Android 7.0 Nougat အတွက် Tips & Tricks များ
1.Quick Reply
Messenger တွေကို ဖွင့်စရာ မလိုတော့ပါဘူး။ Notification Bar ကနေ စာပြန်နိုင်ပါပြီ။ လက်ရှိ သုံးနေတဲ့ App ကို ပိတ်စရာမလိုတော့တဲ့အတွက် အရမ်း အသုံးဝင်ပါတယ်။
.
2.ဘက်ထရီ သက်တမ်း ကြာရှည်ခြင်း
Doze စွမ်းဆောင်ချက် အသစ်ဟာ မလိုအပ်ဘဲ Run နေတဲ့ Apps များကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ပိတ်ပင်တားဆီးပေးပါတယ်။ Android 6.0 မှာတော့ ဖုန်းဟာ လှုပ်ရှားမှု မရှိတဲ့ အချိန်မျိုးမှာသာ Doze က အလုပ်လုပ်ပါတယ်။ Android 7.0 မှာတော့ အိတ်ထဲထည့်ပြီး လမ်းလျှောက်နေရင်တောင် အလုပ်ဖြစ်ပါတယ်။ ဘက်ထရီ သက်တမ်းကို ၁၀ ကနေ ၂၅ ရာခိုင်နှုန်း အထိ ပိုမို ကြာစေပါတယ်။
.
3.Multitasking
Samsung Galaxy Note Series များမှာ App ၂ ခုကို ဘေးချင်းယှဉ် သုံးလို့ရတဲ့ Multitasking စွမ်းဆောင်ချက်ပါပါတယ်။ အခုတော့ Android 7.0 မှာ Multitasking ပါလာပါပြီ။ App တစ်ခုကို သုံးနေစဉ်မှာ Navigation Bar ရဲ့ ညာဘက်မှ Overview Button ကို နှိပ်၍ ဘေးချင်းယှဉ် သုံးမယ့် App ကို ရွေးပေးလိုက်ရုံပါပဲ။
.
4.Quick App Switch
Overview Button ကို နှစ်ချက်နှိပ်ရင် နောက်ဆုံး သုံးခဲ့တဲ့ App ကို ပြန်သုံးနိုင်လာပါပြီ။ အရင်တုန်းကထက် App တွေ ပြောင်းသုံးရတာ ပိုမြန်လာပါတယ်။
.
5.Emoji အသစ်များ
Unicode 9 ကို အဆင့်မြှင့်လိုက်တဲ့အတွက် Emoji အသစ် ၇၂ ခု ပါလာပါတယ်။ အားလုံးပေါင်း ၁၅၀၀ ကျော်ရှိပါပြီ။
.
6.Quick Settings ကို ပြင်ဆင်ခြင်း
Quick Settings မှာ သင် အသုံးအများဆုံး ၅ ခုကို စိတ်ကြိုက်ပြင်ဆင် သတ်မှတ်နိုင်ပါပြီ။ Quick Settings ရဲ့ ညာဘက်အောက်ခြေမှ Edit ခလုတ်ကို နှိပ်ပြီး အိုင်ကွန်များကို လက်ဖြင့် ဖိပြီး နေရာပြောင်းပါ။
.
7.System UI Tuner
Notification Bar မှ အိုင်ကွန်များ၊ Do Not Disturb Setting နဲ့ Split-Screen Multitasking အတွက် အပေါ်သို့ ပွတ်ဆွဲတဲ့ Gesture တို့ကို ပြင်ဆင်ချင်ရင် System UI Tuner ကို သုံးနိုင်ပါတယ်။ အဲဒါကို Activate လုပ်ဖို့ Quick Settings ထိပ်မှ စက်သွား ခလုတ်ကို ၃ ကနေ ၅ စက္ကန့် အထိ ဖိထားပါ။ Main Settings ထဲသွားရင် System UI Tuner ကို တွေ့ရမှာပါ။
.
8.Power Notification Controls
System UI Tuner ထဲမှာ Power Notification Controls လို့ ခေါ်တဲ့ Notification များကို သီးခြားစီ ထိန်းချုပ်နိုင်တဲ့ Setting ပါပါတယ်။ အဲဒီ စွမ်းဆောင်ချက်က Notifications ရဲ့ အရေးကြီးမှုကို ခွဲခြမ်းစိတ်ဖြာပေးနိုင်တဲ့အတွက် သင်တကယ်လိုအပ်တဲ့ Notification များကိုသာ မြင်ရမှာပါ။
.
9.Data Saver
မိုဘိုင်းဒေတာ သက်သာစေတဲ့ Data Saver စွမ်းဆောင်ချက် ပါလာပါပြီ။ Data Usage ကဏ္ဍအောက်မှာ အဲဒီ စွမ်းဆောင်ချက်ကို ဖွင့်နိုင်ပါတယ်။ သူက နောက်ကွယ်ကနေ ဒေတာများ ပေးပို့ ၊ ရယူနေတဲ့ App များကို ပိတ်ပေးပြီး လက်ရှိ သုံးနေတဲ့ App ရဲ့ ဒေတာ အသုံးပြုမှုကိုလည်း လျှော့ချပေးပါတယ်။ အချို့ Apps များကို Whitelist ထဲ ထည့်ထားနိုင်ပါတယ်။
.
10.DPI နဲ့ ဖောင့် အရွယ်အစားကို ပြင်ပါ။
စကရင်မှ စာသားနဲ့ အိုင်ကွန်များဟာ အလွန်ကြီး သို့မဟုတ် အလွန်သေးနေရင် ချိန်ညှိနိုင်ပါတယ်။ Display Size Setting က အကြီးချဲ့ပေးပြီး Font Size Setting က ဖောင့်အရွယ်အစားကို ချိန်ညှိနိုင်ပါတယ်။
.
11.Cat Collecting Game
Android 7.0 မှာ ကြောင် အစာရှာတဲ့ ဂိမ်းတစ်ခု ပါလာပါတယ်။ ပရိုဂရမ်တွေရဲ့ Easter Egg တစ်ခုပါပဲ။ အဲဒီဂိမ်းကစားဖို့ အတွက် Settings ထဲက About ကို သွားပါ။ Android Version Number ကို ၃ ကြိမ်နှိပ်ရင် N Logo ကြီးကို တွေ့ရမှာပါ။ ကြောင် Emoji ပေါ်လာတဲ့ အထိ လိုဂိုကို ဆက်တိုက် နှိပ်ပါ။
…
KTY
Ref : The Guardian
Digital Times မှ ကူးယူမျှဝေသည်။
No comments:
Post a Comment