက် မျက်စိကျစရာဖြစ်လာမှာပါ။



 ဒါ့အပြင် စမတ်ဖုန်းဈေးကွက်ရဲ့ ပြဿနာတစ်ရပ်ဖြစ်တဲ့ ဘက်ထရီအားမခံတဲ့ ပြဿနာကိုလည်း super VOOC flash charging နည်းပညာနဲ့ ဈေးကွက်ကို တိုးပြီး ဆွဲဆောင်လာပြီ ဖြစ်ပါတယ်။

Duwun မှ ကူးယူမျှဝေပါသည်။

No comments:

Post a Comment