iOS နဲ့ Android အတွက် Pokemon Duel ဂိမ်းအသစ်ထွက်ရှိလာ
Legendary Pokemon တွေအစ ဒီဂိမ်းထဲမှာပါဝင်ပြီး Pokemon အရုပ်လေးတွေရဲ့ ဒီဇိုင်းပုံစံကလည်း ချစ်စရာကောင်းပါတယ်။ Board ဂိမ်းအမျိုးအစားဖြစ်ပြီး Board ပေါ်မှာ အကွက်တွေရွေ့ကာ Pokemon အချင်းချင်း တိုက်ခိုက်ရမှာဖြစ်ပါတယ်။ Multi-Player Online ဂိမ်းသဘောမျိုးပါဝင်မှာဖြစ်တဲ့အတွက် head-to-head လည်းစိမ်ခေါ်လို့ရပါသေးတယ်။
Apple App Store နဲ့ Google Play Store ပေါ်မှာ အခမဲ့ ဒေါင်းလုဒ်ရယူနိုင်ပြီး ထုံးစံအတိုင်း in-app purchase တွေလည်း ပါဝင်လာမှာပါ။ Android 4.1 နဲ့ အထက် အသုံးပြုထားတဲ့ ဖုန်းတွေမှာ ထည့်သွင်းဆော့ကစား နိုင်ပြီး အောက်မှာဖော်ပြထားတဲ့ စမတ်ဖုန်းတွေမှာတော့ ထည့်သွင်းဆော့ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
- Sony Tablet S
- Motorola Xoom MZ604
- Optimus Pad L-06C
- Eee Pad Transformer TF101
- ICONIA TAB A200-S08G
- Motorola Photon 4G MB855
- MediaPad Youth (hws7701w)
- Yota Phone 2 (YD201)
- ZenFone 2 (ZE551ML)
- SHARPAQUOS CRYSTAL X SG402SH
Ref: Ubgm
No comments:
Post a Comment